ရန်ကုန်မှာမြေအောက်လမ်းတွေဖောက်တော့မလား

ရန်ကုန်မှာမြေအောက်လမ်းတွေဖောက်တော့မလား
December 21, 2016 Asian Fame

1:53 pm
ရန်ကုန်မှာမြေအောက်လမ်းတွေဖောက်တော့မလား

15589980_973308852803537_7547966590190718378_n-copy

နေပြည်တော် ၊ ဒီဇင်ဘာ ၂၁

ရန်ကုန်မြို့တွင် ကားကြပ်မှု့များဖြေရှင်းနိုင်ရန်အတွက် မြေအောက်လမ်းများဖောက်လုပ်ရန် စဉ်းစားနေသည်ဟု ဆောက် လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

“ရေရှည်အတွက် စဉ်းစားရမှာပေါ့ ၊ ရေရှည်မှာတော့ ဆောက်လုပ်သွားဖို့ရှိပါတယ် ၊ လူကူးခုံးကျော်တံတားတွေနဲ့ ပတ်သက်ပြီး ပြည် သူတွေ လိုအပ်လာရင်ဆောက်လုပ်ပေးသွားမှာပါ”ဟု ၎င်းကပြောသည် ။

ဒီဇင်ဘာလ ၂၁ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော်မေးခွန်းများ ဖြေကြားအပြီးပြန်လည်ထွက်ခွာလာရာတွင် သတင်းမီဒီယာများကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့သို့ ဆောက်လုပ်ရန်အတွက် ဘတ်ဂျက်ရရှိမှု့အပေါ် မူတည်ပြီးဆောက်လုပ်သွားမည် ဟု၎င်းကပြောသည် ။

“နိုင်ငံခြားချေးငွေရရှိမှုအပေါ်မှာလည်း မူတည်ပါတယ် ၊ ဘတ်ဂျက်ရရှိမှုအပေါ်မှာလည်း မူတည်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည် ။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*