မင်းကွန်းစာသင်တိုက်အတွင်းမှ မီးဘေးသင့်ကျောင်းဆောင် ပြန်လည်တည်ဆောက်ရန် အလှူရှင်လိုအပ်နေ

မင်းကွန်းစာသင်တိုက်အတွင်းမှ မီးဘေးသင့်ကျောင်းဆောင် ပြန်လည်တည်ဆောက်ရန် အလှူရှင်လိုအပ်နေ
December 22, 2016 Asian Fame

11:38 am
မင်းကွန်းစာသင်တိုက်အတွင်းမှ မီးဘေးသင့်ကျောင်းဆောင် ပြန်လည်တည်ဆောက်ရန် အလှူရှင်လိုအပ်နေ

min-kun

စောထွေး
မန္တလေး၊ ဒီဇင်ဘာ ၂ဝ

မင်းကွန်း တိပိဋကဓမ္မနာဒ ပရိယတ္တိစာသင်တိုက်အတွင်းမှ မီးဘေးသင့် ကျောင်းဆောင် ပြန်လည်တည်ဆောက် နိုင်ရန်အတွက် အလှူရှင်လိုအပ်နေကြောင်း ကျောင်းတိုက်နာယကဆရာတော်များအဖွဲ့ထံမှ သိရသည်။

”ကျောင်းဆောင် ပြန်ဆောက်ဖို့စီစဉ် နေပါတယ်။ ဒီကျောင်းရဲ့ ကျောင်းဒကာ ဒကာမတွေကလည်း ကွယ်လွန်ကုန်ပြီဆို တော့ ဦးဇင်းတို့အနေနဲ့က အလှူရှင်လို အပ်နေပါတယ်၊ ဒီကျောင်းဆောင် မီး လောင်တဲ့အခါကျတော့ သူ့ရဲ့ တောင် ဘက်က စောင်းတန်းငါးခန်းနဲ့ အရှေ့ ဘက်က ဘုရားကျောင်းဆောင်လည်း အ နည်းငယ်မီးသင့်ခဲ့တယ်။ အဲဒါတွေကိုလည်း အခုလောလောဆယ် အလှူရှင်မရှိဘဲ ပြန်မွမ်းမံနေရတယ်” ဟု နာယက ဆရာတော်များအဖွဲ့ဝင် ဆရာတော်ဘဒ္ဒန္တ ကေသရက ပေါ်ပြူလာနယူးစ်သို့မိန့်သည်။

သံဃာတော် ၆ ပါးသီတင်းသုံးတော်မူရာ အဆိုပါမီးဘေးသင့်ကျောင်းဆောင် သည် သုံးထပ်အဆောက်အအုံ တစ်ခုဖြစ် ပြီး ဒီဇင်ဘာလ ၁၂ ရက်ညက လျှပ်စစ် ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ရာ သတင်းဌာနတချို့က မင်းကွန်းဆရာ တော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့ရာ မဟာဗုဒ္ဓဝင်ပြခန်းဆောင်နှင့် မှားယွင်းရေးသားဖော်ပြခဲ့ကြသဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍လည်း နာယကဆရာတော်များက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

”ဆရာတော်ဘုရားကြီး သီတင်းသုံး တော်မူခဲ့တဲ့နေရာ အခုမဟာဗုဒ္ဓဝင်ပြခန်း ဆောင်ကြီး မီးလောင်ခံရတယ်ဆိုတဲ့သတင်း ကြောင့် တပည့်ဒကာ၊ ဒကာမတွေ စိတ် နှလုံးပူဆွေး ဝမ်းနည်းကြတယ်လို့ပြန်ကြား ရတယ်။ ဗုဒ္ဓဝင်ပြခန်းဆောင်လည်း မီးမလောင်ပါဘူး။ ဆရာတော်ဘုရားကြီးရဲ့ ရဟန်းအသုံးအဆောင်တွေ၊ ပေစာတွေကို အချိန်မရွေး လာရောက်ဖူးမြော် ကြည်ညို နိုင်ပါတယ်။ ဆရာတော်ဘုရားကြီးငယ်စဉ်ကာလက ရွှေကျင်တိုက်ကြီးမှာရဟန်းခံခဲ့တဲ့ သင်္ကန်းတော်၊ သပိတ်တော်တွေလည်း ရှိပါတယ်။ သင်္ဂါယနာတင်တုန်းက ဆရာ တော်ဘုရားကြီး သုံးဆောင်ခဲ့တဲ့ သင်္ကန်း တော်၊ သပိတ်တော်၊ ဆင်စွယ်ယပ်၊ နောက် ပြီးတော့ နိုင်ငံတော်က ဆက်ကပ်လှူဒါန်း ခဲ့တဲ့ ဘွဲ့တံဆိပ်တော်တွေလည်း ပြခန်း ဆောင်မှာ အချိန်မရွေး ဖူးမြော်ကြည်ညို နိုင်ပါတယ်။ အခုမီးလောင်ခံရတာက သံဃာ ၆ပါး သီတင်းသုံးတဲ့ကျောင်းဆောင် ပါ” ဟုလည်း ဆရာတော်ကမိန့်သည်။

ကျောင်းဆောင် ပြုပြင်မွမ်းမံရန် လှူဒါန်းလိုသူများအနေနှင့် မင်းကွန်းတိပိဋက ဓမ္မနာဒပရိယတ္တိစာသင်တိုက်၊ မဟာဗုဒ္ဓ ဝင်ပြခန်းဆောင်အလှူခံဌာနမှ ဆရာတော် ဘဒ္ဒန္တကေသရ၊ဖုန်း-ဝ၉၆၄၆၃၇၅၇၊ ဆရာ တော်ဘဒ္ဒန္တကေသဝ၊ဖုန်း-ဝ၉၇၉၇၉၅၅၅၆၈၊ မင်းကွန်းရွှေစင်တိပိဋက ကျောင်းဆရာ တော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ ဖုန်း-ဝ၉၇၈၅ဝ၁၁၇၃၃၊ မန္တလေး တိပိဋကနိကာ ယဌာနခွဲရုံး၊ ဖုန်း-ဝ၂၃ဝ၁၉ဝ၊ ရန်ကုန်တိပိ ဋက နိကာယဌာနခွဲရုံး ဖုန်း-ဝ၁၂၂၂၂၇၈၊ ဝ၁၂၂၂၂၇၉ တို့ထံ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*