တိုင်ပေ လမ်းမတွေပေါ်မှာ

တိုင်ပေ လမ်းမတွေပေါ်မှာ
December 22, 2016 Asian Fame

11:33 am
တိုင်ပေ လမ်းမတွေပေါ်မှာ

theim-soe-4

၂ဝ၁၆ ဒီဇင်ဘာလ၊ (၂)ရက်နေ့ မနက်ခင်း

၁၁ နာရီခန့် ရှိနေပြီဖြစ်ပေမယ့်လည်း မိုးသားတို့ လိပ်တက်နေ ပြီး နေရောင်ပျပျတောင် မမြင်ရ။ အပူချိန် (၁၈ ဒီဂရီ စင်တီဂရိတ်က ထင်ထားတာထက် ပိုပြီးအေးစိမ့်နေ တယ်လို့ ခံစားမိပါတယ်။Taoyuan  အပြည်ပြည်ဆိုင်ရာလေဆိပ်က အငှားယာဉ်ကောင်တာမှာ ကပ်ထားတဲ့ ဈေးနှုန်းတွေကို ကြည့်လိုက်မိ ချိန်မှာတော့ သွေးနည်းနည်းပြန်ပူ သွားပါတယ်။ ကိုယ်သွားရမယ့်တိုင် ပေမြို့ဟောင်းပိုင်းကိုကားခက မြန် မာငွေနဲ့ဆိုရင် လေးသောင်းခွဲလောက်ကျနေတာကိုး။ ဒါပေမယ့်လည်း မဖြစ်မနေမို့ ငှားလိုက်ရပါတယ်။ သူတို့ဆီက အဝေးပြေးလမ်းမတွေ မှာလည်း ဒီမှာလိုပဲ လမ်းလယ်မှာ ကွန်ကရစ်ဘလောက်တုံးတွေနဲ့ ကာထား တာပါပဲလား။ ဒါပေမယ့် အဲဒီဘလောက်တုံးတွေက ခါးအမြင့်လောက်ရှိပြီး ဒီက သုံးတုံးစာလောက်အရှည်ရှိတယ်။ ပြီးတော့လည်း စည်းကမ်းမဲ့ရပ်ထားတဲ့ကား တွေကိုလည်း ကရိန်းနဲ့ဆွဲကြောင်းကိုလည်း ထပ်သိလိုက်ရပါတယ်။

အဲဒီဈေးနှုန်းတွေနဲ့ဆိုရင်တော့ အများပြည်သူ သယ်ယူပို့ဆောင် ရေးကိုပဲအားကိုးမှပဲ ဖြစ်ပါတော့မယ်။ အခမဲ့ဖြန့်ဝေပေးတဲ့ အများ ပြည်သူ
သယ်ယူပို့ဆောင်ရေးမြေပုံ တွေက နိုင်ငံတကာကခရီးသွားတွေ အတွက် တော်တော်အသုံးတည့်တာ ပဲ။ ရထား၊ ကားစီးဖို့ ကတ်ဝယ်တာက ၄၃ဝဝ ကျပ်ကျတယ်။ အပြီးပဲ၊ ကတ်ပြန်အပ်ပြီး ငွေပြန်ယူလို့မရ တော့ဘူး။ ရထားခကအနည်းဆုံး ကျပ် ၇ဝဝလောက်ကျတယ်။ တစ် ဘူတာကနေ ငါးဘူတာခြောက်ဘူ တာလောက်အထိ အဲဒီလောက် ပါပဲ။ ရထားကွန်ရက်ကလည်း မြို့တော်ရဲ့ အထင်ကရနေရာတွေ ကို ရောက်အောင်တည်ဆောက် ပေးထားတယ်လေ။ ရထားစောင့် ရင်း တိုင်တစ်လုံးမှာ ကပ်ထားတဲ့ သတိပေးချက်လေးတစ်ခုကို ဖတ် ကြည့်လိုက်တော့၊ ရထားပေါ်မှာအ စာစားရင် ဒဏ်ငွေက သူတို့ပိုက်ဆံ ၇၅ဝဝ၊ ဆေးလိပ်သောက်ရင် ဒဏ် ငွေ ၁ဝဝဝဝတဲ့။ မှတ်သားလောက်တဲ့ ဒဏ်ငွေများပါပဲ။ ဘူတာတွေရဲ့ အပေါက်ဝတွေမှာ ဖုန်းတွေအား သွင်းဖို့ စီစဉ်ပေးထားတာ၊ အင် တာနက်အခမဲ့ လွှင့်ထားပေးတာ တွေကတော့ ကိုယ်တွေအတွက်တော့ အံကိုက်ပဲပေါ့။ အင်တာနက်သုံးတဲ့အခါမှာတော့ မြင်နေကျအဝိုင်းလေးလည်နေတာ မတွေ့ရ တော့ စိတ်ထဲမှာ တစ်ခုခုလိုနေသလိုလိုပဲလို့ ထင်မိပါတယ်။

အငှားကားတွေ အားလုံးဟာ အဝါရောင်တွေချည်းပဲ ဖြစ်သလို အဝါရောင်စက်ဘီးလေးတွေ ကိုယ် စီစီးပြီး သွားလာနေကြသူတွေကို ရောက်လေရာမှာ တွေ့ရပြန်ပါ တယ်။ ဟုတ်ပါ့ဗျာ၊ အဲဒီအဝါ ရောင် စက်ဘီးလေးတွေက အငှား ဘီးလေးတွေပါတဲ့။ နိုင်ငံခြားသား ရော သူတို့နိုင်ငံသားတွေပါ စာ ရင်းသွင်းပြီးတော့ ငှားစီးလို့ရတယ်။ အြေ<ွကးဝယ်ခွင့် ကတ်ပြားတော့ ရှိဖို့လိုတယ်တဲ့။ ငှားလို့ရတဲ့ စက် ဘီးစတန်းတွေက နေရာအနှံ့မှာ စီ စဉ်ပေးထားတယ်။ ကတ်ပြားဖြတ် ပြီး ယူစီးသွား၊ ခရီးဆုံးရင် နီးစပ် ရာစတန်းမှာ ပြန်ထားပြီးကတ်ပြန် ဖြတ်ပေးရုံပါပဲ။ တော်တော်လေးကို အဆင်ပြေစေမယ့် အစီအမံလေးပါ။

သူတို့ဆီမှာမီးပွိုင့်ရဲ့ အချက်ပြ မီးတွေကို ယာဉ်တွေသာမကလူတွေ ကပါ တော်တော်လေးကို လေးစား လိုက်နာကြတာတွေ့ရပါတယ်။ ကား တွေရှင်းနေပေမယ့် လူကူးဖို့မီးပွိုင့် က အချက်ပြမီးအစိမ်းရောင်ပြောင်း တဲ့အထိစောင့်နေကြတယ်။ ကား လမ်းဘက်က မီးနီသွားပြီး လူကူး တဲ့ဘက်ကို မီးစိမ်းသွားတာနဲ့၊ ကားတွေကလည်း တုံ့ကနဲရပ်၊ လူ တွေကလည်း လမ်းဖြတ်ကူးပေါ့။ ကျွန်တော်လည်း လမ်းဖြတ်ကူးဖို့ ပြင်နေတုန်း အရေးပေါ်ကားအ ချက်ပေးသံလိုကြားလိုက်တယ်။ ကိုယ့်ရှေ့က ဘေးကလူတွေ လမ်း မကူးကြတော့ဘဲ ရပ်လိုက်ကြသလို မီးပွိုင့်မှာတန်းစီနေကြတဲ့ ကားတွေ ကလည်း ရသလောက် လမ်းဘေး ထိုးပေးကြတယ်။ အဲဒီတော့ အ ရေးပေါ်လူနာတင်ကားလည်း အ ရှိန်မလျှော့ဘဲ ဖြတ်မောင်းသွားနိုင် တော့တာပေါ့။

မီးပွိုင့်ဆိုလို့၊ သူတို့ဆီကလမ်း လေးခွဆုံတွေမှာ သတ်မှတ်ထားတဲ့ လမ်းကြောင်းရှင်းစနစ်ကလည်း တစ်မျိုးစိတ်ဝင်စားဖို့ ကောင်းပြန် ပါတယ်။ သူတို့လည်း ညာကပ် မောင်းစနစ်ပါပဲ။ တွေ့သမျှကား အားလုံးကလည်း ဘယ်မောင်းကား တွေချည်းပါ။ လမ်းလေးခွဆုံမီးပွိုင့် မှာ ဘယ်ကိုတန်းကွေ့ခွင့် မပြုပါ ဘူး။ ဘယ်ကိုကွေ့ချင်တဲ့ကားက ဘယ်ဘက်ယာဉ်ကြောကိုယူ၊ မီး စိမ်းရင် တည့်တည့်ဆက်မောင်း၊ မီးပွိုင့်နဲ့ မနီးမဝေးမှာ ဂငယ်ကွေ့ ပြန်ကွေ့လို့ရအောင် လုပ်ထားပေး တဲ့ ယာဉ်ကြောကနေ ပြန်ကွေ့၊ မီးပွိုင့်မှာပြန်တန်းစီ၊ ပြီးမှ ညာကွေ့ ပြီးလိုရာ ဆက်သွားရတာပါ။ ဆိုင် ကယ်တွေကျတော့ တစ်မျိုးဗျ။ မျက်စိထဲမြင်အောင် ပြောရရင် လမ်းဆုံမှာ လူကူးမျဉ်းကြားရှိ တယ်။ လူကူးမျဉ်းကြားရဲ့အပြင် မှာ မျဉ်းဖြူဆွဲထားတဲ့လေးထောင့် ကွက်ရှိတယ်။ လူကူးမျဉ်းကြားရဲ့ နောက်လမ်းအတွင်းမှာ ခပ်ကျယ် ကျယ် အဖြူရောင်လေးထောင့်ကွက် တစ်ခုရှိပြီး၊ ကတ္တရာလမ်းပေါ်မှာ ဆိုင်းကယ်စီးနေပုံကို ဆွဲသားထား တယ်။ အဲ့ဒီအကွက်ရဲ့ အနောက် မှာမှ ကားတွေရပ်ဖို့ ရပ်မျဉ်းသတ် မှတ်ထားတယ်။ မီးနီပြီဆိုရင် ရပ် ထားတဲ့ကားတွေကြားထဲကနေ ဆိုင်ကယ်တွေအားလုံးက ကားတွေ ကြားထဲကနေ အဲဒီဆိုင်ကယ်တွေ ရပ်ရမယ့်အကွက်ထဲကိုလာရပ်။ ဘယ်ကွေ့မယ့်ဆိုင်ကယ်က ညာ ဘက်အစွန်ဘက်မှာ နေရာယူ။ မီးလည်းစိမ်းရော တည့်တည့်သွား မယ့်ဆိုင်ကယ်တွေက ဆက်မောင်း သွား၊ ဘယ်ကွေ့မယ့် ဆိုင်ကယ် တွေက ဘီးလှိမ့်ရုံသာ မောင်းထွက် လာပြီး တစ်ဖက်လမ်းက မျဉ်း ကြားရှေ့မှာရှိတဲ့ အဖြူရောင်အ ကွက်ထဲမှာ သွားရပ်ထားရတယ်။ မီးစိမ်းရင် တည့်တည့် မောင်းထွက်သွားလိုက်ရုံပဲလေ။

လျှောက်သွားရင်းနဲ့ အများ ပြည်သူတွေ အနားယူအပန်းဖြေ နေကြတဲ့ နေရာတစ်ခုကိုရောက်ခဲ့ ပါသေးတယ်။ ကျယ်ဝန်းသပ်ရပ် တဲ့ အခင်းပြားတွေခင်းထားတဲ့ ကွင်းပြင်ရယ်၊ မြက်ခင်းစိမ်းစိမ်းနဲ့မြေယာရှုခင်း အလှပြင်ထားတာရယ်၊ လမ်းဘေးဖျော်ဖြေပွဲတွေရယ်၊ ကလေးကစားကွင်း အသေးလေး ရယ်၊ ပြီးတော့ ပျိုပျိုရွယ်ရွယ် အိုအိုငယ်ငယ် အေးအေးလူလူ အပန်းဖြေနေကြတာတွေ၊ ကလေးငယ်တွေ ပျော်မြူးဆော့ကစားနေ ကြတာတွေကို မြင်တွေ့ရတာဟာ ကြည်နူးချမ်းမြေ့စရာကြီးပါ။ အဲဒီ ဘေးနားမှာလည်း လယ်သမား ဈေးဆိုပြီး ရောင်းသူ ဝယ်သူတွေနဲ့ စည်ကားနေပါတယ်။ ကိုယ့်လယ်၊ ကိုယ့်ခြံထွက် စားသောက်စရာတွေ ရိုးရာလက်ရက်ထည် အမှတ်တရ ပစ္စည်းလေးတွေ ရောင်းချနေကြ တာပါ။ အမှတ်တရပစ္စည်းတွေ အင်္ကျီတွေ၊ အိတ်တွေတော်တော် များများမှာ ဇီးကွက်ရုပ်တွေဟာ မပါမဖြစ်ဆိုသလို နေရာယူထား တာကိုတွေ့ခဲ့ရပါတယ်။ ဘာအ တွက်ကြောင့်လဲ ဆိုတာသိချင်ပေ မယ့် စကားမပေါက်လို့ သိခွင့်မရ ခဲ့ပါဘူး။ အဲ့ဒီလယ်သမားဈေးက ယာယီဈေးပါ။ စနေ၊ တနင်္ဂနွေ နှစ်ရက်တည်းဖွင့်တာတဲ့။ အဲဒီလို စနေ၊ တနင်္ဂနွေနှစ်ရက်တည်းဖွင့် တဲ့ ပန်းဈေးတို့၊ ကျောက်မျက်ဈေး တို့လည်းရှိသေးတယ်တဲ့။ ကားလမ်း ခုံးကျော်တံတားကြီးတွေရဲ့ အောက် မှာ ဖွင့်တာပါတဲ့။ ပုံမှန်ရုံးဖွင့်ရက် မှာတော့ ကားတွေရပ်ဖို့သတ်မှတ် ပေးထားတဲ့ နေရာတွေပေါ့။

တိုင်ပေရောက်မှတော့ နာမည် ကြီး ညဈေးတွေဆီကို အရောက် သွားရတော့တာပေါ့နော်။ ညဈေး က ၄ခုရှိတယ်ဆိုပေမယ့် ၂ ခုပဲ ရောက်ခဲ့ပါတယ်။ ပထမတစ်ခုက နာမည်အကြီးဆုံး ရှီလင်းညဈေး ပါ။ အစားအသောက်တွေအပြင် ထိုင်ဝမ်ထွက်ကုန်တွေ၊ အဝတ်အ စားအသုံးအဆောင် အမှတ်တရ ပစ္စည်းတွေ အစုံရောင်းချနေတာ ပါ။ နောက်တစ်ခုကတော့ တိုင်ပေ မြို့ဟောင်းမှာရှိပါတယ်။ နာမည် ကတော့ မခေါ်တတ်ခဲ့ပါဘူး။ အဲ ဒီမှာက စားသောက်ဆိုင်တွေချည်း ပါပဲ။ ရေ၊ မီး သွယ်တန်းပေးပုံလေး ကလည်းစနစ်ကျပါတယ်။ နှစ်ဈေး စလုံးဟာ ကားလမ်းကိုပိတ်ပြီး ခင်း ကျင်းထားတာပါ။ ဒါပေမယ့် ကား လမ်းမကြီးတွေ လိုင်းကားလမ်း ကြောင်းတွေကိုတော့ ဘာမှအ နှောင့်အယှက် ဖြစ်ပုံမပေါ်ပါဘူး။ မနက်ကျပြန်တော့လည်း ရှင်းလင်း နေ ပြန်တာပါပဲ။ အဲဒီမှာ ကြက်အူ ချောင်းကင်ဝယ်စားမယ်လို့ ဈေး ကြည့်လိုက်တော့ တစ်ချောင်းကို ၅ဝ၊ လေးချောင်းကို ၁၅ဝ တဲ့။ တစ်ချောင်းချင်းစီကို မြန်မာငွေနဲ့ ဆိုရင် ၂၁၅ဝ လောက်ကျပါတယ်။ ကျွန်တော်တို့အတွက် ဈေးကြီးနေ ပေမယ့် သူတို့အတွက်တော့ ပုံမှန် ဈေးတွေပါဆိုတော့ အဲဒီနိုင်ငံရဲ့ အခြေခံလစာဟာမနိမ့်လောက်ဘူး လို့တွေးမိပြန်တယ်။ ဟုတ်ပါတယ်၊ ၁၉၈၇ ခုနှစ်ကတည်းက မြန်မာ နိုင်ငံကနေ အဲဒီကိုရောက်နေတဲ့ ဟိုတယ်ဝန်ထမ်းတစ်ယောက်ရဲ့ ပြောစကားအရဆိုရင် ဘယ်အလုပ်ပဲလုပ်လုပ် အခြေခံလခက ထိုင်ဝမ် ငွေ ၂ဝဝဝဝ ကနေ စရပါတယ်တဲ့။သူ့အိုးနဲ့သူ့ဆန်တော့ တော်တန်နေ တာပါပဲလေ။

အဲဒီမှာ ကြက်အူချောင်းကင် ဝယ်တော့ ပိုက်ဆံအရင်ပေးရပါ တယ်။ ပိုက်ဆံလည်းပေးပြီးရော ဆိုင်ရှင်လည်းသူ၊ အကင်ဆရာ လည်း သူပဲဖြစ်တဲ့သူက တစ်ခုခု ဆက်ပြောပါတယ်။ ဘာပြောမှန်း မသိကြောင်း လက်ဟန်အမူအရာနဲ့ ပြလိုက်တော့ ကျွန်တော့်လက်မောင်း ကိုကိုင်ပြီး သူ့ဆိုင်ဘေးနားကတန်း စီရပ်နေတဲ့သူတွေကို လက်ညှိုးထိုး ပြတယ်။ အော်အဲဒီတော့မှ ကိုယ် ဝယ်ထားတဲ့ ဟာကိုယူဖို့ တန်းစီ စောင့်ရပါတကားဆိုတာ သဘော ပေါက်တော့တယ်။လမ်းတကာက ပလက်ဖောင်းတိုင်းနဲ့ အများသူငါနဲ့ဆိုင်တဲ့နေရာ တွေတိုင်းမှာ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတဲ့သူတွေအတွက် သေချာစဉ်းစားပေးထားတာကို လည်း သတိထားမိပါတယ်။ ရိုးရိုး ဘီးတပ်ကုလားထိုင်တွေနဲ့ရော၊ မော် တာဆင်ထားတဲ့ ဘီးတပ်ကုလား ထိုင်တွေနဲ့ပါ တစ်ယောက်တည်း ဖြစ်စေ၊ အဖွဲ့နဲ့ဖြစ်စေ လွတ်လပ် ပေါ့ပါးစွာ သွားလာနေကြတာကို တွေ့ခဲ့ရပါတယ်။ သာမန်လူတွေက အဲဒီလိုလူတွေအပေါ် မသိမသာ ဦးစားပေးတယ်ဆိုရုံကလွဲလို့ သနား ဟန်မပြသလို သူတို့ကိုယ်၌ကလည်း အားငယ်နေတဲ့ပုံ လုံးဝမရှိပါဘူး။ အားလုံးဟာ မြို့ပြနဲ့ တစ်သား တည်း စီးမျောနေကြပါတယ်။

တကယ်တမ်းမှာတော့ မြို့ပြ လူမှုအဖွဲ့အစည်းတစ်ခုမှာအကောင်း တွေချည်းပဲ စုနေတာမျိုးအမြဲမဟုတ် နိုင်ပါဘူး။ ကောင်းခြင်းရဲ့ အခြား အမှောင်တစ်ဖက်မှာဆိုတာက တော့ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ကောင်းတာလေးတွေစုထား၊ ကြုံ ကြိုက်အသုံးတည့်လာရင် တုလို့ရ တယ်ဆိုတဲ့ ဆရာသမားတွေရဲ့ မှာ ကြားချက်အရ ဒီခရီးစဉ်မှာလည်း ကောင်းကွက်လေးတွေကိုသာ မှတ် တမ်းတင်လာခဲ့တာ ဖြစ်ပါကြောင်း ပါ။

သိဏ်းစိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*