”တိုင်းပြည်ရဲ့ အခြေအနေကတော့ လူတိုင်းလည်းသိပါတယ်။ သိပေမယ့်လည်း လက်ရှိအစိုးရက စီးပွားရေးတွေ ကြိုးစားပြီး တော့ လုပ်နေပါတယ်။ ဒါပေမယ့် အခြေမတည်နိုင်သေးဘူး။ တည်ငြိမ်အောင် မလုပ်နိုင်သေးဘူး”

”တိုင်းပြည်ရဲ့ အခြေအနေကတော့ လူတိုင်းလည်းသိပါတယ်။ သိပေမယ့်လည်း လက်ရှိအစိုးရက စီးပွားရေးတွေ ကြိုးစားပြီး တော့ လုပ်နေပါတယ်။ ဒါပေမယ့် အခြေမတည်နိုင်သေးဘူး။ တည်ငြိမ်အောင် မလုပ်နိုင်သေးဘူး”
December 28, 2016 Asian Fame

11:51 am
”တိုင်းပြည်ရဲ့ အခြေအနေကတော့ လူတိုင်းလည်းသိပါတယ်။ သိပေမယ့်လည်း လက်ရှိအစိုးရက စီးပွားရေးတွေ ကြိုးစားပြီး တော့ လုပ်နေပါတယ်။ ဒါပေမယ့် အခြေမတည်နိုင်သေးဘူး။ တည်ငြိမ်အောင် မလုပ်နိုင်သေးဘူး”

usdp2

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ အာဏာရအစိုးရ၏ အဓိကအတိုက်အခံပါတီဖြစ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထိပ်တန်းခေါင်းဆောင်အချို့အား popular news ဂျာနယ်က သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသည်။ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေး၊ နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမြင့်စိုးနှင့် ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါက်တာဝင်းအောင်ကျော်တို့အား မျက်နှာစုံညီ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ခြင်းပင်။ ထိုသို့ တွေ့ဆုံမေးမြန်းခွင့်ရသည်နှင့်အမျှ မိမိတို့သိလိုသည့်အချက်များ၊ ကိစ္စရပ်များကို စာဖတ်ပရိသတ်အား ပြန်လည်တင်ပြရန်အတွက် စုံလင်စွာမေးမြန်းခဲ့ပါသည်။ ထိုသို့ တွေ့ဆုံမေးမြန်းခဲ့ခြင်းများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမြင့်စိုးနှင့် ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါက်တာဝင်းအောင်ကျော်တို့၏ ဖြေကြားချက်များကို ယခုအပတ်တွင် ဖော်ပြလိုက်ရပါကြောင်း။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာဝင်းအောင်ကျော်
(ပါတီစီးပွားရေးဆိုင်ရာ ကော်မတီဝင်)

နိုင်ငံစီးပွားရေး အခြေအနေအပေါ်အမြင်။ အစိုးရကရော ဘာလုပ်သင့်လဲ။

တိုင်းပြည်ရဲ့ အခြေအနေကတော့ လူတိုင်းလည်းသိပါတယ်။ သိပေမယ့်လည်း လက်ရှိ အစိုးရက စီးပွားရေးတွေကြိုးစားပြီးတော့ လုပ်နေပါတယ်။ ဒါပေမယ့် အခြေ ၏မတည်နိုင်သေးဘူး။ တည်ငြိမ်အောင် မလုပ်နိုင်သေးဘူး။ ဘာ့ကြောင့် ဒီလိုပြောရလဲ ဆိုတော့ အချို့လုပ်ငန်းတွေ ရပ်ဆိုင်းထား တာတွေ တွေ့ရှိရပါတယ်။ အချို့သောလုပ်ငန်းတွေဆိုရင် ရပ်ဆိုင်းထားလိုက်တာတွေ တွေ့ရှိပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ ရပ်လိုက်ရတယ်။ နောက်တစ်ခါ သတ္တုကဏ္ဍတွေ၊ သစ်တောကဏ္ဍတွေ ရပ်ဆိုင်းလိုက်ရတာတွေ တွေ့ရှိရပါတယ်။ နောက်တစ်ခါ စီမံမှုအပိုင်းတွေနဲ့ ပတ်သက်ပြီး ခုလို ရပ်စဲလိုက်တာတွေ ရှိပါတယ်။

ဒီဟာတွေကို မှီခိုပြီး လုပ်နေရတဲ့ မိသားစုဝင်တွေ ရှိပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းဆိုတာ အကြီးဆုံးတစ်ခုအနေဖြင့် လည်း ပါဝင်နေပါတယ်။ ဒါကိုမှီခိုနေတဲ့ မိသားစုဝင်တွေ၊ အခြေခံလူတန်းစားတွေ၊ အောက်ခြေလူတန်းစားတွေအတွက် တိုက် ရိုက်အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ ဒီဟာတွေကိုလည်း ဘယ်လိုအဆင်ပြေအောင် လုပ်ရမလဲဆိုတာကလည်း အစိုးရအနေဖြင့် အဆင်ပြေအောင်လုပ်ဖို့ပဲရှိပါတယ်။ နောက် တစ်ခုက ကျွန်တော်မနေ့ညက ဖတ်မိတာ လေးကတော့ နိုဝင်ဘာ ၁၅၊ ၂ဝ၁၆ မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီးတော့ ဘာတွေ့လဲဆိုတော့ ဘတ်ဂျက်ဝင်ငွေကလည်း တက်နေတယ်။အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အဝေးကြီးတော့ မပြောပါဘူး။ ကျွန်တော်တို့ နိုင်ငံနှင့်အနီးဆုံး ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် တို့နဲ့ယှဉ်မယ်ဆိုရင် အများဆုံးတွေ့ရပါတယ်။ ဥပမာ ပြောမယ်ဆိုရင်တော့ ထင်ရှားတာ လေးတင်ပြရမယ်ဆိုရင် ဥပမာရွှေဈေး၊ ဒေါ် လာဈေး ၂ဝဝ၆ ခုလောက်ကဆိုရင် သုံး သိန်းနှစ်သောင်းကနေ သုံးသိန်းငါးသောင်း လောက်ပဲရှိပါတယ်။ အခု နှစ် ၂ဝ၁၆ မှာ ဆိုရင်တော့ ရှစ် သိန်းနှစ်သောင်းရှစ်ထောင် လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၉ လပိုင်းလောက် ဆိုရင် ရွှေဈေးဟာ ကိုးသိန်းတစ်သောင်း လောက်ထိ ရှိသွားပါတယ်။ ကျွန်တော် ပြော ချင်တာကတော့ ဒီ ၁ဝ နှစ်အတွင်းမှာ အ မြင့်ဆုံးအခြေအနေကို ရောက်သွားပါတယ်။ နောက်ပြီး အစိုးရသစ်လက်ထက် ၇ လအ တွင်းမှာတော့ ယူအက်စ်ဒေါ်လာကိုထောက် ပြမယ်ဆိုရင် ၁ဝ ရာခိုင်နှုန်းလောက် မြင့်သွားပါတယ်။ ၁၂ဝဝ ပတ်ဝန်းကျင်ကနေပြီး တော့ ၁၃ဝဝ၊ ၁၃၅ဝ လောက်ရှိသွားပါတယ်။ ဗဟိုဘဏ်ကနေ ပြီးတော့ အညွှန်းဈေးဖွင့် လိုက်တယ်။ ဖွင့်တုန်းကတော့ ဥပမာ ၁၃ဝ၅ ကျပ် ၁၃ဝ၇၊ ၁၃၁ဝ လောက် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဖွင့်တဲ့ အချိန်မှာတော့ ဒီ လောက်ပါပဲ။ ဖွင့်ပြီး နေ့လယ်လောက်မှ ၁၃၂ဝ၊ ၁၃၅၂ ဖြစ်သွားပါတယ်။ ထူးထူး ခြားခြားမတွေ့ရပါဘူး။ စီးပွားရေးနှင့် ပတ် သက်လို့လည်း တိုးတက်တာ မတွေ့ရပါဘူး။ တုံ့ဆိုင်းနေတယ်လို့ ပြောရမလို၊ ရပ်တန့်လု နီးနီးဖြစ်နေတယ်လို့ပြောမယ်ဆိုလည်း ပြော လို့ရပါတယ်။ ဒီဟာကတော့ နှစ်မျိုးစဉ်စားလို့ ရပါတယ်။ Short Run နဲ့ Long Run  စဉ်း စားလို့ရပါတယ်။ ရေတိုမှာ လတ်တလော ဖြေရှင်းရမှာတော့ Physical Politic ကို ကိုင်တွယ်သွားလို့ ရပါတယ်။ နောက်တစ်ခါ တစ်ဆက် တည်းမှာပဲ ရေရှည်မှာလုပ်ဆောင် နိုင်ရန် ငွေရေးကြေးရေးဆိုင်ရာမှာလည်း ကျွန်တော်ပြောခဲ့သလိုပဲ ဗဟိုဘဏ်ကနေ လည်း နှုန်းရှင်နဲ့ ဖွင့်ပေးထားတယ်။ ဒီဟာ မျိုးကို Market ဘက်ကရော Consure ဘက်ကပါလုပ်နိုင်အောင် လှုပ်ရှားလို့ရအောင် Inclusion ဆိုတာလည်း ရှိသင့်သလောက် ရှိသင့်ပါတယ်။ သူ မရှိပြန်ရင်လည်း စီးပွား ရေးက တိုးတက်မှု မရှိနိုင်ပါဘူး။ Inclusion သိပ်များတော့လည်း ခံစားရတာတွေက ဒီ အခြေခံ လူတန်းစားတွေမှာပဲ ခံစားရတာ များပါတယ်။ ကျွန်တော် ပြန်ပြီးတော့ပြောရ မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်တစ်ခုကို အဆင်ပြေပြေ ခြောက်သွေ့အောင်လုပ်ဖို့ လိုပါတယ်။ ဒါကလည်း အစိုးရတစ်ခုတည်း လုပ်လို့မရပါဘူး။ အစိုးရကတော့ ပိုပြီးလုပ် ပေးနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ မူဝါဒ ပိုင်းဆိုင်ရာ ခိုင်ခိုင်မာမာရှိဖို့ လိုပါတယ်။ အ ချိန်နဲ့တစ်ပြေးညီ ဆုံးဖြတ်ပေးဖို့ လိုပါလိမ့် မယ်။ မဟုတ်ဘူးဆိုရင် အခုဖြစ်နေတဲ့အနေ အထားအတိုင်းဆိုရင် ပညာရှင်တွေပြောတဲ့ အရဆိုရင်တော့ စီးပွားရေးက ငွေကြေး မလည်ပတ်ဘူး။ ရပ်တန့်နေတယ်။ ရက် ၆ဝ အတွင်းမှာတောင် စီးပွားရေးရပ်တန့်နိုင်မယ့် အခြေအနေကို ရောက်ရှိသွားမယ်လို့ ပညာ ရှင်တွေက ခန့်မှန်းထားပါတယ်။

နိုင်ငံအနာဂတ်ကရော ဘယ်လို ဆက်ရှိသွား မလဲ။

ကျွန်တော်တို့ နိုင်ငံဟာလည်း ၇ဝ ရာ ခိုင်နှုန်းလောက်က မြို့နေလူတန်းစား နည်း ပါတယ်။ တောနေ၊ ကျေးလက်နေ ပြည်သူ များကများပါတယ်။ ဖွံ့ဖြိုးမှုအပိုင်းကို ကြည့် ပြန်တော့လည်း မြို့ကြီးပြကြီးတွေမှာပဲ ဖွံ့ဖြိုး နေတာကို တွေ့ရပါတယ်။ ကျေးလက်တွေမှာ ဖွံ့ဖြိုးမှုကို မတွေ့ရပါဘူး။ အစွန်းကျတဲ့နေရာ မျိုး၊ ချောင်ကျတဲ့ နေရာမျိုးတွေမှာ ဖွံ့ဖြိုးမှု အားနည်းနေတာကို တွေ့ရပါတယ်။ နောက် တစ်ချက်ကတော့ ဖွံ့ဖြိုးမှုနည်းတဲ့နေရာကို ကြည့်ပြန်တော့လည်း မတည်ငြိမ်တဲ့အနေ အထားလေးတွေ ကွာဟနေတာကို တွေ့ရပါ တယ်။ တချို့အခုဆိုရင်တော့ လုံခြုံရေးအရ မြို့လယ်ကောင်မှာ ခြောက်လှန့်မှုတွေလုပ် တာတွေ။ M 150 ဗုံးဖောက်တာတွေကို တွေ့လာရပါတယ်။ လူတွေ အသွားများတဲ့ နေရာမျိုးတွေမှာတောင် သေနတ်ဖောက်ပြီး ရုပ်ရှင်ဆန်ဆန် လုပ်နေတာတွေ တွေ့ရပါ တယ်။ ဒါမျိုးတွေကျတော့ နေထိုင်ရတဲ့ သာမန်လူတွေအတွက်မှာ မလုံခြုံဘူးလို့ခံစား လာရပါတယ်။ ဒီဟာတွေက မတည်ငြိမ်မှုတွေ ဖြစ်လာတဲ့အခါ ဖွံ့ဖြိုးဖို့အတွက်လုပ်တဲ့အခါကျီးကန်းအစားစားသလို ဖြစ်လာမယ်။ ကျွန် တော့်အမြင် ပြောရင်တော့ ဖွံ့ဖြိုးမှုမလုပ်ပြန် ရင်လည်း ငြိမ်းချမ်းရေးရဖို့က မရနိုင်ပါဘူး။ တစ်ယောက်တစ်ယောက် ကွာဟလာရင် ဖြန့်ဝေမှုမရှိတဲ့အခါ လုပ်ရတဲ့နေရာမှာ ပိုပြီး ချောမွေ့မှာမဟုတ်ပါဘူး။ တစ်ပြိုင်တည်း လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဖွံ့ဖြိုးတဲ့ နေရာမှာကော မဖွံ့ဖြိုးတဲ့ဒေသမှာကော တစ်ပြိုင်နက်တည်း လုပ်သင့်ပါတယ်။ ဥပ မာဆိုပါတော့ ကျန်းမာရေး၊ ပညာရေးလို ဟာမျိုးတွေ ဖြစ်တယ်။ ဒါက ခံစားနေရတဲ့ ကိစ္စပါ။ လူငယ်တွေရဲ့ဘဝ မြှင့်တင်ဖို့ သူတို့ ကို အခြေခံပညာကစပြီး အထက်တန်းပညာ စသည် ရောက်အောင် သင်ကြားနိုင်သည့် အစီအမံမျိုးတွေ ရေရှည်အတွက်ရည်မှန်းပြီး လုပ်သင့်ပါတယ်။ ငါးဖမ်းနည်းဖြည်းဖြည်း ချင်းသင်ပေးရင်တော့ သူတို့လည်း ကောင်း မွန်တဲ့အနေအထားကို ရောက်လာမယ်။ တစ်ဖက်ကလည်း ပံ့ပိုးနိုင်တဲ့အနေအထားကနေ ထိန်းကျောင်းပြီးတော့ လုပ်မယ်ဆိုရင် သိပ်မဝေးတဲ့အချိန်မှာရသွားမယ်လို့ ယုံကြည် ပါတယ်။

ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*