ကမ္ဘောဇဘဏ်လီမိတက်က တစ်နိုင်ငံလုံးတွင် ပထမနေရာမှ (၅)နှစ်ဆက်တိုက် ၀င်ငွေခွန်အများဆုံးထမ်းဆောင်ခဲ့

ကမ္ဘောဇဘဏ်လီမိတက်က တစ်နိုင်ငံလုံးတွင် ပထမနေရာမှ (၅)နှစ်ဆက်တိုက် ၀င်ငွေခွန်အများဆုံးထမ်းဆောင်ခဲ့
December 15, 2016 Asian Fame

5:42 am
ကမ္ဘောဇဘဏ်လီမိတက်က တစ်နိုင်ငံလုံးတွင် ပထမနေရာမှ (၅)နှစ်ဆက်တိုက် ၀င်ငွေခွန်အများဆုံးထမ်းဆောင်ခဲ့

kbz-copy-copy

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အတွက် ၀င်ငွေခွန်အများဆုံး ထမ်းဆောင်သည့် ကုမ္ပဏီများစာရင်းကို ဒီဇင်ဘာလ (၁၅)ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။ ၄င်းထုတ်ပြန်ကြေငြာချက်အရ ၀င်ငွေခွန်ထမ်းဆောင်ခဲ့ကြသော ကုမ္ပဏီများအနက် မှ ကမ္ဘောဇဘဏ် လီမိ တက်သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွက် တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ၀င်ငွေခွန်အများဆုံးထမ်း ဆောင်ခဲ့သည့် ကုမ္ပဏီဖြစ်ေ ကြာင်း သိရှိရသည်။

ကမ္ဘောဇဘဏ်လီမိတက်သည် ဘဏ္ဍာနှစ်(၂၀၁၁-၂၀၁၂)မှ ဘဏ္ဍာနှစ်(၂၀၁၅-၂၀၁၆)အထိ မြန်မာနိုင်ငံတွင်း ထိပ်ဆုံး မှ ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး၊ အခွန်စည်းကြပ်နှစ်အလိုက် ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် ကျပ်ငွေ (၆,၀၁၅.၃၉၇)သန်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ကျပ်ငွေ(၁၀,၈၂၇.၇၀)သန်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်အတွက် ကျပ်ငွေ (၁၇,ဝ၆၂.၆၆)သန်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ကျပ်ငွေ (၂၂,၀၁၃.၆၁)သန်းနှင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ကျပ်ငွေ (၂၂,၉၅၉.၈၃)သန်းတို့ကို ဝင်ငွေခွန်ပေးဆောင်ခဲ့ပြီး ပထမနေရာမှ (၅)နှစ်ဆက် ငါးကြိမ်မြောက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်း သိ၇ှိရသည်။ ထို့ပြင် ၂၀၁၆-၂၀၁၇ ခုနှစ် အခွန်စည်းကြပ်နှစ်အတွက်လည်း ကြိုတင် ခွန်အဖြစ် ကျပ်ငွေ(၂၈,၀၀၀.၀၀)သန်းကို ကြိုတင်ခွန်ပေးသွင်း ခဲ့ပြီးဖြစ်ကြောင်းနှင့် ၂၀၁၇-၂၀၁၈ ခုနှစ် အခွန်စည်းကြပ်နှစ် အတွက် ကြိုတင်ခွန်ကျပ်ငွေ (၃၂,၀၀၀.၀၀)သန်းကျော် ကို ပေးသွင်းလျှက် ရှိကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် အခွန်စည်းကြပ် နှစ်အတွက်လည်း ကြိုတင်ခွန် ကျပ်ငွေ(၃၈,၀၀၀.၀၀)သန်းကို ပေးသွင်းရန် လျာထားေ ဆာင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံအတွင်း ဘဏ်ခွဲပေါင်း(၄၃၀)ကျော်၊ ATM စက်ပေါင်း (၇၅၀)ကျော်၊ ၀န်ထမ်း စုစု ပေါင်း(၁၇၀၀၀)ကျော် ဖြင့် နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုနှင့်အညီ ဘဏ်လုပ်ငန်း များကို အရှိန်အဟုန်မြှင့်   ဆောင် ရွက်လျက်ရှိပြီး၊ ကမ္ဘောဇနိုင်ငံတကာဘဏ်ကိုယ်လှယ်ရုံးများကိုလည်း ထိုင်းနိုင်ငံ၊ စင်္ကာပူ နိုင်ငံနှင့်မလေးရှားနိုင်ငံတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ် သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်သည်။

ဒေါ်နန်းလိုင်းခမ်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျှက်ရှိသော“ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)” သည်လည်း စတင်ဖွဲ့စည်းတည်ထောင်သည့် ၂၀၀၇ ခုနှစ်မှစ၍ ယနေ့ထိ နိုင်ငံတော်နှင့် ပြည်သူအတွက် စုစုပေါင်းကျပ်ငွေ (၁၁၀.၆၈၂)ဘီလီယံ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*