မြန်မာ့ခရီးသွားလုပ်ငန်းမြေပုံ (TMM-62) အခမဲ့ စတင်ဖြန့်ချိ

မြန်မာ့ခရီးသွားလုပ်ငန်းမြေပုံ (TMM-62) အခမဲ့ စတင်ဖြန့်ချိ
December 22, 2016 Asian Fame

1:38 pm
မြန်မာ့ခရီးသွားလုပ်ငန်းမြေပုံ (TMM-62) အခမဲ့ စတင်ဖြန့်ချိ

မေဇင်ဝင်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာ့ခရီး သွားလုပ်ငန်းမြေပုံများကို ဖြန့်ချိပေးနေ ပြီဖြစ်ကြောင်းDesign Printing Services ကုမ္ပဏီမှ သိရသည်။

အဆိုပါမြေပုံတွင် မြန်မာနိုင်ငံမြေ ပုံ၊ မန္တလေးမြို့မြေပုံ၊ ပုဂံမြို့မြေပုံ၊ နေ ပြည်တော်မြေပုံ၊ ဘားအံနှင့် ကမ်းခြေ မြေပုံများ၊ စိတ်ဝင်စား ဖွယ်ရာလမ်းညွှန် များကို တစ်ရွက်တည်းနှင့် သယ်ဆောင် ရလွယ်ကူအောင် မွမ်းမံထည့်သွင်း ထားရာ ပြည်ပဧည့်များအနေဖြင့် မြန် မာနိုင်ငံ၏ စိတ်ဝင်စားဖွယ်နေရာများ ကို အချိန်တိုအတွင်း လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုမြေပုံများကို ရန်ကုန်လေဆိပ် တွင် ဧည့်သည်များအား အခမဲ့ဝေငှပေး နေပြီး နိုင်ငံတကာတွင် ကျင်းပလျက်ရှိ သည့် ခရီးသွားပြပွဲ များသို့ လည်း ကောင်း၊ နိုင်ငံတကာရှိ မြန်မာသံရုံး များသို့လည်းကောင်း၊ မြန်မာနိုင်ငံရှိ သံရုံးများသို့လည်းကောင်း ပေးပို့ဖြန့်ချိ လျက်ရှိေ ကြာင်း သိရသည်။

ထို့အပြင် ပြည်တွင်းသို့ အဓိက ခရီးသည်ဝင်ပေါက်ဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တ လေးလေဆိပ်၊ ပုဂံ၊ ညောင် ဦး လေဆိပ် များ၌ ခရီးသည်များ အားလုံးကို နေ့ စဉ်ဝေငှပေးလျက်ရှိပြီး ရန်ကုန်ရှိ ဟို တယ်များ၊ စားသောက်ဆိုင်များတွင် လည်း ထားပေးကြောင်း သိရသည်။

လမ်းညွှန်မြေပုံများကို ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ဧည့်လမ်းညွှန်များသည် ကုမ္ပဏီမှတ်ပုံတင် မိတ္တူနှင့် ကိုယ်စား လှယ်လွှဲစာပြသ၍ မြန်မာ့ခရီးသွားလုပ် ငန်း(ဆူးလေ)တွင်လည်းကောင်း၊ ၃၅ လမ်းအလယ်ဘလောက်ရှိDPS တွင် လည်းေ ကာင်း၊Facebook  မှ မှာကြား ၍သော်လည်းကောင်း အခမဲ့ ထုတ်ယူ နိုင်ပြီး ဖုန်း ဝ၁-၂ဝ၄ဝ၂ဝ၊ ဝ၁-၂၄၅၂၃ဝ၊ ဝ၉-၇၇၄၂ဝ၄ဝ၂ဝ တို့သို့ ဆက်သွယ်နိုင်ကြောင်း အဆိုပါ ကုမ္ပ ဏီက သတင်းထုတ်ပြန်ထားသည်။

DPS  အနေဖြင့် အဆိုပါ လမ်းညွှန် မြေပုံများကို ၁၉၉၅ ခုနှစ် မှ စတင်ဖြန့် ချိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မြေပုံပေါင်း ၂ ဒသမ ၉ သန်းကျော် ဖြန့်ချိခဲ့ပြီဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*