အန်အယ်လ်ဒီပါတီမှ အစိုးရထိပ်တန်းခေါင်းဆောင်များနှင့် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များကြား ဆက်ဆံရေး ယခင်ကထက် ပိုကောင်းနေဟု ဆို

အန်အယ်လ်ဒီပါတီမှ အစိုးရထိပ်တန်းခေါင်းဆောင်များနှင့် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များကြား ဆက်ဆံရေး ယခင်ကထက် ပိုကောင်းနေဟု ဆို
December 21, 2016 Asian Fame

4:20 am
အန်အယ်လ်ဒီပါတီမှ အစိုးရထိပ်တန်းခေါင်းဆောင်များနှင့် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များကြား ဆက်ဆံရေး ယခင်ကထက် ပိုကောင်းနေဟု ဆို

cover-copy

နေပြည်တော်၊ ဒီဇင်ဘာ ၂ဝ

အန်အယ်လ်ဒီပါတီက တင် မြှောက်လိုက်သော အစိုးရထိပ် တန်းခေါင်းဆောင်များနှင့် တပ် မတော် ထိပ်ပိုင်းခေါင်းဆောင်များ အကြား ဆက်ဆံရေးအခြေအနေ သည် ယခင်ကထက်ပင် ပို၍ကောင်း နေကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအ ဖွဲ့ဝင် ဦးဝင်းထိန်က ပြောလိုက် သည်။

လက်ရှိဖြစ်နေသည့် ဆက်ဆံ ရေး အခြေအနေကို မေးမြန်းရာ၍ သူက အထက်ပါစကားကို ပြော ကြားခြင်းဖြစ်ပြီး ပါတီထိပ်ပိုင်း ခေါင်းေ ဆာင်များနှင့် တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ၏ ဆက် ဆံရေးသည်လည်း ထိုအတိုင်း ဖြစ် သည်ဟု ဦးဝင်းထိန်က ဆက်ပြော သည်။

တပ်မတော်နှင့် လက်ရှိ တိုက်ပွဲ ဖြစ်နေသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့ကို အကြမ်းဖက် အဖွဲ့အဖြစ်သတ်မှတ်ပေး ရန် ပြည် သူ့လွှတ်တော်သို့ ပြည်ခိုင်ဖြိုးကိုယ် စားလှယ်တစ်ဦးက အဆိုတင်သွင်း လာသည့်အပေါ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်များ က မထောက်ခံဘဲ ကန့်ကွက်ခဲ့ကြ သည့်အတွက် လက်ရှိနှစ်ဖက်ဆက် ဆံရေးအပိုင်းသည် အနည်းငယ် အဖုအထစ်ရှိသွားသည် ဟု ပြင်ပ တွင် သတင်းစကားများထွက်ပေါ် နေသော်လည်း ¤င်းမှာ မဟုတ်မှန် ကြောင်း ဦးဝင်းထိန်က ငြင်းဆိုခဲ့ သည်။

”ငြိမ်းချမ်းရေး ကိစ္စတွေကို အစိုးရနဲ့တပ်မတော်က ပူးပေါင်း ပြီးလုပ်နေပါတယ်”ဟု ဦးဝင်းထိန် က ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်က လည်း တိုက်ပွဲဖြစ်နေသော ရှမ်း မြောက်ဒေသသို့  နိုင်ငံတော်ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှ င့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့် ခေါင်းဆောင်သော ကိုယ်စား လှယ်အဖွဲ့ သွားရောက်ခဲ့ပြီး နိုင်ငံ တော်ဒုတိယသမ္မတ ကတိုင်းရင်း သား လက်နက်ကိုင်များကို အစိုးရ အကောင်အထည်ဖော်နေသည့် (၂၁) ရာစု ပင်လုံညီလာခံသို့ အား လုံး လာရောက်ကြရန် ဖိတ်ခေါ်ခဲ့ သည်။

ထိုသို့ ဖိတ်ခေါ်ရာတွင် လက် နက်ကိုင်စွဲသည့် လမ်းစဉ်ဖြင့် ဖက် ဒရယ်ဒီမိုကရေစီစနစ်ကို မတည် ဆောက်နိုင်ဆိုသည့် စကားကိုပါ ဒုတိယသမ္မတက ထည့်ပြောခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦး ဝင်းမြင့်ကလည်း မိမိတို့နိုင်ငံ၏ အ ချုပ်အခြာအာဏာ မထိခိုက်မဆုံး ရှုံးစေရန်၊ တရားဥပဒေစိုးမိုးမှု ရရှိ စေရန်၊ မိမိတို့ ပြည်သူများ၏ စိုး ရိမ်ပူပန်မှု၊ အသက် အိုးအိမ်စည်း စိမ် ဆုံးရှုံးထိခိုက်မှုများ မရှိရလေ အောင် စိုးရိမ်ကြောင်းအဆိုကို လွှတ်တော်တွင် မှတ်တမ်းတင်ထား ရှိပါကြောင်း ပြောခဲ့သည်။

နိုဝင်ဘာလ ၂ဝ ရက်နေ့ မနက် ပိုင်းက မူဆယ်မြို့၌ စတင်ဖြစ်ပွား ခဲ့သည့် တစ်ဖက်မှစတင်တိုက်ခိုက် ရာမှစသည့် တိုက်ပွဲသည် ယနေ့အ ချိန်အထိ မပြီးပြတ်သေးဘဲ ကွတ် ခိုင်၊ မုံးကိုး စသည်အထိ ကူးစက် နေကာ ရဲတပ်ဖွဲ့ဝင် ၁၅ ဦး၊ ပြည် သူ့စစ် ၁ ဦး၊ အရပ်သား ၂ဝ ဦးအထိ သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ ၆ဝ ကျော် အထိရှိနေသည်။

တပ်မတော် ကာကွယ်ရေး ဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဒီဇင်ဘာလ ၁၉  ရက်နေ့ က သွားရောက်ခဲ့သည့် သူ၏ မတူ ပီ တပ်နယ်ခရီးစဉ်တွင် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ် ငြိမ်းစေရန် ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ တစ်ဖက်တွင် လည်း နိုင်ငံတော်နှင့် တပ်မတော် ကိုဆန့်ကျင် တိုက်ခိုက်ပြီး ပြည်သူ လူထုအကျိုးစီးပွား ထိခိုက်အောင် လုပ်ဆောင်နေသည့် အကြမ်းဖက် သောင်းကျန်းသူများကို တိုက်ခိုက် ချေမှုန်းနေရကြောင်းနှင့် တပ်မ   တော်အနေဖြင့် ဒီမိုကရေစီ ခိုင် ခိုင်မာမာနှင့် နိုင်ငံတိုးတက်အောင် ဝိုင်းဝန်း လုပ်ဆောင်နေကြောင်း ပြောဆိုသွားသည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*