ကချင်ပြည်နယ်အတွင်း မြေလွတ်မြေရိုင်း လုပ်ခွင့်ယူ၍ အမှန်တကယ် အကောင်အထည်မဖော်ဘဲ ပစ်ထားသူများ သက်ဆိုင်ရာသို့ တစ်လအတွင်း ပြန်အပ်ရမည်

ကချင်ပြည်နယ်အတွင်း မြေလွတ်မြေရိုင်း လုပ်ခွင့်ယူ၍ အမှန်တကယ် အကောင်အထည်မဖော်ဘဲ ပစ်ထားသူများ သက်ဆိုင်ရာသို့ တစ်လအတွင်း ပြန်အပ်ရမည်
December 21, 2016 Asian Fame

11:24 am
ကချင်ပြည်နယ်အတွင်း မြေလွတ်မြေရိုင်း လုပ်ခွင့်ယူ၍ အမှန်တကယ် အကောင်အထည်မဖော်ဘဲ ပစ်ထားသူများ သက်ဆိုင်ရာသို့ တစ်လအတွင်း ပြန်အပ်ရမည်

PNews
ရန်ကုန်၊ ဒီဇင်ဘာ ၂ဝ

ကချင်ပြည်နယ်အတွင်းရှိ မြေလွတ်မြေရိုင်းများကို လုပ်ကိုင်ခွင့်ရယူ ထားပြီး အမှန်တကယ် အကောင်အထည်မဖော်ဘဲ ပစ်ထားသူများ သည်  သက်ဆိုင်ရာသို့ တစ်လအတွင်း ပြန်လာအပ်ရန် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့က ညွှန်ကြား ထားသည်ဟုသိရ သည်။

၂ဝ၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများ မပြဋ္ဌာန်းမီအချိန်ကရှိခဲ့သည့် မြေ လွတ်၊ မြေ လပ်နှင့်မြေ ရိုင်းများစီမံခန့်ခွဲရေး ဗဟိုအဖွဲ့သည် ကချင်ပြည်နယ်တွင်းမှ မြေဧက ၆ သိန်းနီးပါး (၅၉ဝ၄၆ဝ ဒသမ ၈၃ ဧက)ကို ပုဂ္ဂလိက /ကုမ္ပဏီ/အဖွဲ့ အစည်း/  ဌာနဆိုင်ရာ အစရှိသည့် ဦးရေ ၃ဝ၃ ဦးကို လုပ်ပိုင်ခွင့်ချထား ပေးခဲ့သည်။

ထိုထဲမှ မလုပ်ကိုင်သည့် မြေဧကကို လာအပ်ခိုင်းခြင်းဖြစ်သည်။ထိုသို့ အပ်ခိုင်းရခြင်းမှာ ၂ဝ၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များအရ မလုပ်ကိုင်သည့် မြေဧကကို အစိုးရက ပြန်လည်သိမ်းယူခွင့်ရှိသည် ဆိုသော   ဖော်ပြပြဋ္ဌာန်း ချက်အရဖြစ်သည်ဟု စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြော သည်။

မလုပ်ကိုင်ဘဲ ပစ်ထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းပမာဏ ကို ပြည်နယ်စီမံခန့်ခွဲရေးအဖွဲ့က လတ်တလောတွင် မထုတ်ပြန်ေ သးဘဲ စိစစ်ပြီးမှ ထုတ်ပြန်ဖွယ် ရှိနေသည်။

ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက တနင်္သာရီတိုင်းဒေသကြီးအ တွင်းတွင်လည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် လျှောက်ထားပြီး စိုက် ပျိုးမှုမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း အပါအဝင် သစ်တော မြေဧက ၆ သိန်းကျော်ကို တိုင်းဒေသကြီး အစိုးရက ပြန်လည်သိမ်းယူ ရန် စီစဉ်ခဲ့သည်။

ဆီအုန်း၊ ရော်ဘာတို့စိုက်ရန် ယင်းမြေဧကတို့ကို တောင်းယူခဲ့ပြီး ဟန်ပြသာလုပ်ကာ အချို့ကိုမူလအတိုင်း ထားထားသည့်အတွက် သိမ်း ယူရန်စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြော သည်။

အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်လည်း ထိုအတိုင်း လုပ်ဆောင်ရန် စီစဉ်နေသလို၊ အချို့ကလည်း လုပ်ဆောင်နေ သည်။

ယခင်အစိုးရအဖွဲ့ အဖွဲ့ဝင် သမ္မတရုံးဝန်ကြီးဟောင်းတစ်ဦးက နိုင်ငံရှိ သူဌေးကြီးအချို့ဆိုလျှင် ရယူထားပြီး ဘာမှမလုပ်သည့် မြေဧက များမှာ သိန်းချီရှိနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*