4:06 am
PN -042
ရန်ကုန်၊ ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းအတွင်းရှိ လိုင်စင်မရှိဘဲ ဖွင့်လှစ်နေသော ဟို တယ်နှင့်တည်းခိုခန်းများကို စာရင်းကောက်ယူနေပြီး စိစစ်ရေး လုပ်ငန်းများ မကြာမီလုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာ ပထမပတ်အတွင်းပြုလုပ်ခဲ့သော တာဝန်သိခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် တက်ရောက်လာသူ များက လိုင်စင်မရှိဘဲ ဖွင့်လှစ်နေသောဟိုတယ်များကို စိစစ်ပေး ရန်တောင်းဆိုခဲ့ရာ တိုင်းအစိုးရအနေဖြင့် နိုဝင်ဘာလလယ်က တည်းက စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ကရင်တိုင်း ရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
”ဒီအဖွဲ့က ရန်ကုန်တိုင်းထဲမှာရှိတဲ့ ဟိုတယ်တည်းခိုခန်း စာရင်းကိုကောက်ခံထားပြီးဖြစ်ပါတယ်။ မြို့နယ်အလိုက် Schedule တွေ ဆွဲပြီးတော့ဒီအဖွဲ့က ရန်ကုန်တိုင်းအစိုးရ ဘတ် ဂျက်နဲ့ စိစစ်ဖို့ရှိပါတယ်။ သက်ဆိုင်ရာအဖွဲ့တွေကိုလည်းစာပို့ ထားပါပြီ” ဟု ၄င်းက ပြောသည်။
ဟိုတယ်လိုင်စင် စိစစ်ရုံသာမက တရားမဝင်ဖွင့်လှစ်ထား သောHostel (ဘော်ဒါဆောင်)များကိုလည်း စာရင်းကောက်ယူ နေကြောင်း၊ ထိုသို့ စာရင်းကောက်ယူပြီးစီးပါက ပြန်လည်သုံးသပ် ကာ အဆိုပါလုပ်ငန်းလုပ်ကိုင်ကြသူများနှင့် အလုပ်ရုံ ဆွေးနွေး ပွဲတစ်ခု လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၄င်းကပြောသည်။
”ကျွန်မတို့ ရန်ကုန်တိုင်းကDowntown မြို့နယ်ထဲမှာ နှစ် ထပ်ခုတင်တွေနဲ့ အဆောင်တွေ တရားမဝင်ဖွင့်ထားတာတွေ အများကြီး တွေ့ရပါတယ်။ သူတို့ကလိုင်စင်တော့ စည်ပင်ကနေ ယူပါတယ်။ YCDC 2013 ဥပဒေအရဆိုရင်တော့ ဒါတွေက နိုင်ငံခြားသားတည်း လို့ မရပါဘူး။ ဒါပေမယ့် ကျွန်မတို့ ရှောင် တခင်ဝင်စစ်တဲ့အခါ နိုင်ငံခြားသားတွေတည်းနေပါတယ်။ ဒီ ဟာနဲ့ပတ်သက်ပြီး ပြန်သုံးသပ် လုပ်ဖို့ တိုင်ပင်ထားပါတယ်။ စီစဉ်ထားပါတယ်။ အဆောင်ဆန်ဆန် နှစ်ထပ်ခုတင်နဲ့ ဖွဲ့ထား တာရော၊ ရေချိုးခန်းအိမ်သာတွဲမပါဘဲနဲ့ ဖွင့်ထားတဲ့ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းမှန်သမျှကို YCDC ကနေ စာရင်း ပြုစုပြီး တော့ အခန်းအတိုင်းအတာ ဒီအခန်းအကျယ်အဝန်း ကျပ်ကျပ် လေးထဲမှာ ခုတင်ဘယ်နှခု၊ အိပ်ရာဘယ်နှခုလုပ်ထား တယ် ဆိုတဲ့ စာရင်းကောက်နေပါပြီ” ဟု ၄င်းက ပြောသည်။
ထို့ပြင် ဘော်ဒါဆောင်များနှင့်ပတ်သက်၍ နည်းဥပဒေ မူဘောင်တစ်ခုကိုလည်း ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ နည်း ဥပဒေ ထွက်လာပါ က ယခင်ကစည်းကမ်းချိုးဖောက်ထားသည့် လုပ် ငန်းရှင်များကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း ၄င်း ကပြောသည်။
ယခုနှစ် ဇူလိုင်လကုန်အထိစာရင်းအရ မြန်မာတစ်နိုင်ငံ လုံးတွင် ဟိုတယ်စုစုပေါင်း ၁၃၆၁ လုံး၊ အခန်းပေါင်း ၅၃၃၅၅ ရှိနေကြောင်း သိရသည်။ ရန်ကုန်တွင်ဟိုတယ် ၃၄၂လုံး၊ အခန်းပေါင်း ၁၆၅၅၃ခန်း၊ မန္တလေးတွင်ဟိုတယ် ၁၇၉လုံး၊ အခန်းပေါင်း ၇၂၆၁ခန်း၊ တောင် ကြီး-အင်းလေးတွင် ဟိုတယ် ၁၂ဝလုံး၊ အခန်း ၃၆ဝဝရှိနေကြောင်း ဟိုတယ်/ ခရီးဝန်ကြီးဌာန မှသိရသည်။