မင်းရွာသူ ၊ မင်းရွာသားတို့၏ သိက္ခာကျဆင်းအောင် ရေးသားခဲ့သည့် ဦးလှဆွေကို အရေးယူပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူး ရဲထံ တိုင်ကြား

မင်းရွာသူ ၊ မင်းရွာသားတို့၏ သိက္ခာကျဆင်းအောင် ရေးသားခဲ့သည့် ဦးလှဆွေကို အရေးယူပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူး ရဲထံ တိုင်ကြား
December 21, 2016 Asian Fame

2:28 pm
မင်းရွာသူ ၊ မင်းရွာသားတို့၏ သိက္ခာကျဆင်းအောင် ရေးသားခဲ့သည့် ဦးလှဆွေကို အရေးယူပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူး ရဲထံ တိုင်ကြား

P-News
ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ဘူးလက်ဦးလှဆွေ၏ လူမှုကွန်ရက်ပေါ်ရေး သားသည့် ”မင်းရွာမှာ စုန်းအတတ် တစ်ဖက်ကမ်း ခတ်တဲ့သူတွေပေါတယ်” ဟု ရေးသား ထားချက်သည် ရွာသူ၊ ရွာသားတို့၏ ဂုဏ်သိက္ခာကို ကျဆင်းစေသ ဖြင့် အရေးယူပေးပါရန် အဆိုပါ ရွာ၏ အုပ်ချုပ်ရေး မှူးက ရဲထံ ဒီဇင် ဘာလ ၁၉ ရက်နေ့က တိုင်တန်း လိုက်သည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂ဝ ရက်နေ့က ယခင် ပထမအကြိမ် ပြည်သူ့လွှတ်တော်  ဂန့်ဂေါကိုယ်စား လှယ် အမတ်ဟောင်း ဘူးလက် ဦးလှဆွေက ¤င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် ”ဒို့ယောနယ်က စုန်းတွေ အလုပ်သွားလျှောက်ရင် ရပြီ အထက်မှာ မင်း(မင်းရွာ) အလယ်မှာ ဘင်း (ထယ်လှော်ရွာ) အောက်မှာ အင်း (အင်းဒင်းရွာ) တွေမှာ စုန်းအ တက်တစ်ဖက်ကမ်းခတ်သူတွေ ရှိတယ်တဲ့” ဟု ရေး သားခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူး၏ တိုင်တန်း ချက်တွင် လိုအပ်သလို အရေးယူပေးပါရန်သာ ပါရှိ ထားသည်။ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မတစ် ခုခုဖြင့် အမှုဖွင့် တိုင်တန်းမှု ပြုမပြုကိုမူ ကာယကံ ရှင်က သူ၏တိုင်တန်းစာတွင် လတ်တလော မဖော် ပြထားပေ။

ဦးလှဆွေ၏ အဆိုပါရေးသားချက်ကို မင်းရွာ နေ မဇင်မာကြည်ဆိုသူက တစ်ဖန် ပြန်လည်ရေးသား ခဲ့ရာမှ  ဘူးလက် ဦးလှဆွေက   နေပြည်တော် ပုဗ္ဗ သီရိမြို့နယ် ထုံးဘိုရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုံးဘိုရဲစခန်းမှ တာဝန် ရှိသူများသည် မဇင်မာကြည်နေထိုင်ရာ မင်း ရွာသို့ ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးလှဆွေကို ဆက်သွယ်မေးမြန်းရာတွင် ယခုဖြစ်စဉ်သည် မဇင် မာကြည်အပေါ်တွင်သာ မူတည်ေ ကြာင်း ပေါ်ပြူလာ နယူးစ်၏မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

”ကျွန်တော် တရားမစွဲခင် သူတို့နဲ့ညှိတယ်။ ဒီ ကျွန်တော့်ကိုရေးထားတဲ့ပို့စ်ကို ပြန်ဖြုတ်ပေးပါပြော တယ်။ ဒါပေမယ့် ပြန်မဖြုတ်ပေးဘူး။ ကျွန်တော်က မတရားခံရတာလေ။ ဒါကို ပြန်ဖြုတ်ပေးမယ်ဆိုရင် ကျွန်တော် အမှုပိတ်ပေးမယ်။ ပြီးတောShare  တဲ့ သူတွေကိုပါ တရားစွဲ မှာ။ ရှေ့နေတွေနဲ့တိုင်ပင်ပြီးပြီ။ သူတို့တရားပြန်စွဲလို့မရဘူး။ ကျွန်တော်ရေးထားတာ ယေဘုယျသဘောဆောင်တယ်။ သူတို့တရားစွဲေ တာ့ လည်း ရင်ဆိုင်ရုံပေါ့ဗျာ”ဟု ၄င်းက ဆိုသည်။

လက်ရှိတွင် မဇင်မာကြည်ကို ထုံးဘို ရဲစခန်း တွင် ထားရှိထားကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မဇင်မာကြည်ဘက်က လိုက်ပါကူညီ ဆောင်ရွက်နေသူ ဦးရန်ငြိမ်းသူက  ”ကျွန်တော်တို့ တရားဥပေ ဒကြောင်းအရ ပြန်ပြီး ဆောင်ရွက်သွားမယ်။ မဇင်မာရေးသားထားတဲ့အ ထဲမှာ ပုဒ်မ ၆၆(ဃ) နဲ့ ငြိတဲ့ စာသားတစ်ချက်မှမပါ ဘူး။ ပြီးတော့ ကျွန်တော်တို့ တရားဥပဒေ စိုးမိုးရေး ကွန်ရက်နဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ လောလောဆယ် ခန့်မှန်းတဲ့ အခြေအနေအရတော့ အာမခံရမယ်လို့ ထင်ပါတယ်။ ဦးလှဆွေဟာ နိုင်ငံ ရေး အရူးကွက်နင်းပြီး တကယ် ပရဟိတလုပ်တဲ့သူ မဇင်မာကို စော်ကားတာ” ဟု ပြောသည်။

လက်ရှိတွင် ၆၆(ဃ) ဖြင့် အမှုဖွင့်တရားစွဲခံရ မှုများတွင် အစိုးရအဖွဲ့ကိုရေးသားမှုဖြင့် ၁ ဦး၊ တပ် မတော်ကို ရေးသားမှုဖြင့် ၁ဦး၊ လွှတ်တော်ကိုယ် စားလှယ်ကိုရေးသားမှုဖြင့် ၂ဦး၊ နိုင်ငံရေးပါတီကို ရေးသားမှုဖြင့် ၂ဦး၊ နိုင်ငံတော်သမ္မတကို ရေး သားမှုဖြင့် ၂ဦး၊ မီဒီယာကိုရေးသားမှုဖြင့် ၄ဦး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုရေးသားမှုဖြင့် ၄ ဦး၊ ကာကွယ်ရေးဦးစီးချုပ်ကိုရေးသားမှုဖြင့် ၆ဦး၊ ပြည်သူအချင်းချင်း တိုင်ကြားမှု ၁၇ ဦးတို့ရှိပြီး တစ် ဝက်ခန့်မှာ အမိန့်ချပြီးသားဖြစ်ကြောင်း ဆက်သွယ် ရေးဥပဒေဆိုင်ရာ သုတေသနပြုအဖွဲ့မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*