တနင်္သာရီကျွန်းအများစု ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းကာ ထိန်းသိမ်းသွားမည်

တနင်္သာရီကျွန်းအများစု ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းကာ ထိန်းသိမ်းသွားမည်
December 15, 2016 Asian Fame

4:16 am
တနင်္သာရီကျွန်းအများစု ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းကာ ထိန်းသိမ်းသွားမည်

မေဇင်ဝင်း
ရန်ကုန်၊ ဒီဇင်ဘာ ၉

တနင်္သာရီတိုင်းရှိကျွန်းစုများအနက် ကျွန်းအချို့ ကိုသာ ခရီးသွားလုပ်ငန်းအတွက် အသုံးချပြီး ကျန် ကျွန်းများကို ယူနက်စကို၏ ကမ္ဘာ့ အမွေအနှစ် စာ ရင်းတင်သွင်းကာ ထိန်းသိမ်းနိုင်ရေး လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန် ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြော သည်။

ဒီဇင်ဘာ ဒုတိယပတ်အတွင်း တနင်္သာရီတိုင်းသို့ သွားရောက်ကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်တို့နှင့်အတူ ကျွန်းစုများသို့ လှည့်လည် ကြည့်ရှုမည်ဖြစ်ကြောင်း ၄င်းက ပြော သည်။

”ကျွန်းပေါင်းက ၈ဝဝ ကျော် ရှိတဲ့အတွက် ကျွန်းပေါင်း ၈ဝဝ ကျော်ကိုလည်း အသုံးချလို့ရမှာ မဟုတ်ပါဘူး။ အဲဒီတော့ အသုံးချသင့်တဲ့ ကျွန်းတွေ ကိုပဲ ကော့သောင်းနားအနီးတစ်ဝိုက် ထားဝယ်နား အနီးတစ်ဝိုက် ကျွန်းလေးတွေကိုပဲ ရွေးပြီးတော့ အသုံးချပြီးတော့ ကျန်တဲ့ ကျွန်းတွေကို ယူနက်စကို အစီအစဉ်နဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း ထည့်ပြီး ထိန်း သိမ်းထားရင် မကောင်းဘူးလားလို့ စဉ်းစားမိပါ တယ်” ဟု ဝန်ကြီးက ပြောသည်။

ဒီဇင်ဘာ ပထမပတ်အတွင်း ပြုလုပ်ခဲ့သော တာဝန်သိခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၌ တက်ရောက်လာသူများကို ဝန်ကြီးက အဆိုပါအစီ အစဉ်ကို ပြောကြားပြီး ဆန္ဒသဘောထားတောင်း ခံခဲ့ရာ တက်ရောက်လာသူများက သဘောတူခဲ့ကြ သည်။

တနင်္သာရီတိုင်း ဒေသခံတစ်ဦးဖြစ်သူ ဦးကျော် ကျော်သက်က ထိုအစီအစဉ်အတိုင်း အမှန်တကယ် လုပ်ဆောင်နိုင်ပါက လွန်စွာေ ကာင်းမွန်ကြောင်း၊ သို့ သော်လည်း လက်ရှိတွင် မြိတ်ကျွန်းစုများ၌ ခရီး သွားလုပ်ငန်း လုပ်ဆောင်ရန် နေရာဦးနေသည့် စီး ပွားရေးလုပ် ငန်းရှင်များ ရှိနေကြောင်း ပြောသည်။

”လောင်းလုံး ဘုတ်ကျွန်း တောင်တပ် ဧရိယာ ဆိုပြီး လုပ်ထားလို့ မပါသွားတာ၊ ကျွန်းတော်တော် များများကို ခရီးသွားလုပ်ငန်းလုပ်ဖို့ ဆိုပြီး နိုင်ငံသား အမည်ခံပြီး နိုင်ငံခြားသား နောက်ခံလုပ်ငန်းရှင်တွေ က လျှောက်ထားတာတော်တော် များနေပါပြီ။ ကျွန်း တွေမှာ လည်း ကျောက်မချရ၊ ကျွန်းပေါ် မတက်ရ ဆိုပြီး ဆိုင်းဘုတ်တွေ ထောင်ထားတယ်”ဟု ၄င်းက ပြော သည်။

မြိတ်ကျွန်းစုသည် တနင်္သာရီတိုင်း ကော့သောင်း ခရိုင်အတွင်း၌ တည်ရှိပြီး ကျွန်းပေါင်း ၈ဝဝကျော် ရှိရာ ကျွန်းစုများ၏ ရေပေါ်ေ ရအောက်၌ သန္တာ ကျောက်တန်း မျိုးစိတ် ၅၈ မျိုး၊ ခရုကမာမျိုးစိတ် ၉ မျိုး၊ ငါးမျိုးစိတ် ၄၂ မျိုး၊ ငှက်မျိုးစိတ် ၂၂၈ မျိုးနှင့် နို့တိုက်သတ္တဝါ ၁၉ မျိုးတို့အပြင် သွေးနွေး၊ သွေးအေး သတ္တဝါ မျိုးစိတ်ပေါင်းများစွာ နေထိုင်ကြကြောင်း၊ ကျွန်းများအနီး ရေအောက်သန္တာကျောက်တန်းများ ကြည့်ရှုခြင်း၊ ရေအောက် သတ္တဝါများ လေ့လာနိုင်ရန်Snorkeling  ပြုလုပ်ခြင်း၊ ကယက်လှေလှော်ခြင်း၊ သဲသောင်ပြင်ပေါ် လမ်းလျှောက် ရင်း ရောင်စုံခရုများ ကောက်ခြင်းစသည်ဖြင့် အပန်းဖြေနိုင်ကြောင်း သိရ သည်။

မြိတ်ကျွန်းစုအတွင်းသို့ ၂ဝ၁၅ခုနှစ်တွင် စက် တပ်ရွက်လှေ ၃၉၆ စင်းနှင့် ကမ္ဘာလှည့်ခရီးသွား ၃၂၇ဝ ဦး ဝင်ရောက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ စက်တပ်ရွက်လှေ ၃၂၅ စင်း နှင့် ဧည့်သည်  ၂၆၁ဝဦးဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*