သမိုင်းဂုဏ်ရှိန် ဝင့်ထည်လှ သည့် ရန်ကုန်တက္ကသိုလ်ကြီး

သမိုင်းဂုဏ်ရှိန် ဝင့်ထည်လှ သည့် ရန်ကုန်တက္ကသိုလ်ကြီး
December 15, 2016 Asian Fame

4:49 am
သမိုင်းဂုဏ်ရှိန် ဝင့်ထည်လှ သည့် ရန်ကုန်တက္ကသိုလ်ကြီး

inter

အိမ်စည်စိုးစံ တွေ့ဆုံမေးမြန်းသည်

မကြာမီနှစ်များအတွင်း ရန်ကုန် တက္ကသိုလ်ကြီးသည်လည်းရာပြည့် နှစ်အတွင်းရောက်ရှိတော့မည်ဖြစ် သည်။ ရာပြည့်အကြို ၉၆   နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန် တက္ကသိုလ်စာကြည့်တိုက် စာအုပ် ပြပွဲနှင့်ဈေးရောင်းပွဲကို ယခုရက် ပိုင်းအတွင်းကပင် ပြု လုပ်ခဲ့ကြ သည်။ သမိုင်းပုံရိပ်များစွာရှိနေ သည့် ရန်ကုန်တက္ကသိုလ်ကို စာပေ ပညာရှင်များကလည်း ၄င်းတို့၏ အနုပညာကို ပုံဖော်ရာတွင် ထည့် သွင်း ဂုဏ်ပြုကြလေ့ရှိကြသည်။ ထို့ကြောင့်ပင်သမိုင်းဂုဏ်ရှိန်ကြီး မားလှသည့် ရန်ကုန်တက္ကသိုလ်ကြီး နှင့်ပတ်သက်၍ စာပေ ပညာရှင် အချို့၏ အမှတ်တရစကားများကို ဖော်ပြပေးလိုက်ပါသည်။

ဆရာ သစ္စာနီ

တက္ကသိုလ်ဆိုတာ ဆရာ ဇော်ဂျီတို့၊ ဆရာမင်းသုဝဏ် တို့ ခေတ်ကတည်းက မြန်မာစာအပေါ် မှာ ဦးဆောင်လမ်းပြ ရှိခဲ့တဲ့နေရာ။   ခေတ်ဆန်းကဗျာ။ ခေတ်ဆန်း  ကဗျာဆိုတာ အစဉ်အလာကနေ ဖောက်ထွက်ခဲ့ပြီးတော့ ဒီနေ့ကဗျာ တွေက ဒီလမ်းကြောင်း ဆက်   လျှောက်ခဲ့ရတာဆိုတော့ တကယ့် ကို ရန်ကုန်တက္ကသိုလ်ကြီးက ကျေးဇူးတရား ရှိပါတယ်။

ဆရာကောင်းသန့်

တက္ကသိုလ်ရာပြည့်အကြို အခမ်းအနားမှာ ဆရာတို့တွေ စာအုပ်ဈေးရောင်းပွဲတော် လုပ် တယ်။ ဆရာတို့စာအုပ်ဆိုင်က သစ်ပုတ်ပင် ကြီးနားမှာ ရှိတယ်။ ဒီသစ်ပုတ်ပင်ကြီးကိုမြင်ပြီး တက္က သိုလ်ကျောင်းသားဘဝကို ပြန်ပြီး လွမ်းသွားတာပေါ့။ ဆရာတို့တုန်း က တက္ကသိုလ် ဆိုတာ ပျော်စရာ တက္ကသိုလ်ကြီး ဖြစ်တာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတို့က အဆောင်နေ ကျောင်းသားတွေ အဖြစ်နေခဲ့ကြတယ်။ ပြီးတော့ ထမင်းအတွက်မပူရဘူး။ အချိန် တန်ရင် ဇွန်းခက်ရင်းနဲ့ လက်သုပ် ပဝါနဲ့ထမင်းစားခန်းမှာစားပွဲထိုး က ပြင်ဆင်ပြီးကျွေးတာ ကိုအဆင်သင့် စားရတယ်။ တက္ကသိုလ်ကျောင်း သားဆိုတာ ဂုဏ်ရှိတဲ့အနေအထား နဲ့နေခဲ့ရတယ်။ ညဘက်ဆိုရင် ကျောင်းက မိန်းကလေးအဆောင် တွေသွားပြီး သီချင်းဆို။ အား ကစားချိန်ကျရင် အားကစားလုပ်၊ စာကြည့်တိုက်တွေသွား စာကြည့် တိုက်ဆိုရင် လည်း တက္ကသိုလ်စာ ကြည့်တိုက်ရှိတယ်။ ဗဟိုစာကြည့် တိုက်ရှိတယ်။ ပညာရေးတက္ကသိုလ် စာကြည့်တိုက်ရှိတယ်။ အမျိုးသား စာကြည့်တိုက်ရှိတယ်။ စာပေ ဗိမာန်စာကြည့်တိုက်ရှိတယ်။ အဲဒီစာကြည့်တိုက်တွေကိုလည်း သွားဖို့ လာဖို့အချိန်ရတယ်။ အဲဒီ တော့ ဆရာတို့ရတဲ့ ပိုက်ဆံလေးနဲ့ ဆရာတို့က အဲဒီလိုကိစ္စတွေ အား လုံးလုပ်နိုင်တယ်။ အခုကလေးတွေ က သူတို့ရတဲ့ ပိုက်ဆံလေးနဲ့ ဘာမှ မလုပ်နိုင်ဘူး။ သူတို့မှာစရိတ်စက ကြီးတာနဲ့ သွားရလာရဒုက္ခရောက် ရတာနဲ့ သူတို့ရဲ့တက္ကသိုလ်ကျောင်း သားဘဝပျော်စရာ သူတို့ ဘာသာ သူတို့ရှာကြံ ယူလို့သာ ရှိရင်ရှိမယ်။ ပတ်ဝန်းကျင်က ဖန်တီးပေးတဲ့ ပျော်ရွှင်မှုက သူတို့အတွက် နည်း တယ်။ အဲဒီတော့ သစ်ပုတ် ပင်ကြီး မြင်ပြီးဆရာတို့ ငယ်ငယ်ကတက် ခဲ့ရတဲ့ တက္ကသိုလ်ကိုလွမ်းတယ်။ ပြီးတော့ ဆရာတို့ကကျောင်းတုန်း က ကဗျာရေးတာကိုး။ ဆရာတို့က ခရေလမ်းလေးမှာ ထိုင်ပြီးတော့ နှလုံးသားနဲ့ခံစားပြီး ခရေလမ်း ကဝေဒနာတို့ ဘာတို့ခံစားပြီး ကဗျာ စာအုပ်လေးထုတ် ပြီး    ကော်ရစ်ဒါမှာ ရောင်းကြတာ ပျော်စရာ အရမ်းကောင်းခဲ့တယ်။  ဒီခေတ် တက္ကသိုလ်ကျောင်းသား တွေက တက္ကသိုလ်က အဆောင် လည်းမနေရ။ သူတို့နေတဲ့ အဆောင်က အရပ်ထဲမှာ။ အဲဒီ အဆောင်မှာ ခါးပိုက်နှိုက်လည်း ရှိရင်ရှိမယ်။ ဘိန်းစားလည်းရှိရင် ရှိမယ်။ အဲဒါတွေနဲ့ ရောနှောနေရ တယ်။ ပြီးတော့လည်း တက္ကသိုလ် ကို အဝေးကြီးသွား တက်နေရ တယ်။ သူတို့မှာ စိတ်ပင်ပန်း လူ ပင်ပန်းနေ ရတာကို ဆရာစိတ် မကောင်းဘူး။ အဲဒီတော့ ဆရာတို့ ငယ်ငယ်က တက္ကသိုလ်အရသာမျိုး သူတို့ပြန်ရပါစေလို့ အမှတ်တရ ဆုမွန်ေ ကာင်း တောင်းပေးပါတယ်။

ဆရာမ ရာသက်ပန်
(တောင်ငူဆောင်)  

ရန်ကုန် တက္ကသိုလ်ကြီးက သမိုင်းရှိတဲ့ တက္ကသိုလ်ကြီးဖြစ်တဲ့အတွက်ကြောင့် ဆရာမတို့က ရန်ကုန် တက္ကသိုလ်မှာ မရှိတော့ဘဲ တခြားတက္ကသိုလ်တွေ ရောက်နေ ပေမယ့်လည်း ဆရာမတို့တွေက အရိပ် တကြည့်ကြည့်နဲ့ နေရတဲ့ နေရာဖြစ်ပါတယ်။ တက္ကသိုလ်   ကျောင်းဝင်းထဲ ဒီအထဲကိုရောက် သွားတဲ့ခါမှာ ကျောင်းသူ၊ ကျောင်း သားဟောင်းတွေက ကိုယ့်အတိတ် လေးတွေးကို ပြန်ပြီးလွမ်းမောရ တယ်။ အဲဒီလိုမျိုးခံစားမှုတွေကို ပေးနေဆဲပဲ။ ဆရာမကတော့   ရန်ကုန်တက္ကသိုလ်ကြီးကို ဒုတိယ အိမ်ဆိုပြီးတော့ ဝတ္ထုရေးခဲ့ဖူး တာကိုး။ ဆရာမနေတဲ့အိမ်က ပထမအိမ် ဆိုရင် ရန်ကုန်တက္က သိုလ်ကြီးက ဆရာမရဲ့ဒုတိယအိမ် ပဲလေ။ အဲဒါကြောင့် ရန်ကုန်တက္က သိုလ်ကြီး ကို နှစ်တစ်ရာကနေနှစ်ပေါင်းများစွာတိုင် ကြုံစေချင်တယ်။ ဒီလိုမျိုး ကြုံရတဲ့အခါမှာ ကိုယ် လည်း အသက်ပြန်ပြီးငယ်သွား သလို နုပျိုသွား သလိုခံစားရပါ တယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ တောင်ငူဆောင်မှာဆိုရင် ဆရာမ တို့ မြန်မာစာဌာနရှိတယ်။ အင်္ဂ လိပ်စာဌာနရှိ တယ်။  တောင်ငူ ဆောင်က မြန်မာစာဌာနဆိုတာ တစ်နိုင်ငံလုံးရဲ့ မိခင်ဌာနလိုမျိုး ဖြစ်တယ်။ အဲဒါကြောင့် တခြား တက္ကသိုလ်တွေက လည်း အစည်း အဝေးတစ်ခုခုဆို တောင်ငူဆောင် ကိုပဲသွားရတာ။ မြန်မာစာဌာနက ဆရာ၊ ဆရာမ တော်တော်များ   များကလည်း   တောင်ငူဆောင်ကို ချစ်ကြတယ်။ အဲဒါကြောင့်မို့ ဆရာမကလည်း  မြန်မာစာဌာန တည်ရာ ဖြစ်တဲ့အတွက်ကြောင့် ကလောင် နာမည် မှာတောင် ထည့် ယူထားတာ။ ဆရာမက ၁၉၈၅ ခုနှစ်မှာ အဲဒီကျောင်းကိုရောက်ပါ တယ်။ ဂုဏ်ထူးတန်းကိုရောက် တော့  GDP အထိ နှစ်ပေါင်းများ စွာနေခဲ့ရတဲ့ နေရာဖြစ်တယ်။ အဲ ဒီမှာကျောင်းသူ၊ ကျောင်းသား တွေရဲ့တကယ့်ဘဝဖြစ်တဲ့ ပျော်စ ရာ ကောင်း တာတွေလည်း ရှိ တယ်။ စာလုပ်ရမယ့်အချိန်မှာ စာ လုပ်၊ စာမေးပွဲဖြေမယ်ဆိုရင် လည်း စာကိုသေချာကျက်ပြီး ဖြေ တယ်။ အတန်းလည်း မလစ်ဖူးဘူး လားဆို လစ်ဖူးတယ်။ ကျောင်း သားတစ်ယောက်ရဲ့ ဘဝအတိုင်း ကျင်လည်ခဲ့တယ်။ ဆရာမတို့တွေ က ရန်ကုန်တက္ကသိုလ် ကြီးမှာ စီး မျောရရင် ပျော်စရာလေးတွေ လည်း ရှိတယ်။ ဝမ်းနည်းစရာတွေ လည်းရှိတယ်။ လွမ်းမောစရာတွေ လည်းရှိတယ်။ ကိုယ်နဲ့အ တူတူ ကျောင်းတက်တဲ့ ခေတ်ပြိုင်တွေ လည်း ရှိတယ်။ ကိုယ့်ထက်အတန်း ကြီးတဲ့သူတွေ ကိုယ်ကလေးစားရ တဲ့ အတုယူရတဲ့ အစ်မကြီးေ တွ လည်း ရှိတယ်။ ရန်ကုန်တက္က သိုလ်ဆိုတာ ကိုယ့်ရဲ့ဘဝထဲမှာ နှစ်ပေါင်းများစွာကို ပါနေတာပါ။ ရန်ကုန်တက္ကသိုလ်မှာ စာသင်ခဲ့ ရတဲ့ ဘဝ တစ်လျှောက်လုံးမှာ ကိုယ့်ရဲ့ ဘဝနေနည်း အနုပညာ တွေကို ဒီကျောင်းကြီးက သင်ပေး လိုက်တာပါပဲ။ ဘယ်ဆရာမကြီး တွေ အတိုင်း ကိုယ်ဆရာမဖြစ်ရင်ဘယ်လိုကျင့်ကြံရမယ်။ စာသင်ရင် ဘယ်လိုစာသင်ရမယ် စသည်ဖြင့် ပေါ့နော်။ ဒီတောင်ငူဆောင်ကြီးက နေ လူ့အသိုင်းအဝိုင်းတစ်ခုကို ရခဲ့ တာဖြစ်တဲ့အတွက် ဒီပညာသင်တဲ့ ဘဝတစ်လျှောက်လုံးမှာ အဲဒါတွေ အားလုံးက အမှတ်တရတွေပဲ။ တစ်ခုချင်း ပြောမယ်ဆိုရင် အများ ကြီးပဲ။ ဘယ်လောက်များသလဲ ဆိုရင် ဝတ္ထုတွေတစ်ပုဒ်ချင်းမှာ ဒီအဖြစ်အပျက် တစ်ခုချင်းစီကို တန်းစီပြီးရေးသွားရင် ရလောက်တဲ့ အဖိုးမဖြတ်လောက်တဲ့ ဒီပညာ သင်ဘဝကို ဒီတောင်ငူဆောင်မှာ ကျောင်းတက်စဉ် အခါက ပေးခဲ့ တယ်လို့ ပြောချင်ပါတယ်။ ဆရာမ အတွက် ရန်ကုန်တက္ကသိုလ်က တောင်ငူဆောင်ကြီးက အင်မတန် လည်း ချစ်ရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*