2:24 pm
PNews
နေပြည်တော်၊ ဒီဇင်ဘာ၂ဝ
အစိုးရသစ်လက်ထက် ၉ လ တာ ကာလအတွင်း အရေးယူခဲ့ရ သည့် နိုင်ငံဝန်ထမ်းထဲ၌ အကျဉ်း ဦးစီးဌာနမှ ဝန်ထမ်းအချို့လည်းပါ ဝင်နေသည်ဟု သတင်းရရှိသည်။
အကျဉ်းထောင်အတွင်း မူး ယစ်ဆေးတွေ့ရှိမှု၊ ၃ ယောက်နှင့် အထက် ရဲဘက်ပြေး ထွက်ပြေး လွတ်မြောက်သွားမှု စသည့် ကိစ္စ ရပ်တို့နှင့် ဖြစ်သည်ဟု အကျဉ်း ဦးစီးဌာနပြောရေးဆိုခွင့်ရ ဦးမင်း ထွန်းစိုးက ပြောသည်။
ထုတ်ပစ်ခဲ့သည့်၊ ထုတ်ပယ်ခဲ့ သည့်၊ အဆင့်လျှော့ခဲ့သည့် ဝန် ထမ်း စုစုပေါင်းမှာ ၁၂ဦးရှိပြီး ထို ထဲတွင် အရာရှိအဆင့်က ၄ ဦး ပါ သည်ဟု စာရင်းများအရသိရသည်။
”ထုတ်ပစ်ခဲ့တာက အခြား သောဌာနမှာ ဝင်ရောက်လုပ်ကိုင် မယ်ဆို လုပ်ခွင့်ရှိပေမယ့် ထုတ် ပယ်လိုက်တဲ့သူဟာ ဝန်ထမ်း လုပ် ခွင့်မရှိတော့ပါဘူး” ဟု ဦးမင်းထွန်း စိုးက ပြောသည်။
ထုတ်ပစ်ခဲ့သည့် အရာထမ်း သည် ၂ ဦး၊ အမှုထမ်းသည် ၁ ဦး၊ ထုတ်ပယ်ခဲ့သည့် အရာထမ်းမှာ ၂ ဦး၊ အမှုထမ်းမှာ ၄ ဦးဖြစ်ကာ ရာ ထူး လျှော့ခဲ့ရသူတို့ထဲတွင် အရာ ထမ်းမပါဘဲ အမှုထမ်းသာပါပြီး ၃ဦးဖြစ်သည်ဟု သူက ဆက်ပြော သည်။
ထုတ်ပစ်ခဲ့မှုသည် ဇွန်လဆန်း ပိုင်းကဖြစ်ခဲ့သော မော်လမြိုင်အ ကျဉ်းထောင်ကို ရှောင်တခင်စစ် ဆေးမှု၏ နောက်ဆက်တွဲဆောင် ရွက်ချက်ဟု သိရသည်။
ထိုစဉ်က အကျဉ်းထောင်အ တွင်း မူးယစ်ဆေးအချို့နှင့် ထောင် ထဲမရှိသင့်သည့် ပစ္စည်းအချို့ကို စစ် ဆေးရေးအဖွဲ့တို့ က တွေ့ရှိခဲ့ သည်။
အစိုးရသစ်၏ ၉ လတာကာ လအတွင်း ထိုကဲ့သို့ဌာနအနေဖြင့် အရေးယူလိုက်ရသည့် စာရင်းသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လိုက်ပါ က နည်းသည်ဟုဆို၍ရနေကြောင်း ဌာနတွင်း စာရင်းအရ သိရသည်။
ကိန်းဂဏန်း အတိအကျကို ဌာနက ထုတ်မပြောသော်လည်း အလားတူကာလကဆိုလျှင် ထို ထက်များသည်ဟု အကျဉ်းဦးစီး ဌာနက ပြောသည်။
အကျဉ်း ဦးစီးဌာန ဝန်ထမ်း အချို့အရေးယူခံလိုက်ရသလို ယခု ၂ဝ၁၆ခုနှစ် လဆန်းပိုင်းမှ နိုဝင် ဘာလအထိ ရဲတပ်ဖွဲ့မှ အရာရှိ ၁၁၄ ဦး အခြားအဆင့် ၄၉ ဦး သည်လည်း လောင်းကစားနှင့် ပတ်သက်မှု၊ ဥပဒေနှင့် မညီညွတ် သည့် အခြားသောကိစ္စရပ်များ ကြောင့် အရေးယူခံခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရ သည်။