ငွေဆောင်နှင့် ချောင်းသာ လျှပ်စစ်မီးရရှိနိုင်ရေး အစိုးရတွင် ဘတ်ဂျက် မရှိ၊ အစီအစဉ် ရေးဆွဲထားခြင်းလည်း မရှိ

ငွေဆောင်နှင့် ချောင်းသာ လျှပ်စစ်မီးရရှိနိုင်ရေး အစိုးရတွင် ဘတ်ဂျက် မရှိ၊ အစီအစဉ် ရေးဆွဲထားခြင်းလည်း မရှိ
December 21, 2016 Asian Fame

1:09 pm
ငွေဆောင်နှင့် ချောင်းသာ လျှပ်စစ်မီးရရှိနိုင်ရေး အစိုးရတွင် ဘတ်ဂျက် မရှိ၊ အစီအစဉ် ရေးဆွဲထားခြင်းလည်း မရှိ

ngwe-saung-news-copy
ချောင်းသာ၊ ဒီဇင်ဘာ ၁၈

မှူးအိမ်ဇော်

ဧရာဝတီ တိုင်းဒေသကြီးအ တွင်းရှိ ငွေဆောင်၊ ချောင်းသာနှင့် ရွှေ သောင်ယံ စသော အပန်းဖြေ ကမ်း ခြေ ဒေသများအ တွက် လျှပ်စစ်မီးရရှိနိုင်ရေး ဘတ် ဂျက်မရှိသကဲ့သို့ အစီအစဉ်ရေးဆွဲ ထားခြင်းလည်း မရှိကြောင်း ဧရာ ဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်း ဂျော်နီက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက်က ပြု လုပ်ခဲ့သော ရွှေသောင်ယံကမ်း ခြေနှင့် ဟိုတယ်ရွှေသောင်ယံ ဖွင့် ပွဲသို့ တက်ရောက်လာသော ဧရာဝ တီတိုင်းဝန်ကြီးချုပ်သည် ပေါ်ပြူ လာနယူးစ်၏ ‘မည်သည့်နှစ်များ တွင် လျှပ်စစ်ရရှိရေး စတင်ဆောင် ရွက်ရန်ရှိ မရှိ’ မေးခွန်းကို ၄င်းတို့ အစိုးရအဖွဲ့အနေဖြင့် လတ်တ လော ဘတ်ဂျက်လျာထားခြင်းမရှိ သေးကြောင်းနှင့်၊ လျှပ်စစ်မီးရရှိရေး လုပ်ဆောင်ပေးရန် အစီအစဉ် မရှိ သေးကြောင်း ဝန်ကြီးချုပ်က ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

”၂ဝ၁၆ -၂ဝ၁၇ လည်း မပါ နိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ဟိုဘက်မှာ စက်မှုဇုန်တွေ အများ ကြီးကျန်သေးတယ်။ ဘယ်တော့   လောက်လျှပ်စစ်ရမယ်ဆိုတာ ပြော လို့မရဘူး။ လောလောဆယ်တော့ ဘတ်ဂျက်ရော အစီအစဉ်ရော မရှိ သေးပါဘူး”ဟု ဝန်ကြီးချုပ် မန်းဂျော် နီက ပြောသည်။

အဆိုပါ ကမ်းခြေဒေသများ သည် နိုင်ငံခြားသားများ လာ ရောက်လည်ပတ်သော နေရာများ ဖြစ်ပြီး လျှပ်စစ်မီးလုံလောက်စွာ ပေးဝေနိုင် ပါက နိုင်ငံခြားငွေအ မြောက်အမြားရရှိနိုင်သော နေရာ များဖြစ်သော်လည်း အစိုးရအနေဖြင့် ယခုကဲ့သို့ လျှပ်စစ်မီးရရှိရေးဆောင် ရွက်ရန် မရှိသေးဟုဆိုခြင်းမှာ  ဟို တယ်လုပ်ငန်းများအတွက် အခက် အခဲဖြစ်နိုင်ကြောင်း ချောင်းသာဒေ သရှိ ဟိုတယ်ပိုင်ရှင်များထံမှ သိရ သည်။

 ချောင်းသာ၊ ငွေဆောင်နှင့်ရွှေ သောင်ယံဒေသများသည် ခရီးသွား လုပ်ငန်းအတွက် ကောင်းမွန်သော အလားအလာများရှိရာ  ဟိုတယ် အ မြောက်အမြား တည်ဆောက်နေကြ သော်လည်း လမ်းပန်းဆက်သွယ် ရေးအခက်အခဲနှင့် လျှပ်စစ်မီး မရ ရှိမှုများကြောင့် နှောင့်နှေးမှု များဖြစ် ပေါ်နေကာ ခရီးသွားများအတွက် လည်း ကုန်ကျစရိတ်များ ပိုမိုကုန် ကျနေခြင်း ဖြစ်သည်။

လျှပ်စစ်မီးရရှိလာပါက လျှပ် စစ်မီးအတွက် ကုန်ကျစရိတ်များ သက်သာလာနိုင်ပြီး အခန်းခများ လည်း ဈေးကျနိုင်ကြောင်းနှင့် ခရီး သွားလုပ်ငန်းအပြင် ဒေသအနေဖြင့် ပါ ဖွံ့ဖြိုးမှုများ ရှိလာနိုင်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြော သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*