Famous Traveller Express နှင့် မိတ်ဖက်ဟိုတယ်များတွင် တည်းခိုပါက လျှော့ဈေးထက်ဝက် ခံစားခွင့်ပြု

Famous Traveller Express နှင့် မိတ်ဖက်ဟိုတယ်များတွင် တည်းခိုပါက လျှော့ဈေးထက်ဝက် ခံစားခွင့်ပြု
December 15, 2016 Asian Fame

4:04 am
Famous Traveller Express နှင့် မိတ်ဖက်ဟိုတယ်များတွင် တည်းခိုပါက လျှော့ဈေးထက်ဝက် ခံစားခွင့်ပြု

လင်းဟိန်း
ရန်ကုန်၊ ဒီဇင်ဘာ ၉

အဝေးပြေး ယာဉ်လိုင်းသစ်တစ် ခုဖြစ်သည့်  Famous Traveller Express နှင့် မိတ်ဖက်ဟိုတယ်များ တွင် တည်းခိုပါက ၅ဝ ရာခိုင်နှု န်း လျှော့ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်လိုင်းသစ်ကို ဒီ ဇင်ဘာလ ၆ ရက်တွင်မိတ်ဆက် လိုက်ပြီး မြန်မာပြည်အနှံ့သို့ ယာဉ် အစီးရေ ၆၅ စီးဖြင့် ပြေးဆွဲတော့ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်လိုင်းသည် ဒီဇင် ဘာ ၆ ရက်မှစ၍ ရန်ကုန်-တောင် ကြီး အသွားအပြန်ခရီးစဉ်ကို ပြေး ဆွဲနေပြီး နောက်ပိုင်းတွင် ရန်ကုန်  -နေပြည်တော်၊ ရန်ကုန်-လားရှိုး-မူ ဆယ်၊ ရန်ကုန်-ပုဂံ-ညောင်ဦး-မြင်း ခြံ-ပြည်၊ ရန်ကုန်-မန္တလေး၊ မန္တ လေး-ပြည်၊ မန္တလေး-လားရှိုး စသည့် ခရီးစဉ်များကို ထပ်မံ ပြေးဆွဲသွား မည်ဖြစ်ကြောင်းFamous Traveller Express  မှ အထွေထွေမန်နေဂျာ ဒေါ်စန္ဒာစိုး က ပြောသည်။

ခရီးသွားလိုသူများသည် ယာဉ် လိုင်းတွင် လက်မှတ်ဝယ်ရင်း အဆို ပါယာဉ်လိုင်း၏ မိတ်ဖက် ဟိုတယ် များတွင် အခန်းယူပါက ဟိုတယ် ခ ထက်ဝက်လျှော့ပေးမည်ဖြစ်ကြောင်း၊ ကားလက်မှတ်နှင့် ဟိုတယ်အခန်းပါ တွဲယူပါမှ လျှော့ဈေးကို ခံစားခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-တောင်ကြီး ခရီးစဉ်အ တွက် ကားလက်မှတ်တစ်စောင်ကို ၁၂ဝဝဝ ကျပ် သတ်မှတ်ထားပြီး လက်ရှိတွင် Promotion  အနေဖြင့်Famous Traveller Express ကားဂိတ်တွင် လက်မှတ်ဝယ်ပါက ၇၆ဝဝ ကျပ်နှင့် အေးဂျင့်များတွင် ဝယ်ပါက ၉၆ဝဝဖြင့် ဝယ်ယူနိုင်မည် ဟုသိရပြီး Promotion ကာလ ပြီး ဆုံးမည့်အချိန်ကိုမူ သတ်မှတ်ထား ခြင်း မရှိဟု သိရသည်။

ခရီးသည်များ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက်  Famous Traveller Express  ယာဉ်လိုင်းမှ ယာဉ်မောင်းများကို ကားစ မထွက်မီ အရက်သောက်ထားခြင်းရှိ၊ မရှိ သိ စေရန် အယ်လ်ကိုဟောတိုင်း ကိရိ ယာဖြင့် စစ်ဆေးပြီးမှ မောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*