သူတို့အမြင်

သူတို့အမြင်
December 21, 2016 Asian Fame

12:19 pm
သူတို့အမြင်

capture

ပေါ်ပြူလာနယူးစ်အဖွဲ့

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းများ မကြုံစဖူးမြင့်မားလာသည်ကို အားလုံးအသိပင်။ ယခုနှစ် သြဂုတ်လကုန်ပိုင်းမှ စ၍   နှစ်ကုန်ခါနီးအထိ တရိပ်ရိပ်မြင့်တက်လာသည်မှာ ယခုရက်ပိုင်းအတွင်း တက်နှုန်းကြမ်းလာသဖြင့် အများပြည်သူတို့စိုးရိမ် လာကြ သည်။ သို့သော် ဒီဇင်ဘာ ၁၉ ရက်နေ့တွင်မူ သိသိသာသာပြန်လည်ကျဆင်းလာပြီ ဖြစ်၏။ အမှန်တကယ် ကျဆင်းခြင်းလား ယာယီ သဘောကျဆင်းလားဆိုသည်ကို မည်သူမျှတိတိကျကျမသိကြသေး။ မည်သို့ပင်ဆိုစေကာမူ မြန်မာ့သမိုင်းဝယ် ဒေါ်လာဈေး အမြင့်ဆုံး တက်ခဲ့ခြင်းနှင့်ပတ်သက်၍ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူတို့၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါကြောင်း။

ဒေါက်တာမောင်မောင်လေး
ဒုတိယဥက္ကဋ္ဌ၊ ကုန်သည်စက်မှု လက်မှုလုပ်ငန်း အသင်းချုပ်

ပစ္စည်းတစ်ခုဟာ ရောင်းလို အားနဲ့ ဝယ်လိုအားပေါ်မူတည်ပြီး အတက်အကျတွေ ရှိတတ်တယ်။ ဒါကတော့ သီအိုရီအရ ပြောတာ ပေါ့။ ဒါပေမယ့် အခုနိုင်ငံမှာ ဒေါ် လာဈေးတက်နေတာက အဲဒီသီအို ရီအတိုင်းမဟုတ်ဘူး ဖြစ်နေတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ တာဝန်ရှိတဲ့သူတွေ။ ဥပမာပြောရ ရင် ဗဟိုဘဏ်ပေါ့။ သူတို့က ထုတ် မပြောဘူး။ ပြောရင်လည်းပဲ ထိန်း လို့မရပါဘူး၊ လုပ်လို့မရပါဘူးလို့ ပဲ ဆိုတယ်။ ဒီတော့ အကျိုးဆက် ရလဒ်က သိပ်မကောင်းဘူး ဖြစ် သွားတယ်။ နိုင်ငံမှာ လူလတ်တန်း စားကနည်းတယ်။ စားစရာမရှိတဲ့ လူများနေတယ်။ ထားစရာမရှိတဲ့သူ တွေကလည်း ရှိနေပြန်တယ်။ အခု ကိစ္စမှာ ထားစရာမရှိတဲ့လူတွေ ဝင်ကစားတဲ့ ပုံရိပ်တွေ တွေ့နေရ တယ်။ နဂိုကတည်းကမှ မတည် ငြိမ်ပါဘူး၊ ခံနိုင်ရည်မရှိပါဘူးဆိုတဲ့ ဈေးကွက်တစ်ခုဟာ အဲဒီလူတွေ ကြောင့် အဆိုးဆုံး အခြေအနေ   ရောက်သွားတယ်။ ဒီလိုလူတွေကို လုပ်နိုင်တာတစ်ခုက တာဝန်ရှိသူ တွေက မူနဲ့ဘောင်နဲ့ ထိန်းဖို့လို တယ်။ ပြီးတော့ နိုင်ငံခြားဝင်ငွေ ရနိုင်အောင် နည်းလမ်းအသွယ် သွယ်ကို အစိုးရက ရှာဖွေရမယ်။ ရေတို၊ ရေရှည်နည်းနဲ့ မလုပ်မချင်း ဒီကိစ္စဟာ ကျလည်းခဏပဲ။ ပြန် တက်မယ့်အနေ အထားပဲရှိတယ်။

ဒေါက်တာစိုးထွန်း
ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

ဒီကိစ္စအပေါ် တာဝန်ရှိသူတွေ ရဲ့ ကိုင်တွယ်ဖြေရှင်းမှုဟာ အားရ စရာ အခြေအနေမရှိဘူးလို့ ပြော ချင်ပါတယ်။ တာဝန်ရှိတဲ့သူတွေ   ပေါ့လျော့နေတယ်လို့ ခံစားမိပါ တယ်။ သို့သော်လည်းပဲ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကိုမူ တည်ပြီး ကျွန်တော့်ရဲ့ ပုဂ္ဂလိကအ မြင် အရ သုံးသပ်ရရင် ဒီဇင်ဘာ လ ၁၆ ရက်နေ့ ညနေကစပြီး စင် ကာပူမှာ ဒေါ်လာရောင်းချမှုတွေ မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါဟာ   ပြည်တွင်းလုပ်ငန်းရှင်များ ရဲ့ ပြည်ပဘဏ်စာရင်းတွေကို ဗဟို ဘဏ်က တောင်းယူထားတဲ့ အခြေ အနေနဲ့ ဆက်စပ်နိုင်ပါတယ် ။ နောက်တစ်ချက်က သွင်းကုန်လုပ် ငန်းရှင်အများစု။ သူတို့က လက်ရှိ မှာဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးအ ဆမတန် မြင့်တက်နေမှုတွေေ ကြာင့် ပြည်ပကနေ တင်သွင်းမယ့်ကိစ္စတွေ ကို ရပ်ထားတဲ့အတွက် ဒေါ်လာလို အပ်ချက်ဟာ လျော့ကျနေတယ်။ နောက် တစ်ချက်။   မြန်မာနိုင်ငံမှာ ဘဏ်လိုင်စင်ရထားတဲ့ ဘဏ် ၁၃ ဘဏ်ကို သွင်းကုန်ထုတ်ကုန် လုပ် ငန်းရှင်များအတွက် နိုင်ငံခြားငွေ အကောင့်ဖွင့် ခွင့်ပေးမယ်။ ပြီးတော့ လုပ်ငန်းရှင်တွေကို ဒေါ်လာနဲ့ ငွေ ချေးခွင့်လည်း ပေးမယ်ဆိုတဲ့အ တွက် လက်ရှိတင်းမာနေတဲ့ ငွေလဲ နှုန်း ဟာ လျော့ကျသွားဖို့ အခြေ အနေရှိပါတယ်။ နောက်တစ်ချက် ကတော့ ပြည်ပဘဏ်တွေ။ သူတို့ က ပြည်တွင်းလုပ်ငန်းရှင်တွေ ကို ချေးေ ငွတွေပေးဖို့ရှိနေတယ်။ ဗဟို ဘဏ်ကသာ ခွင့်ပြုမယ်ဆိုရင် သူ တို့က ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ ဒေါ်လာတွေကို ရောင်းချပေးမယ် လို့ သိရတယ်။ သူတို့တွေက ပြည် တွင်းဘဏ်တွေကို အရောင်းပိတ် ထားတာတွေမျိုး ပြုလုပ်မှာမဟုတ် ဘူး။ ဒီအချက်တွေကလည်း ဒေါ် လာဈေးတွေကျဖို့ အကြောင်းရင်း တွေ ဖြစ်လာတယ်။ ရေရှည်အ တွက်ကတော့ မှန်ကန်တဲ့ နည်း လမ်းတွေကို ချမှပဲ ရပါလိမ့်မယ်။

ဦးကျော်မျိုးထွန်း
မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာနေသူ

ရေတို၊ ရေလတ်၊ ရေရှည် အဆင့် ၃ ဆင့်နဲ့ မဖြေရှင်းသရွေ့ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား တွေဟာ ဒီလိုပဲတက်လိုက်၊ ကျလိုက်   ဖြစ်နေဦးမှာပဲ။ အလားတူ မြန်မာ ငွေတန်ဖိုးဟာလည်း လျော့ကျနေ ဦးမှာပဲ။ ရေရှည်နည်းလမ်းကတော့ ပြည်ပပို့ကုန်တွေ တိုးအောင် လုပ်ရ မယ်။ အစိုးရလိုငွေကို လျှော့ရ မယ်။ လက်ရှိ နိုင်ငံမှာ ဖြစ်ပေါ်နေ တဲ့ ငွေလဲနှုန်း မြင့်မားနေရတဲ့ အ ကြောင်းရင်းကို အဖြေရှာလိုက် ရင် ပြည်တွင်း၊ ပြည်ပအခြင်းအရာတွေ ကြောင့်လို့ သွားတွေ့မိတယ်။ ပြည်ပ မှာ အမေရိကန်ဒေါ်လာ ဈေးတွေ မာနေတယ်။ ပြည်ပ အကြောင်းအ ရာကတော့ ရိုးရှင်းတယ်။ မရိုးရှင်း တာက ပြည်တွင်းပါ။ အရင်တုန်းက တော့ လူတွေက မြေကြီးတွေဝယ်၊ တိုက်ခန်းတွေ ဝယ်။ နောက်ပြီး စတော့ဘက် နည်းနည်းလှည့်။ အဲ ဒါတွေက အလုပ်သိပ်မဖြစ်တော့ ရွှေဘက်၊ ဒေါ်လာဘက်တွေ လှည့် ကြတယ်။ ပိုက်ဆံရှိတဲ့သူတွေ အ များစုက ဒါတွေ လုပ်နေကြတယ်။ ရှေ့ဆက်ပြီး စီးပွားရေးက ကောင်း နိုင်ပါ့မလားဆိုပြီး စောင့်ကြည့်နေ တဲ့ သူတွေကလည်း အလုပ်တွေကို ရပ်ထားကြတယ်။ ငွေကို ဒီအတိုင်း လက်ထဲ ဆုပ်ပြီးထားကြတယ်။ ဒေါ်လာတို့၊ ရွှေတို့ ပြန်ပြောင်း လိုက်ကြတယ်။ ဒါတွေပါ ဝင်လိုက် တဲ့အတွက် ဈေးကွက်က ကပြောင်း ကပြန်တွေ ဖြစ်ကုန်တယ်။ အဲဒီလူ တွေအတွက် အစိုးရက ရင်းနှီးမြှုပ် နှံနိုင်မယ့်လုပ်ကွက်တွေကို ဖော်ပေး ရမယ်။ ဥပမာ ကမ္ဘောဒီးယားလိုပေါ့။ နိုင်ငံမှာ ကွန်ဒိုမီနီယံလော ထွက် ထားပြီးပြီ။ နည်းဥပဒေက နည်း နည်းကြန့်ကြာနေတယ်။ ဒီတော့ ဒါကိုသာ လုပ်ပေးလိုက်ရင် နိုင်ငံ ခြားသားတွေလည်း ကွန်ဒိုတွေဝယ် နိုင်မယ်၊ ပြည် တွင်းလုပ်ငန်းရှင် တွေလည်း ကွန်ဒိုတွေဆောက်နိုင် မယ့် မြေတွေကို ဝယ်တာတို့၊ ရင်း နှီးမြှုပ်နှံတာတို့ လုပ်လာကြလိမ့် မယ်။ ဒါဆိုရင် သူတို့တွေက ဒေါ် လာတွေဘက်မှာ ဝင်ပြီး ဈေးကစား ကြတော့မယ်။ နောက်တစ်ချက်က စတော့မားကက်။ ဒါကို ပြည်သူ တွေ စိတ်ဝင် စားအောင် အစိုးရက လုပ်ပေးရမယ်။ နောက်တစ်ခုက ပြည်ပရောက်နေတဲ့ မြန်မာလုပ် သား ၅ သန်း။ သူတို့ငွေလွှဲမှုကို အစိုးရက အဆင်ပြေအောင် လုပ် ပေးရမယ်။ မိသားစုထံ တစ်လ တစ်လ တစ်ဦးကို အမေရိကန် ဒေါ်လာ ၁ဝဝ ပဲလွှဲ။ လူ ၅ သန်း နော်။ ဒီငွေတွေကို အစိုးရကရမှာ။ နိုင်ငံခြားငွေအနေနဲ့ပေါ့။ နောက် တစ်ခုအခွန်။ ပြည်သူတွေ အခွန် ဆောင်ဖို့လိုတယ်။ အလကား ဆောင်ခိုင်းတာမဟုတ် ဘူး။ ဆောင် သင့် ဆောင်ထိုက်တဲ့ ပမာဏကို ဆောင်ဖို့လိုတယ်။ ဒီလိုဆိုရင်တော့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ တကယ့် တကယ်   ဖြေရှင်းရမှာက အစိုးရပါ။ ကျွန်တော်တို့တွေက မှတ်ချက်ပြုတာတို့၊ အကြံပြုတာ တို့ပဲ လုပ်လို့ရမယ်။ သူတို့ လုပ်မှ ဒါတွေကရမှာ။ သူတို့ မလုပ်မ ချင်းကတော့ ဒါတွေက ဒီအတိုင်း ဆက်ရှိနေမှာပဲ။

ဦးစောလှထွန်း
အဖွဲ့ဝင်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်

ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ကော် မရှင်နဲ့ဗဟိုဘဏ်၊ ပြည်တွင်း၊ ပြည်ပ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေ၊ ပြီးတော့ ဘဏ်လုပ်ငန်းရှင်တွေ ပါ တဲ့ အဖွဲ့တစ်ဖွဲ့နဲ့ တွေ့ပါတယ်။ ဒေါ်လာဈေးတက်ရတဲ့ အခြေအ နေနဲ့ နောက်ဆုံးအခြေအနေ။ ပြီး တော့ ဇာစ်မြစ်စတာတွေကို ကော် မရှင်အစည်းအဝေးမှာ ကြားခဲ့သိ ခဲ့ရပါတယ်။ လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးတက် ရတဲ့ အဓိက အကြောင်းရင်း က တော့ ဝယ်လိုအား များနေတာ ကြောင့်ပါပဲ။ ဝယ်လိုအားဟာ ဘာ့ ကြောင့်များနေရလဲဆိုရင် လုပ်ငန်း လုပ်ဖို့ထက် အခြားအကြောင်းအ ရာတွေ ပါဝင်နေတယ်ဆိုတာကို လည်းထပ်တွေ့ခဲ့ရပါတယ်။ နောက် တစ်ခုက  ကားတင်သွင်းခွင့်။ ဒီ့အ တွက်လည်း ဝယ်နေကြပါ တယ်။ နောက်တစ်ချက်ကတော့ သွင်းကုန် လုပ်ငန်းရှင်တွေ။ သူတို့က နိုင်ငံ ခြားမှာ အကောင့် ဖွင့်ပြီး လုပ်ကြပါ တယ်။ ဘာဖြစ်လို့ ပြည် တွင်းမှာ မ လုပ်ကြလဲ ဒါတွေကိုလည်း ကော်မ ရှင်က မေးမြန်းမှု လုပ်ခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့ စုပေါင်း ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆောင်ရွက်နိုင်အောင်၊ လုပ်ဆောင် မယ်ဆိုရင်လည်း အချက်အလက် အားဖြင့် ကိုးကားနိုင်အောင် အ ကြံပြု တင်ပြသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ကော်မရှင်ဟာ အကြံ ဥာဏ်ပေးလို့ရတဲ့ ကော်မရှင်လည်း ဖြစ်ပါတယ်။ အကောင်အထည် ဖော်ေ ဆာင်ရွက်တဲ့ ကော်မရှင် မ ဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ အကြံပြုလွှာပဲ တင်မှာပါ။ လက်ရှိ ဒေါ်လာဈေးတက်ရတဲ့ အ ခြေအေ နကို အကြောင်းအရာတစ် ခုတည်းမဟုတ်ဘဲ အကြောင်းအ ရာ မျိုးစုံကြောင့် ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒေါက်တာသက်သက်ခိုင်
အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ

သွင်းကုန်တွေက တအားများ နေတယ်။ ပို့ကုန်တွေက ရတဲ့ငွေက တအားနည်းနေတဲ့အတွက် ဒေါ် လာငွေ လိုအပ်ချက်ရှိပါတယ်။ ဒီ တော့ မြန်မာငွေနဲ့ လိုက်ဝယ်ရ တယ်။ ဒါဟာ ခုမှဖြစ်တာ မဟုတ် ပါဘူး။ တောက်လျှောက်ကိုဖြစ်လာ တဲ့အတွက် ငွေလဲနှုန်းဟာ အကျမ ရှိဘဲ အတက်ဘက်ကိုပဲ တရိပ်ရိပ် တက်လာတယ်။ ဒါတွေကို တည် ငြိမ်ဖို့ဆိုရင် စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်၊ နိုင်ငံ   တော်ကလည်း မူဝါဒကောင်း ကောင်းတွေနဲ့ ချမှတ်ပေးဖို့ လိုသ လို၊ လုပ်ငန်းရှင်တွေကလည်း ကြိုး စားဖို့လိုတယ်။ လက်ရှိ အစိုးရ လက်ထက်မှာ အထောက်အပံ့ချေး ငွေတွေရဖို့ အများကြီး ရှိနေပါ တယ်။ လက်ရှိ ပြည်ထောင်စုလွှတ် တော်မှာလည်း ဆွေးနွေးနေတယ်။ ဒီငွေတွေဟာ ပစ္စည်းအနေနဲ့ ဝင် လာမှာဖြစ်သလို ငွေရေးကြေးရေး အနေနဲ့လည်း ဝင်လာမှာဖြစ်တယ်။ ဒီငွေတွေဟာ ပြည်တွင်းဈေး ကွက် ထဲကိုရောက်လာရင် ဈေးနှုန်းတည် ငြိမ်မှု အထိုက်အလျောက် ရှိလာ ပါ လိမ့်မယ်။ ဒီ့ထက် ပိုကောင်းတဲ့ နည်းလမ်းကတော့ နိုင် ငံခြားရင်း နှီးမြှုပ်နှံမှုပါပဲ။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုတိုင်းဟာ ငွေထုပ်ပိုက်ပြီး လာ ကြရတာ ဖြစ်ပါတယ်။ ဒီငွေတွေနဲ့ အတူ ပြည်တွင်းက အလုပ်အကိုင် အခွင့်အလမ်းတွေစတဲ့ အကျိုးရလဒ် ကောင်းတွေ အများကြီးရှိလာပါလိမ့် မယ်။ ဒီကိစ္စတွေဟာ ချက်ချင်း လက်ငင်းထ လုပ်လို့မဖြစ်နိုင်ဘဲ ရေ ရှည်လုပ်ရင်းနဲ့ အကျိုးစီးပွားရလဒ် ကောင်းတွေရလာဖို့ အကောင်အ ထည် ဖော်သွားရမှာ ဖြစ်ပါတယ်။ လက်ရှိ   နိုင်ငံဟာ ဈေးကွက်စီးပွား ရေးစနစ် ကျင့်သုံးနေတာဖြစ်ပါ တယ်။ ဒီတော့ အစိုးရက ဒီဈေး ဖြစ်သင့်တယ်၊ ဒါပဲဖြစ်ရမယ်ဆိုပြီး လုပ်လို့ မရပါဘူး။ လုပ်လို့လည်း မဖြစ်ပါဘူး။ သူက အပြင်ကနေပဲ ထိန်းညှိပေးသွားရမှာ ဖြစ်ပါတယ်။

ဒေါက်တာဝင်းကျော်အောင်
ပြည်ခိုင်ဖြိုးပါတီ စီးပွားရေးကော်မတီဝင်

အခုဟာက ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဘူးဖြစ်နေ တယ်။ ဒီတော့ မလိုအပ်တဲ့ ပစ္စည်း တွေ တင်သွင်းတာကို လျှော့ဖို့လို တယ်။ မရှိမဖြစ် သုံးရမယ့်ပစ္စည်း လောက်ပဲ တင်သွင်းသင့်တယ်။ ဥပမာ အခြားသော ဇိမ်ခံပစ္စည်း လိုမျိုး စတာတွေကိုတော့ ဒီ ၁ လ ၂ လအ တွင်းမှာ လျှော့နိုင်တယ် ဆိုရင် ဈေးကွက်မှာ လိုအပ်ချက် က တော်တော်လေးကို လျော့သွား မယ်။ ဒါကတော့ ရေတိုနည်းပေါ့။ ရေရှည် နည်းကတော့ အစိုးရရဲ့ စီးပွားရေးပေါ်လစီပဲ။ ကောင်းရင် ကောင်းသလို၊ ဆိုးရင် ဆိုးသလို သက်ရောက်မှုတွေ အများကြီး ရှိ သွားပါ လိမ့်မယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*