Eleven Media Group CEO ​ ​ဒေါက်​တာသန်းထွဋ်​​အောင်​ အာမခံလျှောက်ထားမှုအတွက် ထောင်ဆရာဝန်မလာ၍ ရုံးချိန်းထပ်ချိန်း

Eleven Media Group CEO ​ ​ဒေါက်​တာသန်းထွဋ်​​အောင်​ အာမခံလျှောက်ထားမှုအတွက် ထောင်ဆရာဝန်မလာ၍ ရုံးချိန်းထပ်ချိန်း
December 15, 2016 Asian Fame

5:35 am
Eleven Media Group CEO ​ ​ဒေါက်​တာသန်းထွဋ်​​အောင်​ အာမခံလျှောက်ထားမှုအတွက် ထောင်ဆရာဝန်မလာ၍ ရုံးချိန်းထပ်ချိန်း

15420785_1309839659074770_2958517317363911570_n-copy_1

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ဆက်သွယ်ရေးဥပဒေနဲ့တရားစွဲဆိုခံထားရတဲ့ Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အာမခံလျှောက်ထားမှု ခွင့်ပြုမပြုကို ဒီဇင်ဘာ ၂၂ ရက်နေ့ကိုရုံးချိန်းထပ်မံချိန်းဆိုလိုက်ပါတယ် ။

15541315_1309839939074742_6317248719848839283_n-copy_1

ဒေါက်တာသန်းထွဋ်အောင်က ဒီဇင်ဘာလ ၉ရက်နေ့က ရုံးထုတ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက်ရုံးထုတ်စစ်ဆေးမှုမှာ ဒုတိယအကြိမ်မြောက်
အာမခံပြန်လည်လျှောက်ထားခဲ့တာဖြစ်ပြီး ယင်းလျှောက်ထားမှုကိုခွင့်ပြုမပြု အကျဉ်းထောင်ဆရာဝန်ကို ယနေ့စစ်ဆေးရမှာပါ ။

15589791_1309839795741423_2818148758361973651_n-copy_1

သို့သော်လည်း သက်သေထွက်ဆိုရမယ့် အကျဉ်းထောင်ဆရာဝန်ဟာအကျဉ်းထောင်မှာ အလုပ်များနေတဲ့အတွက် သက်သေကင်းလွတ်ခွင့်ပေးဖို့ တာမွေတရားရုံးကို စာပြန်ခဲ့ပါတယ် ။ဒေါက်တာ သန်းထွဋ်အောင် ကျန်းမာရေး နဲ့ပတ်သတ်ပြီးထောင်ဆရာဝန် ကိုမေးလို တဲ့မေးခွန်းများကို စာပို့မေးမြန်း ရမှာဖြစ်ပြီး ထောင် ဆရာဝန်ဖြေတဲ့အပေါ် မူတည်ပြီးတရားရုံး ကဆုံးဖြတ် မှာဖြစ်တယ်လို့ Eleven Media Groupရဲ့အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်ကပြော ပါတယ် ။

အကျဉ်းထောင်အတွင်း ချော်လဲခဲ့တာအပါအဝင် ကျန်းမာရေးမကောင်းတဲ့အတွက် အာမခံရရှိဖို့ ဒေါက်တာ သန်းထွဋ်အောင်က လျှောက် ထားခဲ့တာဖြစ်ပါတယ်။

ထောင်ဆရာဝန်က သက်သေကင်းလွတ်ခွင့်လျှောက်တာနဲ့ပတ်သတ်ပြီး ရှေ့နေ ဦးကြီးမြင့်က “ဒီလိုဟာမျိုးတစ်ခါမှ မဖြစ်ဖူးဘူး ။
သက်သေကလာထွက်ဆိုဖို့ကင်းလွတ်ခွင့်ပေးပါဆိုတာ အလုပ်တွေများလို့ ဒီရုံးချိန်းမလာနိုင်ရင်လည်း နောက်ရုံးချိန်းပေါ့ ၊ ဌာနဆိုင် ရာတွေအလုပ်များတာပဲ အခုဟာမလာနိုင်ရင်နောက်ရုံးချိန်းဆိုပြီး ဥပဒေအရရနိုင်တာပဲလေ ။သက်သေကရုံး ကင်းလွတ်ခွင့်တောင်း တယ်ဆိုတာ ဆရာတို့အတွေ့အကြုံအရ တစ်ခါမှမရှိဘူး”လို့ ပြောပါတယ်။

Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ Daily Eleven သတင်းစာအယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို ဒီဇင်ဘာ
၁၅ ရက် နံနက် ၁၀ နာရီမှာ တတိယအကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ် ။

၎င်းတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့တရားဆွဲဆိုခဲ့တာဖြစ်ပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*