ရန်ကုန် ကမ်းနားလမ်း ဂိုဒေါင်များကို အနုပညာပြခန်းများအဖြစ် ဖွင့်လှစ်မည်

ရန်ကုန် ကမ်းနားလမ်း ဂိုဒေါင်များကို အနုပညာပြခန်းများအဖြစ် ဖွင့်လှစ်မည်
December 15, 2016 Asian Fame

5:04 am
ရန်ကုန် ကမ်းနားလမ်း ဂိုဒေါင်များကို အနုပညာပြခန်းများအဖြစ် ဖွင့်လှစ်မည်

မေဇင်ဝင်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ကမ်းနားလမ်းရှိ ဂိုဒေါင်ကြီးများနှင့် ကမ်းနားလမ်းရှုခင်း ကို ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသည့် နေ ရာဖြစ် အောင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ သိရသည်။

ကမ်းနားလမ်းရှိ အုတ်တံတိုင်းများကိုဖြိုချကာ အုတ်တံ တိုင်းပုံစံအလှဖြင့် ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း၊ ပြည် သူများမြစ်၏အလှကို ခံစားနိုင်ရန် ရှေ့ပြေးစီမံချက်အနေ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာ မျိုးက ပြောသည်။

”အဲဒီမှာ ဂိုဒေါင် ၇လုံးလောက်ရှိပါတယ်။ ကျွန်မတို့ပြင် သစ်နဲ့ အင်္ဂလန်ခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံက သွား ကြည့်ခိုင်းလိုက် တဲ့ နေရာလေးရှိပါတယ်။ အဲဒါကတော့ ဘူ တာရုံအဟောင်း ရှေးဟောင်းအဆောက်အအုံတွေကို Modern ဖြစ်တဲ့ အဆောက်အအုံနဲ့ တွဲပြီးတော့ ပြင်သစ်က ပြင်ထားတာ အင်္ဂလန်ကပြင်ထားတာကို လေ့လာခဲ့ပါတယ်။ အဲဒီတော့ ဒီမှာရှိတဲ့ ဂိုဒေါင်ကြီးတွေက ပြ ခန်းတွေ ဖြစ်သွား မှာဖြစ်ပါတယ်။ ပြီးတော့ခရီးသွားနေရာတစ်ခုဖြစ်မှာပါ။ ဒုတိယဗိုလ်ချုပ်ဈေးလိုမျိုး တကယ့်အနုပညာလက်ရာတွေ ကိုပြနိုင်မယ့် နေရာဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

အဆိုပါဂိုဒေါင်များကိုချိတ်ဆက်လိုက်ကာ ရှေးဟောင်း အမွေအနှစ် မပျောက်ပျက်ဘဲ ခေတ်မီသောပြင်ဆင် မှုမျိုးနှင့် ပြင်ဆင်ကာ ပြည် သူလူထုအပန်းဖြေနိုင်အောင် ဖွင့်ထုတ် ပေးမည်ဖြစ်ကြောင်း၊ လာမည့်နှစ်မတ်လတွင် အပြီးလုပ် ဆောင်နိုင်ရန် ကြိုးစားနေကြောင်း ဝန်ကြီးက ပြောသည်။

ထိုဂိုဒေါင်များပြင်ဆင်ပြီးစီးပါက ဗြိတိန်သံရုံးနှင့်တွဲဖက် လုပ်ဆောင်မည့် My Yangon My Home   အနုပညာယဉ် ကျေးမှုပွဲတော်ကို ထိုနေရာတွင်ပင်လုပ်ဆောင်ကာ ပြည်သူ များကို မိတ်ဆက်ပေးမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်သည် လုပ် ဆောင်ရန် လွယ်ကူမည်မထင်သော်လည်း အမှန်တကယ် လုပ်ဆောင်နိုင်ပါက အလွန်လှပကာ ခရီးသွားများအတွက် ဆွဲဆောင်မှုရှိမည့် နေရာတစ်ခုဖြစ်မည်ဟု Nature Dream ခရီးသွားလုပ်ငန်း မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စပယ် အောင်က ပြောသည်။

”ကမ်းနားလမ်းမှာ ပြခန်းတွေပေါ်လာမယ်၊ Open Air  လည်း ဖြစ်မယ်ဆိုရင် အင်မတန်လှပါတယ်။ ရန်ကုန်အ တွက် အားကိုးစရာက ကမ်းနားလမ်းပဲရှိတယ်။ ဧည့်သည် တွေအတွက်လည်း တရုတ်တန်းလိုမျိုး ကမ်းနားလမ်းတစ် လျှောက် လမ်းလျှောက်ခံစားနိုင်မယ့် အခွင့်အရေးပဲ။ အရင် က ကျန်ခဲ့တဲ့အလုပ်ရုံတွေကို မထိခိုက်ဘဲ လှပအောင်လုပ် မယ်ဆိုရင် ကြိုဆိုပါတယ်” ဟု ၄င်းကမှတ်ချက်ပြုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မင်္ဂလာ မြန်မာပွဲတော်ကို အောင်မြင်စွာလုပ်ဆောင်ပေးနိုင်ခဲ့ပြီး နောက် ပွင့်လင်းရာ သီတွင် ပြည်သူများအတွက် ပွဲလမ်း သဘင်များစွာ လုပ်ဆောင်ပေးသွားရန် အစီအစဉ်များ ရှိ ကြောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးက   ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*