ယခုသတ်ဖြတ်မှုသည် အစ္စလာမ်မစ် အကြမ်း ဖက်များကို အပြတ်ရှင်းရန် ညွှန်ပြနေပြီဖြစ်ကြောင်း သမ္မတပူတင်ဆို

ယခုသတ်ဖြတ်မှုသည် အစ္စလာမ်မစ် အကြမ်း ဖက်များကို အပြတ်ရှင်းရန် ညွှန်ပြနေပြီဖြစ်ကြောင်း သမ္မတပူတင်ဆို
December 21, 2016 Asian Fame

3:53 am
ယခုသတ်ဖြတ်မှုသည် အစ္စလာမ်မစ် အကြမ်း ဖက်များကို အပြတ်ရှင်းရန် ညွှန်ပြနေပြီဖြစ်ကြောင်း သမ္မတပူတင်ဆို

treky

PN-002
မော်စကို၊ ဒီဇင်ဘာ ၂ဝ

”ဒီလူသတ်မှုဟာ ရုရှား-တူရကီဆက်ဆံရေးကို အခြေပျက်အောင်ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုတာထင်ရှားသလို၊ ဆီးရီးယားနဲ့ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကိုပါပျက်ပြားအောင် လုပ်တာဖြစ်တယ်”ဟု ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောသည်။ nတူရကီနိုင်ငံဆိုင်ရာ ရုရှားသံ အမတ်ကြီး အင်ဒရေးကာလော့ဗ် အား တူရကီရဲအရာရှိတစ်ဦးက ယနေ့ညနေပိုင်းဝယ် အင်ကာရာမြို့တွင် ကျင်းပသော ဓာတ်ပုံပြပွဲတစ်ခုတွင် သေနတ်ဖြင့်ပစ်သတ်မှု ဖြစ်ပွားခဲ့ပြီးနောက်တွင် ပူတင်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်လကပင်လျှင် ပူတင် နှင့်ဒေါ်နယ်ထရမ့်တို့သည် ”အစ္စ လာမ်မစ်နိုင်ငံတော်အကြမ်းဖက် အဖွဲ့ကို အတူတကွနှိမ်နင်းကြရန်” တယ်လီဖုန်းမှ ဆွေးနွေးခဲ့ကြသေးသည်။

”ခုသတ်ဖြတ်မှုဟာ တူရကီနဲ့ ရုရှားအကြား ပိုမိုတင်းမာလာပြီး စစ်ပါဖြစ်လာအောင်တွန်းအား ဖြစ်လာနိုင်တယ်”ဟု နိုင်ငံတကာ လေ့လာသူများက ပြောသည်။”ဒီသတ်ဖြတ်မှုဟာ အကြမ်း ဖက်သမားတွေကို ကျုပ်တို့ မဖြစ် မနေကို အပြတ်ရှင်းရတော့မယ်လို့ ဆိုလိုနေတာပဲဖြစ်တယ်။ အင်မ တန်ဆိုးရွားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ဒီသတ်ဖြတ်မှုကို ဘယ်သူက ကြိုး ကိုင်သလဲ၊ ဘယ်သူကသတ်ခိုင်းတာလဲဆိုတာ ကျုပ်တို့ သိရမှဖြစ်မယ်။ တူရကီမှာရှိနေတဲ့ ရုရှားသံ တမန်တွေအတွက်လည်း တူရကီ အစိုးရဆီက အာမခံချက်ကို ကျုပ် တို့လိုအပ်တယ်” ဟုလည်း သမ္မတပူတင်က ပြောပါသေးသည်။ ဆော်ဒီ အာရေဗျနိုင်ငံ အနေ ဖြင့် ဆီးရီးယားနိုင်ငံ ရီယာ့ဒ်မြို့ရှိ အကြမ်းဖက်သမားများကို ပံ့ပိုးကူ ညီမှုများ ပြုလုပ်နေမည်ဆိုပါက ကျောက်ခေတ်ပြန်ရောက်သွားသည် အထိဗုံးကြဲတိုက်ခိုက်မည်ဟု သမ္မ တပူတင်က ပြီးခဲ့သည့်လအတွင်း က ပြောကြားခဲ့သေးသည်။ ရုရှားသံအမတ်ကြီးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သူ မှာ အသက် ၂၂ နှစ်အရွယ်ရှိ တူရကီရဲအရာရှိတစ်ဦးဖြစ်ပြီး သေနတ်ဖြင့် ၇ ချက်ပစ်ရာတွင် သံအမတ်ကြီး၏ ခန္ဓာကိုယ်ကို ၃ချက် ထိမှန်ပြီးနောက်လဲကျသေဆုံး ရခြင်းဖြစ်သည်။ထို့နောက် သေနတ်သမားက ”အလက်ပိုကိုမမေ့နဲ့၊ ဆီးရီးယား ကို မမေ့နဲ့၊ နောက်ဆုတ်ကြ၊ နောက်ဆုတ်ကြ၊ ငါ့ကိုဒီကနေ အသေပဲရမယ်”ဟူ၍ြေ<ွကးကြော်ခဲ့ သေးသည်။ ထို့နောက်တွင်မူ တူရကီ အထူးရဲများက သေနတ်သမားအား အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။

REF: After murder of am­bassador, Putin vows to obliterate the Islamic State, Russian Ambassador to Turkey Is Assassinated in Ankara

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*