လားရှိုးနှင့် ကျောက်မဲမြို့မှ စစ်ရှောင်ပြည်သူအချို့ နေရပ်ပြန်ခွင့်ရပြီ

လားရှိုးနှင့် ကျောက်မဲမြို့မှ စစ်ရှောင်ပြည်သူအချို့ နေရပ်ပြန်ခွင့်ရပြီ
December 21, 2016 Asian Fame

4:33 am
လားရှိုးနှင့် ကျောက်မဲမြို့မှ စစ်ရှောင်ပြည်သူအချို့ နေရပ်ပြန်ခွင့်ရပြီ
for-cover-copy

ဓာတ်ပုံ – ထူးထူး

ထူးထူး
ကျောက်မဲ၊ ဒီဇင်ဘာ ၂ဝ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့် ကျောက်မဲမြို့နယ်ရှိ စစ်ရှောင်ပြည်သူအချို့နေရပ်သို့ ပြန်ခွင့်ရပြီဖြစ်ကြောင်း  စစ်ရှောင် စခန်း များမှ သိရသည်။

လားရှိုးမြို့နှင့် ၁၃မိုင်ဝေးသည့် လွယ်တောက်ကျေးရွာမှ စစ်ဘေး ရှောင်ပြည်သူတစ်ရာကျော်နှင့်၊ ကျောက်မဲမြို့တွင်းရှိ  ကမ္ဘောဇ သျှမ်းကျောင်းတော်ကြီးတွင်  လာ ရောက်စစ်ရှောင်နေသော နမ့်စော ရွာမှ စစ်ရှောင်ပြည်သူ  ၁၆၅ ဦး တို့ ဒီဇင်ဘာ ၂ဝ ရက်တွင် နေရပ် သို့ ပြန်လည်ပြောင်းရွှေ့နိုင်ပြီဟု  ကျေးရွာများတွင်ကျန်ခဲ့သူများကအကြောင်းကြားလာကြောင်း သိရ သည်။

လားရှိုးမြို့နယ် လွယ်တောက် ကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ ဦးကျာလားပါက ”သူတို့ကို ပြန် လွှတ်ပေမယ့် စိတ်မချဘူး။ အ ထက်ပိုင်း မှာက စိတ်မချရသေး ဘူး” ဟု ပြောသည်။

ရှမ်းပြည် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်များကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်   ပြည်သူဦးရေ ပိုမိုတိုးပွားလာပြီး ဒေသခံများအနေဖြင့်လည်း စိတ်ချ ရသည့် အခြေအနေရောက်မှသာ နေရပ်သို့ ပြန်လိုကြကြောင်းပြော ကြသည်။

နမ့်စောရွာသူတစ်ဦးဖြစ်သည့် မနန်းစံက ”ပြန်သာပြန်ရတယ်  တပ်မတော် စစ်သားတွေက ရှိနေ တုန်းပဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က အချိန် မရွေး ပြန်လာနိုင်တယ်။ အဲဒါ ကြောင့် ကြောက်လည်းကြောက် တယ်။ ပြန်လည်း ပြန်ချင်တယ်” ဟုပြောသည်။

လားရှိုးတွင် လာရောက် စစ် ရှောင်ကြသူများတွင် လားရှိုးမြို့နှင့် ၁၈ မိုင်အကွာရှိ ကျေးရွာများမှ ဒေသခံများပါသလို ထိုထက်ပိုဝေး   သောနေရာများမှ စစ်ရှောင်ပြည်သူများလည်းပါကြောင်း ကျောက်မဲ မြို့အခြေစိုက် ပရဟိတသမားတစ် ဦးက ပြောသည်။

”အခုကဒီ လားရှိုး ၁၈ မိုင် အောက်ပိုင်းပဲ နေရပ်ပြန်နိုင်တာ။ ကျန်ဒေသတွေမှာတော့ စိတ်မချ ရသေးဘူး။ အဲဒီဒေသတွေက လူ တွေ ကိုတော့ စိတ်ချမှနေရပ်ကို ပြန် စေချင်တယ်” ဟု ၄င်းက ပြော သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လားရှိုးမြို့တွင် စစ်ဘေးရှောင်အိမ် ထောင်စု ၇၄စု၊ လူဦးရေ ၄၁၄ဦး၊မူဆယ်မြို့တွင်အိမ်ထောင်စု ၁၅၈ စု၊ လူဦးရေ ၃၂၂ ဦး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူနှင့် မန် တုံမြို့နယ်များတွင် အိမ်ထောင် စု စုစုပေါင်း ၅ဝ၅စု၊ လူဦးရေ ၁၈၆၁ ဦးရှိနေကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*