Mister Tourism World ဆုရှင် ဥက္ကာမင်းမောင် နှင့်တွေ့ဆုံခြင်း

Mister Tourism World ဆုရှင် ဥက္ကာမင်းမောင် နှင့်တွေ့ဆုံခြင်း
December 22, 2016 Asian Fame

2:15 pm
Mister Tourism World ဆုရှင် ဥက္ကာမင်းမောင် နှင့်တွေ့ဆုံခြင်း

zaw_3044-copy

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ သည့်Mister Tourism World 2016 ပြိုင်ပွဲတွင် ဥက္ကာမင်းမောင်က မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီးMister Tourism World winner  ဆုအပြင် Best Speaker ၊ Mister Style & Fashion ၊ Mister Social Mediaစသည့် ဆုများကိုလည်းရရှိခဲ့သည်။ ဆုများ စွာရယူနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့သည့် ဥက္ကာမင်းမောင်၏ပြိုင်ပွဲ အတွေ့အကြုံများ၊ ရှေ့ ဆက်လုပ် ဆောင်သွားမည့် အနုပညာလှုပ် ရှားမှုများနှင့်ပတ်သက်၍ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

►ပြိုင်ပွဲအတွက် အစ်ကိုပြင်ဆင်ခဲ့တာ တွေကို ပထမဆုံးပြောပြပေးပါရှင့်။

ကိုယ့်မှာရည်ရွယ်ချက်ရှိတယ်။ ဒီပြိုင်ပွဲပြိုင်မယ်လို့ ဆုံးဖြတ်ထား ရင် အဲဒီပြိုင်ပွဲရဲ့ခေါင်းစဉ်နဲ့ ပတ်သက်တာတွေကို အစကတည်း က လေ့လာထားရမယ်။ ကျွန်တော် အချိန်တိုလေးနဲ့ လေ့လာခဲ့တာ   မဟုတ်ဘူး။ အချိန်ပေးလေ့လာ တယ်။ စာတွေ အများကြီးဖတ်ခဲ့ရ တယ်။ ကျွန်တော်ဆိုမပြိုင်ခင်က တည်းက ဆုရခဲ့မယ်ဆိုရင်ခရီးတွေ သွားရမယ်၊ သွားနိုင်မလား သူတို့ ပြောပြခဲ့ပြီးသား။ အခုဒီ ပြိုင်ပွဲမှာ ကျွန်တော်ကတော့ ကိုယ့်နိုင်ငံကTourism နဲ့ ပတ်သက်တာတွေ လေ့လာနိုင်သလောက် လေ့လာ ထားတယ်။ တော်တော်ကို ပြင်ဆင် ပြီးမှသွားတယ်။ ကိုယ့်နိုင်ငံက ဒေသ ထွက်ကုန်တွေကို ခင်းပြပြီး တော့ တစ်ခုချင်းစီလာသမျှသော ပရိသတ်တွေ၊ ဒိုင်တွေ မေးသမျှကို ဖြေ ခဲ့ရတယ်။ ရုပ်သေးအနုပညာက အစ လေ့လာခဲ့ရတယ်။ အသေး ဆုံးအစိတ်အပိုင်းကအစ မေးကြ တာ။ မြန်မာနိုင်ငံသည် ဘယ်ခုနှစ်က   ဖြစ်တာလဲ။ ဘယ်ခုနှစ်မှာ အလံ စပြောင်းတာလဲ အလံတွေ အဓိပ္ပာယ်တွေပါ အသေးစိတ် တစ်ခုစီမေးကြတယ်။ ကျွန်တော် စာတွေ အများကြီးကို ဖတ်ခဲ့လို့ပဲ။ မှတ်ထားတာတွေလည်း များလာ တော့ မေ့သွားတာလည်းရှိတယ်။ ဆင်ကန်းတောတိုးသလိုပဲ ကျွန် တော် မရမက ကြိုးစားပြီးတော့  လုပ်ဆောင်ခဲ့တယ်။ နောက်တစ်ခု က အဓိကကျတယ်။ အဲဒါက အချိန်ကို စီမံခန့်ခွဲတာ အရမ်းကို အရေးကြီး တယ်။ အချိန်ကိုလေး စားရမယ်၊ တိကျရမယ် အဲဒါနံ ပါတ် ၁ ပါပဲ။ ဒီပြိုင်ပွဲတစ်ခုပဲရယ်မှ မဟုတ်ဘူး။ ကိုယ့်အသက်ရှင်နေတဲ့ဘဝ တစ်လျှောက်လုံး အရေးပါ ဆုံးပါပဲ။ သူတို့မှာစနစ်ကျတယ်။ လေ့ကျင့်တဲ့သူတွေ၊ စီစဉ်သူတွေ၊ သေသေချာချာကို ဖွဲ့စည်းထား တယ်။ အဲဒီအတွက် ကိုယ့်နိုင်ငံက ဘယ်သူပဲသွားသွား၊ ဘာပြိုင်ပွဲ ပဲဖြစ်ဖြစ် စည်းကမ်းအချိန် လေး စားစေချင်တယ်။ အသေးစိတ်ဖုန်း အသုံးပြု တာတွေကအစ သူတို့ လိုက်ကြည့်တယ်။ ကိုယ်သည်နိုင်ငံ ကိုယ်စားပြုဖြစ်တဲ့အတွက် ကိုယ် အမူအရာ၊ နှုတ်အမူအရာစတာ တွေ တစ်ခုစီတိုင်းက ကိုယ့်နိုင်ငံ သိက္ခာနဲ့ဆိုင်တယ်။ ဒီကနေပြော ရင် ပြီးမှာမဟုတ်တဲ့အတွက်အချိန် ရတာနဲ့ ကြုံတွေ့ခဲ့ရတာတွေကို ဗဟုသုတ တစ်ခုအနေနဲ့ စာအုပ် ရေးဖြစ်မယ်။

►အစ်ကို ပြိုင်ပွဲကိုမသွားခင်မှာ ဆုမရခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်ဖြစ်ခဲ့ သေးလားရှင့်။

မသွားခင်တုန်းက စိုးရိမ်စိတ် တွေရှိတယ်။ ဝင်ပြိုင်မယ်လို့ပြော ကတည်းက အပြောခံရတာတွေ အများကြီးပဲ။ ဆုမရဘူးဆိုရင်တော့   ပြောတဲ့လူတွေ ပိုပြောတော့မယ် ဆိုတာ သိတယ်။ ဒါပေမယ့်လည်း စိတ်တင်းထားပြီး ဆုရရ မရရပါ အတွေ့အကြုံပဲ၊ ရည်ရွယ်ချက် ကလည်း ဆုရဖို့တစ်ခုတည်းမှ မဟုတ်တာဘဲ၊ ရသည်ဖြစ်စေ၊ မရ သည်ဖြစ်စေ မူလရည်ရွယ်ချက်နဲ့ အတွေ့အကြုံသစ်တစ်ခုတည်းနဲ့ပဲ သွားပြိုင်မယ်ဆိုတဲ့စိတ်နဲ့ပဲ သွား ပြိုင်ခဲ့တယ်။ ဆုရသွားတော့ ပြောမပြတတ်အောင်ကို ဝမ်းသာ တယ်။ ကျွန်တော့်အတွက်ထက် ကျွန်တော့်ကိုနိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ပြီး အခွင့်ပေးတဲ့သူတွေ၊ နိုင်ငံအတွက်ပါ ကျေနပ်တယ်။

►လူတိုင်းကတော့ ဆုရရင်ပျော် တတ်ကြတာထုံးစံပါပဲ။ ကိုဥက္ကာဆုရပြီလို့ ကြေညာ တဲ့အချိန်ဖြစ် ပေါ်တဲ့ခံစားချက် ကိုလည်း ပြန် ပြောပြေ ပးပါဦး။

မြန်မာလို့ကြေညာလိုက်တဲ့အချိန်မှာဝမ်းသာတာရောဝမ်းနည်း တာရောခံစားရတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ဒီဆုရရချင်း ကျွန်တော် အရမ်းပြောချင်တဲ့ လူတစ်ယောက်၊ ကျွန်တော်ချစ်ရတဲ့ လူတစ်ယောက် ဒီလောကမှာ မရှိတော့ဘူးလေ။ ဖေကြီးကို သားဆုရပြီလို့ပြေး ဖက် ပြီးတော့ကို ပြောချင်ခဲ့တာ။ ကျွန် တော်စင်ပေါ်တက်ခါနီးတိုင်း စင် ဘက်လှည့်ပြီး ဘုရားရှိခိုးတယ်။ ကျွန်တော့်မှာ ယုံကြည်မှုတစ်ခုရှိ တယ်။ စင်အောက်မှာ ဖေကြီး ထိုင်နေတယ်၊ ကျွန်တော့်ကိုကြည့် နေတယ်။ သူလက်ခုပ်တီးနေတယ်။ အဲဒီအချက်က ကျွန်တော့်ကို ယုံ ကြည်မှုတွေ၊ ခွန်အားတွေပိုဖြစ်စေ တယ်။ ဖေကြီးကို စိုက်ကြည့်သလို ဖြစ်နေတော့ ကျွန်တော့်မျက်လုံး လည်း တောင်ရောက်မြောက်ေ ရာက် မဖြစ်တော့ဘူး။ လိုလေသေးမရှိ အောင် အမြဲအနောက်ကနေ လိုက်ပြီး ပံ့ပိုးပေးတဲ့အမေကိုလည်း ကျေးဇူးတင်တယ်။
15442145_1820346188187986_2323063603332341114_n

►ပြိုင်ပွဲမှာ ရဝမ်ဝတ်စုံကြောင့် ဒိုင်တွေ၊ ပရိသတ်တွေ ပိုစိတ်ဝင် စားတယ်လို့ သိရပါတယ်။ ဒါပေ မယ့် အဲဒီလိုဝတ်တဲ့ အပေါ်   ဝေဖန် မှုတွေရှိနေတော့ အဲဒါနဲ့ပတ်သက် ပြီးတော့ အစ်ကို့ဘက်က ဘာပြောချင်ပါသလဲရှင့် ။

ဒီလိုဝတ်လို့ကျွန်တော့် ကို ရဝမ်လူမျိုးတွေစိတ်ဆိုးကြတယ်လို့ကြားပါတယ်။ ကျွန်တော်ဝတ်စုံကို မူရင်း ပုံစံပျောက်စေဖို့ မရည်ရွယ် ပါဘူး။  ဒီလိုရဝမ်အဝတ်အစားကို Tourism Exhibition  မှာဝတ်ချင်တယ်လို့ ဒီဇိုင်နာ ကိုစိုင်းလတ်ကိုပြောတော့ သူစီစဉ်ပေးခဲ့တယ်။ ဒါပေမယ့်Tourism Exhibition လုပ်ခဲ့တဲ့ Capital Hall  ကVigan ဆိုတဲ့မြို့ မှာရှိတာ။ ပေါ်တူဂီလက်အောက် ခံရောက်ခဲ့ဖူးတဲ့ မြို့တစ် မြို့ဖြစ် တယ်။ ရှေးဟောင်းအဆောက်အအုံ တွေချည်းပဲ၊  ပြပွဲလုပ်တဲ့နေရာက Aircon မရှိဘူး။ ဒီအတိုင်း ခန်းမ ကြီးထဲပူလို့ ဝတ်လို့အ ဆင်မပြေလို့ ကျွန်တော်လည်း ဘယ်အခြေအနေ မျိုးမှာ ဝတ်ရမလဲ စဉ်းစားနေတာ။ မဝတ်ဖြစ်တော့ရင်လည်း ဒီဇိုင်နာ ကိုအားနာ တယ်။ နောက် Preli­minary Competition Gala Night မှာ High Fashion ဆိုတဲ့ Theme  ပါတယ်။ အဲ့ဒါနဲ့ အကြံရသွားတာ အဲဒီဝတ်စုံကို Modern Style Fashion နဲ့တွဲပြီး ဝတ်မယ်ဆိုပြီး ကျွန်တော်ဒီ အတိုင်း Suit & Tie နဲ့ High Fashion ထွက်လဲလိုက် ရပါတယ်။ ကိုယ်ကသူများနဲ့လည်း မတူချင်ဘူး။ Creative လည်း ဖြစ်ချင် တယ်။ အချိန်နဲ့တစ်ပြေးညီLive  လွှင့်တာဖြစ်တဲ့အတွက်   မြန်မာ့ဒီဇိုင်းကိုလည်း တစ်ကမ္ဘာ လုံးမြင်စေချင်တယ်။ တိုက်ပုံနဲ့ ပုဆိုးဝတ်ရမယ့်ပွဲလည်း မဟုတ် တော့ အဲဒါနဲ့ ဒီရဝမ်အဝတ်အစားနဲ့ အတူပေးလိုက်တဲ့ ပုဆိုးကို မဝတ် တော့ဘဲ ဘောင်းဘီနဲ့Suit   အနီနဲ့တွဲဝတ် ခဲ့တာပါ။ ကျွန် တော်တို့ လူ မျိုးစု တစ်စုရဲ့ ဝတ်စုံကို မြင် နေ ကျ ထက် ကွဲ သွား တော့ သူတို့ ဝတ်စုံကို ဖျက်ဆီးတယ် ထင်ကြတာ စိတ် ဆိုးကြ တာ နားလည်ပါတယ်။ ကျွန်တော် ဒီ ကနေပဲ ရဝမ်လူ မျိုးတွေကို ထပ်ပြီး တောင်းပန်ပါတယ်။ နိုင်ငံခြား သား ဒိုင် ၅ ယောက်ရဲ့ မျက်စိ အမြင်မှာဆန်းသွားအောင် မြန်မာ လူမျိုးစုတစ်စုရဲ့ ဝတ်စုံဒီဇိုင်းကို လည်းမြင်အောင် တွဲဝတ်လိုက် တာပါ။ အခြား ဘာရည်ရွယ်ချက်မှ မရှိသလို စော်ကားလိုခြင်းလည်း မဟုတ်ပါဘူး။ အဲဒီဝတ်စုံကြောင့်ပဲ Best in Style & Fashion ဆုကို ရခဲ့တယ်။ ဒီဆုဟာ ရဝမ်လူမျိုး တွေအတွက်ဆိုလည်း မမှားပါဘူး။ ဒီဝတ်စုံကြောင့်ပဲ ထိုင်းနိုင်ငံထုတ်Time  မဂ္ဂဇင်းဖက်ရှင်ကဏ္ဍမှာ ဒီပုံစံအတိုင်းပဲရိုက်ပါဆိုလို့ ရိုက်ခွင့် ရခဲ့ပါတယ်။ ရဝမ်လူမျိုးတွေ ကြောင့် ရခဲ့တဲ့ဆုအတွက် ထာဝရ ကျေးဇူးတင်နေမှာပါ။

►မြန်မာကိုယ်စားပြု Mister Tourism  World   တစ်ယောက်အနေနဲ့ကိုယ့် နိုင်ငံရဲ့Tourism နဲ့ပတ်သက်ပြီး ပြိုင်ပွဲမှာ   ဆွေးနွေးခဲ့ တာတွေ ကိုလည်း ပြောပြပေးပါဦး။

ကျွန်တော်တို့နိုင်ငံကTourism  နဲ့ပတ်သက်ပြီး တော့ အကြောင်းအရာ တချို့ ဆွေးနွေးခဲ့တယ်။ စရိတ်စကကြီးတာ တွေက အစပါ တယ်။ အရင် က လမ်းပန်းဆက်သွယ်ရေးတွေ ခက် ခဲတယ်။ အခု အရင်ကထက်စာရင် တော့ ချောမွေ့လာတယ်။ ဒါပေ မယ့် လုံခြုံစိတ် ချမှုက လာတဲ့နိုင်ငံ ခြားသားတွေအတွက် လိုအပ်သေး တယ်။ ကိုယ့်နိုင်ငံမှာ သူတို့ရဲ့ အသက်အန္တရာယ်ဖြစ်ဖြစ်၊ တရား ဥပဒေနဲ့ ငြိစွန်းတာပဲဖြစ်ဖြစ်ရှိခဲ့ရင် ကျွန်တော်တို့ဘယ်လိုလုပ်ဆောင် မလဲ၊ ဥပဒေတော့ရှိမယ်။ မျှမျှ တတ ဆောင်ရွက်စေချင်တယ်။ ကိုယ့်နိုင်ငံ လာတဲ့ ဧည့်သည်တွေကို ဘာတွေ လုပ်ပေးရမှာလဲ။ ကျန်း မာရေးက အစပေါ့။ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ တချို့က ပုဂံကို မှသွားချင်ပေမယ့် တချို့က ပင်လယ်ကြိုက်တယ်။ ဘက်စုံ ထောင့်စုံကနေ ပံ့ပိုးပေးနိုင်မယ်ဆို ကျွန်တော်တို့နိုင်ငံ ခရီးသွားဘက် မှာ တော်တော်ကို အရှိန်တိုးလာ နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက နိုင်ငံရဲ့ပုံရိပ်တစ်ခုဖြစ်တယ်။ ကျွန်တော်တတ်လို့၊ ကျွန်တော်သိ လို့ ပြောခြင်းတော့မဟုတ်ပါဘူး။ ဥပမာတစ်ခုပြောရရင် မကြာခင် ကမှဖြစ်ပျက်တဲ့ နိုင်ငံခြားသား တစ်ယောက်ရဲ့ကိစ္စမှာဆိုရင် သူက လော်စပီကာကြိုးကို ဆွဲဖြုတ်လိုက် တယ်။ ဟုတ်တယ်၊ တို့မြန်မာဘက် က ကြည့်ရင်တော့ ဒေါသထွက်စရာ ကောင်းတယ်။ ဒါပေမယ့်ကျွန် တော်ပြောချင်တာက ဒီလိုလုပ်မယ့် အစား သူဘာလို့ဖြုတ်ပစ်တာလဲ အဖြေတစ်ခုပေါ့။ သူ့ကိုထောင်ချ လိုက်တော့ နှစ်နိုင် ငံချစ်ကြည်ရေး ကို ထိခိုက်နိုင်သလို ကျွန်တော်တို့ နိုင်ငံက ဒီလိုပါလားဆိုပြီး မြင်သွား ကြမယ်။ ကမ္ဘာ့ခရီးသွားတွေ စိတ် ဝင်စားမှုလျော့ သွားမှာလည်း စိုးရိမ်တယ်။ တကယ်လို့ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးကို ရောင်းချမှု၊ ပြစ်မှုကြီးကြီးမားမားဆိုရင်တော့ ဘယ်နိုင်ငံဖြစ်ဖြစ် ကြည့်စရာမလို ဘူး။ ထိုက်တန်တဲ့ ပြစ်ဒဏ်၊ မှန်ကန်တဲ့ဥပဒေနဲ့ကို လုပ်သင့် တယ်။ ဒါက ကျွန်တော်ဆုရလို့ စကားကြီး စကားကျယ် ပြော တာ မဟုတ်ဘူး။ နိုင်ငံသားတစ်ယောက် အနေနဲ့ပြောတာဖြစ်တယ်။

►Mister Tourism World ရဲ့ ပွဲဦး ထွက်မှာ ဆုရခဲ့တယ်ဆိုတော့ ကို ဥက္ကာအတွက် အဘက်ဘက်က တာဝန် ပိုကြီးသွားတယ်လို့ ခံစား မိနေပြီလား ..။ ရှေ့ဆက်လုပ် ဆောင်သွားမယ့် အစီအစဉ်တွေကို လည်း သိပါရစေရှင့်။

အခု ဆုရလိုက်တော့ အနု ပညာမှာ ပိုတာဝန်ကြီးတာထက်Mister Tourism World   ရဲ့ လုပ် ဆောင်ရမယ့် တာဝန်တွေက ပိုကြီး တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ပထမဆုံးလည်း ဖြစ် တယ်။ခရီးတွေ အများကြီးထွက်ရ မယ်။ ပြီးတော့သွားတဲ့ နိုင်ငံတိုင်း မှာMister Tourism World  ဆုရှင် တစ်ယောက်အနေနဲ့ရောမြန်မာ  Mister Tourism  တစ်ယောက် အနေနဲ့ရော မိန့်ခွန်းတွေပြောရ မယ်။ အင်တာဗျူးတွေဖြေရမယ်။ ကိုယ့်နိုင်ငံနဲ့ ပတ်သက်တာတွေ၊

    အဲဒီအဖွဲ့အစည်းနဲ့ ပတ်သက် တာတွေဂုဏ်တက်အောင် ကျွန် တော်လုပ်ရမယ်။ ကျွန်တော့် ကြောင့် ဂုဏ်ညှိုးငယ်စေမယ့်အရာ မဖြစ်ဖို့ ဒီအဖွဲ့အစည်းရဲ့ သမိုင်း ရော၊ မြန်မာနိုင်ငံနဲ့ပတ်သက်တာ တွေရောက ကျွန်တော်လေ့လာရ မယ်။  Miss Universeပထမဆုံး မယ်ဆိုလည်းဒီလောကမှာ မရှိတော့ ဘူး။ ကိုယ်သည်လည်း ဒီ Mister Tourism World ရဲ့ ပထမဆုံးဆု ရှင်ဖြစ်သွားပြီး ဘာဖြစ်ဖြစ်သ မိုင်းတစ်ခုဝင်သွားပြီ။ အသုံးကျတဲ့Mister ၊ လူတွေကိုအကျိုးပြု စေတဲ့Mister တစ်ယောက်ပဲဖြစ်ချင်တယ်။ တစ်နှစ်ခွဲအတွင်း ပြီးသွားတဲ့ အထိ ကြိုးစားလုပ်ဆောင်မှာဖြစ်သလို ကျွန်တော် ဒီတစ်နှစ်ခွဲ ပြီးသွားရင် လည်း မြန်မာနိုင်ငံရဲ့အကျိုးကို ဖြစ်စေမယ့်Tourism  နဲ့ ပတ်သက် တာတွေကို ပါဝင်နေဦးမှာပါ။

►ဖိလစ်ပိုင်မှာ ထူးထူးခြားခြား ကြုံ တွေ့ခဲ့ရတဲ့ အတွေ့အကြုံရှိရင် လည်း ဝေမျှပေးပါဦးရှင့်။

ကျွန်တော်တွေ့ကြုံခဲ့တာ တစ် ခုက အဲဒီဖိလစ်ပင်းရဲ့ တက္ကသိုလ် တစ်ခုမှာ တစ်သောင်း ကျော်သော ကျောင်းသားတွေက သူတို့ယူ တဲ့ မေဂျာအပြင် Tourism  ၊ ဥပဒေ စတဲ့ မေဂျာကိုသင်ကို သင်ကြားရ တယ်။ အဲဒီကျောင်းခန်းမမှာ ကျောင်းသားတွေ၊ ဆရာတွေ၊ ပါ မောက္ခတွေရောအများကြီးရှိတယ်။ သူတို့ရှေ့မှာ ကိုယ့်နိုင်ငံမှာ ဖြစ်နေ တဲ့ Tourism နဲ့ ပတ်သက်တာတွေ မိန့်ခွန်းပြောရတယ်။   ပြောပြီး သွားတော့ ကိုယ်ပြောလိုက်တဲ့ အချက်အလက်တစ်ခုစီတိုင်းကို သူတို့ကချက်ချင်းပဲ မေးခွန်းတွေ ပြန်ထုတ်တယ်။ Mister    မြန်မာ တစ်ယောက်အနေနဲ့ ဘာလုပ်မလဲ၊ ဘယ်လိုလုပ်မလဲစတဲ့ ကိုယ်စားပြု မေးခွန်းတွေအများကြီးကို ချက်ချင်း ဖြေရတယ်။ အဲဒီအရာကိုကျွန်တော် ကောင်းကောင်းဖြေနိုင်ခဲ့လို့ Best  Speaker  ဆုကိုရတာပါ။ အဲဒီလို ဖြစ်အောင်လည်း ကျွန်တော်စာ တွေ အများကြီးဖတ်ခဲ့ရသလို အများကြီးလေ့လာခဲ့ရတယ်။

►Mister Tourism World ပထမဆု ရှင် တစ်ယောက်အနေနဲ့ လတ် တလောမှာ မြန်မာပြည်အတွက် အကျိုးပြုလုပ်ငန်းတွေ ဘာတွေ လုပ်ဖို့ရှိပါသလဲ။

အခု မြန်မာပြည်အတွက် အများသူငါကို အကျိုးပြုစေမယ့် ပရဟိတနဲ့ပတ်သက်ပြီးတော့ အားလုံး နဲ့လည်း သက်ဆိုင်တယ်၊ နိုင်ငံ့ အနာဂတ်နဲ့လည်းသက်ဆိုင်တယ်။ အဲဒါက ကျွန်တော်ဆုမရခင်၊ မင်းသားတစ်ယောက်မဖြစ်ခင် ကတည်းက လုပ်ချင်တဲ့အရာပါ။ အသက်မပြည့်သေးတဲ့ ကလေး တွေကြုံတွေ့နေရတဲ့ မတရားမှု တွေအတွက် ရည်ရွယ်ပြီးတော့ လုပ်မယ်။ သေသေချာချာ ထိထိ   ရောက်ရောက်ဖြစ်အောင်လုပ်မယ် လို့ရည်ရွယ်ထားတဲ့အတွက် ဇယား သေချာဆွဲပြီးတော့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ပါဝင် ပြီးတော့ လုပ်သွားမယ်။

►အစ်ကို့အနေနဲ့ Mister Tourism World  နိုင်ငံတကာခရီးစဉ်နဲ့ ပရ ဟိတတွေ၊ ကိုယ်ပိုင်စီးပွားရေးတွေ လုပ်ရတော့ မယ်ဆိုတော့ အနု ပညာလှုပ်ရှားမှုတွေ ကြန့်ကြာ သွားမလားရှင့်။

အခုလတ်တလောမှာ ကြော် ငြာ၊ ဗီဒီယို၊ ရုပ်ရှင်ပြောထားတာ ရှိတယ်။ ဒါပေမယ့် ဒီနှစ်တော့ အချိန်ညှိရမှာများနေတယ်။ တစ် နှစ်ခွဲ အတွင်း သွားရမယ့်ခရီးစဉ်  တွေက အများကြီးဆိုတော့ ကျွန် တော်အချိန်ပေးနိုင်တယ်၊ လုပ် ကွက်လည်းရှိတယ်ဆိုရင်တော့ လုပ်မယ်။ စီးပွားရေးကတော့ မြန် မာပြည်ကိုအပြီးပြောင်းဖို့ လုပ်စရာ ရှိတာတွေ လုပ်နေတယ်။ ပြီးရင် အနုပညာကိုပဲ ဇောက်ချလုပ်သွား မှာပါ။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*