အရေးယူပေးရန် တိုင်ခံထားရသည့် NLD လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၁ဝဝ ကျော်ရှိဟု ပါတီတိုင်ကြားစာ လက်ခံရေးဌာန ဥက္ကဋ္ဌပြော

အရေးယူပေးရန် တိုင်ခံထားရသည့် NLD လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၁ဝဝ ကျော်ရှိဟု ပါတီတိုင်ကြားစာ လက်ခံရေးဌာန ဥက္ကဋ္ဌပြော
December 21, 2016 Asian Fame

11:45 am
အရေးယူပေးရန် တိုင်ခံထားရသည့် NLD လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၁ဝဝ ကျော်ရှိဟု ပါတီတိုင်ကြားစာ လက်ခံရေးဌာန ဥက္ကဋ္ဌပြော

PNews
နေပြည်တော်၊ ဒီဇင်ဘာ ၂ဝ

NLD  တိုင်ကြားရေးဌာနသို့ အရေးယူပေးပါရန် တိုင်တန်းခံထား ရသည့် NLD လွှတ်တော်ကိုယ်စား လှယ် အရေအတွက်သည် ၂ဝ၁၅ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စား လှယ်ဦးရေစုစုပေါင်း၏ ၁၃ ရာခိုင် နှုန်းကျော်အထိရှိလာပြီဟု ပါတီတိုင် ကြားစာလက်ခံရေးဌာန ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့်၏ ပြောကြား ချက်အရ သိရသည်။

ဒုတိယအကြိမ် လွှတ်တော်အ သစ် စတင်ပြီး တစ်လအကြာတွင် NLD ပါတီသည် မဲဆန္ဒရှင်ပြည်သူ များ တိုင်ကြားနိုင်ရန်အတွက်  တိုင် ကြားစာ လက်ခံရေးဌာနတစ်ခုကို ဖွဲ့ပေးခဲ့သည်။

ထိုသို့ ဖွဲ့ပေးခဲ့ပြီး ၁ဝ လအ ကြာ၌ ဌာနသို့တိုင်ကြားလာမှု အ ရေအတွက်သည်  စုစုပေါင်း ၂ဝဝ ကျော်ပြီဟု ၄င်းက ပြောသည်။

၂ဝ၁၅ အထွေထွေရွေးကောက် ပွဲတွင် NLD ပါတီသည် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ် တော်အပါအဝင် တိုင်းရင်းသားရေး ရာဝန်ကြီးနေရာ စသည်ဖြင့်နေရာ ၈၈၆ နေရာ၌ အနိုင်ရခဲ့သည်။

လက်ရှိ တိုင်တန်းခံထားရမှု သည် ကိုယ်စားလှယ်ဦးရေ ၁ဝဝ ကျော်နေ၍ ၁၃ ရာခိုင်နှုန်းကျော် ပြီဟု ပြော၍ရသွားသည်။

ဒေါက်တာမျိုးညွန့်က ”တိုင် လို့ရတယ်ဆိုတာကို ပြည်သူတွေ က သိသွားတော့ တိုင်လာကြတယ်” ဟု ပြောသည်။

ထိုကိုယ်စားလှယ် ၁ဝဝ ကျော် ကို တိုင်ကြားသည့်စာသည် ၂ဝဝ ကျော်ဟု ဒေါက်တာမျိုးညွန့်က ဆို သည်။ တိုင်တန်းလာမှုအပေါ် ပါတီ က စစ်ဆေးပြီး ပါတီဗဟိုအလုပ်အ မှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အရေးယူနေကြောင်း၊ လက်ရှိတွင်လည်း အရေး ယူနေမှု တို့ရှိသည်ဟု  ၄င်းကဆက်ပြောသည်။

လတ်တလောတွင် မွန်ဝန်ကြီး ချုပ်နှင့် တနင်္သာရီတိုင်းလွှတ်တော် အကြီးအကဲနှစ်ဦးကို တိုင်တန်းလာ မှုအရ ပါတီက စစ်ဆေးနေပြီး   တွေ့ ရှိချက်ကို  ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီသို့ တင်ထားသည် ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။

စစ်ဆေးမှုထဲပါဝင်သည့် ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ် ဝင်းက ”ကျွန်တော်တို့က ဆုံးဖြတ် ပေးလို့မရဘူး။ တွေ့ရှိချက်ပဲ တင် ရတာ” ဟု ပြောသည်။

ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တို့၏ ဆောင်ရွက် ချက်သည် လိုအပ်ချက်များ ရှိနေ သည်ကိုတွေ့နေရကြောင်း၊ ထို့ကြောင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် နိုင်ငံရေးရင့်ကျက် သူတို့ကို ရွေးထားကြောင်း ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*