စတိုင်ရှိမှစတားဖြစ်မယ့် အဆိုတော် ထန်ပါး လာပြီကွယ်

စတိုင်ရှိမှစတားဖြစ်မယ့် အဆိုတော် ထန်ပါး လာပြီကွယ်
December 15, 2016 Asian Fame

7:39 am
စတိုင်ရှိမှစတားဖြစ်မယ့် အဆိုတော် ထန်ပါး လာပြီကွယ်

htan-par

”စတိုင်ဆိုတာ လူတိုင်းအတွက်ပါ။ စတိုင်ရှိမှပဲ စတားဖြစ်မယ်၊ ကိုယ်နဲ့လိုက်ဖက်တဲ့စတိုင်ဆိုတာ လူတိုင်းအတွက် အရေးကြီးဆုံးပါပဲ”ဟူ၍ တိုင်းရင်းသားအသံဝဲဝဲဖြင့်ဆိုသော သီချင်းသံမှာ လူငယ်များ ကြား မကြာခဏကြားနေရသော သီချင်းသံ ဖြစ်သည်။ ထိုသီချင်းနှင့်အတူ ဖက်ရှင်ကျကျဝတ် ဆင်ကာ ကခုန်နေသော ပိန်ပိန်ရှည်ရှည် အမျိုးသားတစ်ဦးကိုလည်း တွေ့မြင်ရသည်။ စင်စစ်ထိုသူသည် အဆိုတော်ဖြစ်ရေး အိပ်မက်အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ ရသူ၊ အခက်အခဲများကို ကျော်ဖြတ်ခဲ့ရသူတစ်ဦးလည်းဖြစ်သည်။ သူဆိုထားသော သီချင်းစာသားများ မှာရိုးစင်းသော်လည်း သူ၏အသံနှင့်သရုပ် ဆောင်သောဟန်မှာ ကြည့်သူတိုင်းကို သ ဘောကျစေသည်။ အချို့က သူ့ဟန်ကိုကြည့် ၍ပြုံးကြသည်။ အချို့ကရယ်ကြသည်။ အ ချို့က စတိုင်မိုက်တယ်ဟုဆိုကာ သဘော ကျကြသည်။ မည်သို့ပင်ဖြစ်စေ သူ့သီဆို ဟန် သူ့စတိုင်များကို ပရိသတ်က သတိထားမိသွားကြသည်။

သူက ”စတိုင်ရှိမှ စတားဖြစ်မယ်” သီချင်းဖြင့် ပရိသတ်စိတ်ဝင်စားမှုကို ရယူနိုင် ခဲ့သော အဆိုတော်ထန်ပါး။ အသက် ၂၃ နှစ် အရွယ်ကတည်းက သီချင်းခွေစထုတ်ခဲ့သော သူသည် အသက် ၄၆ နှစ်အရွယ်တွင်’ထန်ပါး’ ဆိုသော နာမည်တစ်လုံးကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုတော်ဖြစ်ရန်အတွက် နှစ် ၂ဝ ကျော် ရုန်းကန်ခဲ့ရပြီး သားသမီးများ၊ မြေးများရနေသည့်အချိန်တွင်မှ သူအောင် မြင်ခဲ့သည်။

ထန်ပါး၏ ငယ်ဘဝ

ချင်းတိုင်းရင်းသားတစ်ဦး ဖြစ်သည့် အဆိုတော်ထန်ပါး၏ မွေးရပ်မြေမှာ ချင်း ပြည်နယ် တွန်းဇံမြို့၊ ဘွောင်မွာလ်ကျေး ရွာဖြစ်သည်။ ထန်ပါး၏ အမည်ရင်းမှာ ဟောက်ကပ်ထန်၊ အဓိပ္ပာယ်ကားချမ်းသာ သော သူရဲကောင်းဖြစ်သည်။ ကျော်ကြား သည့် ဂီတအနုပညာရှင်တစ်ဦးဖြစ်လိုသည့် ရည်မှန်းချက်ကြောင့် ထန်ပါး (ကျော်ကြား) ဟု အနုပညာနာမည်ကို ပေးခဲ့ခြင်းဖြစ်သည် ဟု သူကပြောသည်။ တစ်နေ့အဆိုတော်တစ်ဦး ဖြစ်လာ လျှင် ငွေရှာ၍ မိခင်နှင့် ဖခင်ကို လုပ်ကျွေး လိုကြောင်း အသက် ၈ နှစ်အရွယ်ကတည်းကပင် မကြာခဏပြောလေ့ရှိသူ ထန်ပါး၏ ရည်ရွယ်ချက်ကို မိခင်ဖြစ်သူက အားပေးခဲ့ သော်လည်း မူလတန်းကျောင်းအုပ်ဖြစ်သူ ဖခင်ကတော့ ထိုအစီအစဉ်ကို သဘောမကျ၊ လက်မခံခဲ့ပေ။

တနင်္ဂနွေကျမ်းစာသင်ကျောင်း (Sunday School) သို့ မိခင်ဖြစ်သူကသားသမီးများကို ကိုယ်တိုင်လိုက်ပို့သလို၊ ဘုရားကျောင်းတွင် ‘သူ’သီချင်းဆိုရပါက ပင်တိုင်ပရိသတ်သည် ၎င်း၏မိခင်ကိုယ်တိုင် ဖြစ်သည်။ အသက်၈ နှစ်အရွယ်ကတည်းကပင် ဘုရားကျောင်းတွင် သီချင်းများ သီဆိုသ လို၊ ကျောင်းကပွဲများရှိပါကလည်း ထန်ပါးအမြဲလိုလို ပါဝင်ဖျော်ဖြေခဲ့ရသည်။ ”အဖေ သီချင်းဆိုတာ သဘောမတူပေ မယ့် သူ့တပည့်တွေကပွဲရှိရင် သူတို့ပွဲမှာ ကျွန်တော့်ကိုဆိုဖို့ အဖေ့ဆီမှာအမြဲလာခွင့် တောင်းတာ။ အဖေ့တပည့်တစ်ယောက်က ဂစ်တာတီးတာတော်တယ်။ တေးရေးတေး ဆိုလည်းတော်တယ်” ဟု သူက ပြောသည်။ အိမ်မှာဖြစ်စေ၊ တောင်ယာမှာဖြစ်စေ သူ့အားပျော်ရွှင်စေသည့်အရာက ဂီတအနုပညာပင်။ သီချင်းတစ်ပုဒ်ကို ဆိုညည်းလိုက် ရလျှင် သူ့ဘဝအမောများကို မေ့နိုင်ခဲ့ သည်ဟု ဂီတနှင့်ပတ်သက်သည့် အစွဲအလမ်းများကို ပြောပြခဲ့သည်။ အသက်၂ဝ မှာ သီချင်းများစတင် ရေးသားခဲ့ပြီး၊ အချစ်သီချင်း၊ ဘုရားသီချင်း များစွာ ရေးသားခဲ့သည်။ အသက် ၂၄ နှစ် တွင် အချစ်သီချင်းကို ချင်းသာဘာဖြင့်ရေး သားခဲ့ပြီး တစ်ကိုယ်တော်ခွေထွက်ရှိခဲ့သည်။ ထိုသို့ ထွက်ရှိပြီးနောက် မြန်မာတစ် နိုင်ငံလုံး နားလည်နိုင်သော မြန်မာဘာသာ ဖြင့် သီဆိုထုတ်လုပ်ရန် စတင်လုပ်ဆောင်ခဲ့ သည်။ သို့သော်အခြေအနေကမဖြစ်လာခဲ့ပေ။ ၁၉၈၉ခုနှစ်တွင် Gen Lam Vong (Vongno) နှင့်အိမ်ထောင်ကျခဲ့သည်။ သားသုံးယောက်ထွန်းကားခဲ့သည်။ အိမ်ထောင်ကျသည့်နှစ်တွင် ၎င်း၏မိခင်ဖြစ်သူက တီးတိန်မြို့သို့ ပြောင်းရွှေ့စေပြီး အသက်မွေး ဝမ်းကျောင်းအနေဖြင့် ကုန်သည်လုပ်ငန်းကို လုပ်ကိုင်စေခဲ့သည်။

ကြိုးစားမှု၏ အသီးအပွင့်များ ခံစားရပြီ

နှစ်တွေကြာညောင်းလာခဲ့ပြီး သားများ၊ မြေးများလည်း ပိုင်ဆိုင်လာချိန်မှာ မထင်မှတ်သော လောကဓံ၏ အလှည့်အ ကွက်တစ်ခုက သူ့ကိုစင်မြင့်ထက်တွင် အောင် မြင်သည့် အဆိုတော်တစ်ဦးအဖြစ်သို့ ရောက်ရှိစေခဲ့သည်။ သူ့ကိုပရိသတ်စသိခဲ့ သည့်အချိန်က ၂ဝ၁၄ ခုနှစ်တွင်ဖြစ်သည်။ထန်ပါး၏ မိဘများက ကျိကျိတက် ချမ်းသာသည့် အသိုင်းအဝိုင်းမဟုတ်၊ အတန်းပညာ ၈ တန်း နှင့် ကျောင်းထွက်လိုက်ရသည်။ သို့သော် BBC ၊ RFA ၊ VOA စသည့်သတင်းဌာနများမှ သတင်းများကို အချိန်ပြည့်မလွတ်တမ်းနားထောင်ခဲ့သည်။ စာများကိုလည်း မိမိအနုပညာဝမ်းစာအဖြစ် ဖတ်ဖြစ်ခဲ့သည်။ ”တီးတိန်မြို့ကို တက်လာတော့ ဘာဆို ဘာမှမရှိဘူး။ ၁၄ နှစ်လောက် အိမ်ငှားပြီးတော့ ရုန်းကန်ခဲ့ရတယ်။ ဂီတအနုပညာကို ဝါသနာပါလွန်းလို့ ချင်းဘာသာ နဲ့ ၂ ခွေထုတ်ခဲ့ဖူးတယ်” ဟု သူက ပြောပြခဲ့သည်။ ”ချင်းဘာသာနဲ့က ချင်းတိုင်းရင်းသား ပဲနားထောင်လို့ရတယ်။ အားလုံး နားလည် အောင် ဗမာလိုထုတ်မယ်။ အသက် ၂ဝက နေ အသက် ၄ဝ ကျော်ထိကြိုးစားလာတယ်။ မရလည်း ဘာဖြစ်လဲ နောက်တစ်နှစ်ပေါ့။ စိတ်ရှည်စွာနဲ့ ကျွန်တော်လုပ်တယ်။ နေရာတစ်ခုပေးလာတဲ့အတွက် ကျွန်တော့်ရည်မှန်းချက်တွေ တစ်ဝက်ပြီးသွားပါပြီ” ဟု ရယ်ကာ သူကပြောသည်။ ထိုသို့ စကားပြောနေရင်း တိတ်ဆိတ်နေသော စတူဒီယိုအခန်းမှ ရုတ်တရက်ပျံ့လွင့်လာသောသီချင်းသံကြောင့် သူက သံ ယောင်လိုက်ကာ ဆိုညည်းလိုက်သေးသည်။ ဗမာလိုဆိုထားသော တစ်ကိုယ်တော် ခွေ မထုတ်ရသေးသော်လည်း ‘စတိုင်ရှိမှ စတားဖြစ်မယ်’ သီချင်းမှာ အွန်လိုင်းပေါ်တွင် လူကြည့်များလာခဲ့သည်။ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရန် စိတ်ရှည်ခြင်း၊ သည်းခံခြင်းနှင့် အချိန်နာရီ ပေါင်းများစွာကို အရင်းအနှီးပြုခဲ့ရသည်ဟု သူကဆိုသည်။ ”ကျွန်တော့်ဝါသနာက ဈေးရောင်း တာနဲ့ သီချင်းဆိုတာပဲ။ မလုပ်ရလို့ထိုင်ပြီး တစ်ခါမှမညည်းဘူး။ ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်ခြင်းတစ်ခုနဲ့ ဆုတောင်းပြီး ကြိုးစားခဲ့တယ်” ဟု ထန်ပါးက ရယ်မောကာ ပြောပြခဲ့သည်။

ထန်ပါးသည်သူဝါသနာပါရာကို တစ်စိုက်မတ်မတ်လုပ်ဆောင်ခဲ့သည်။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို သူထည့်မတွက်ခဲ့။ ”တစ်ခါကျရှုံးလို့ အဲဒီရည်မှန်းချက်ကို စွန့်ပစ်ပြီးတော့၊ စိတ်ဓာတ်ကျသွားတာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး” ဟု သူကပြုံးရင်း ဆိုသည်။ ဆန်ကုန်သည်တစ်ဦးအဖြစ် ၂၆ နှစ် လုပ်ကိုင်ခဲ့ရင်း ဝါသနာပါရာ အနုပညာ အလုပ်များကို ဆက်လက်လုပ်ဆောင်ခဲ့ သည်။ စိတ်ရှည်မှု၊ ဇွဲရှိမှုတို့ကြောင့်ပင် ယခုကဲ့သို့ အောင်မြင်ခြင်း အသီးအပွင့်ကို ခံစားရခြင်းဖြစ်ကြောင်း သူက ဆိုသည်။ ၎င်းအသက် ၄၆ နှစ်ကျော်မှ အောင်မြင်စ ပြုလာခဲ့ပြီး နိုင်ငံ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးသားထားသောသီချင်းဖြင့် ထန်ပါးကို ပိုမို လူသိများလာခဲ့သည်။ ”ကမ္ဘာက လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်သီချင်းကို ရေးပြီးဆိုတော့ ကျွန်တော့်ကို သတိထားမိလာကြတယ်။ ပြီးမှ ‘စတိုင်ရှိမှစတားဖြစ်မယ်’က ၂ဝ၁၄ ခုမှ စသိကြတာပါ”ဟု ထန်ပါးက အခွေကာဗာများကို ထုတ်ပြကာပြောပြခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ရေးသားရာတွင် သူ့အတွက် အခက်အခဲများစွာ ကြုံ တွေခဲ့ရသည့်အပြင် တစ်ခုခုမှားယွင်းသွား မှာကိုလည်း စိုးရိမ်စိတ်ရှိခဲ့ကြောင်း၊ ထို့ ကြောင့် RFA , VOA, BBC စသည့် လက်လမ်းမီသမျှ သတင်းဌာနများမှတစ်ဆင့် တက်လာသော သတင်းများကို နားထောင် ခဲ့ပြီးရေးသားခဲ့သည်ဟု ၎င်းကပြောပြခဲ့သည်။ ”ကျွန်တော် လေလှိုင်းကနေ သတင်းတွေနားထောင်တော့ ကမ္ဘာပေါ်မှာအောင် မြင်ကျော်ကြားတဲ့ လူတွေကိုပြိုင်ပြီး မဲပေးခိုင်းတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က လေဒီဂါဂါနဲ့ပြိုင်ရမှာ။ တစ်ယောက်က ကျွန်တော်အားကျတဲ့ အနုပညာရှင်၊ တစ် ယောက်က ကျွန်တော်လေးစားတဲ့ နိုင်ငံခေါင်းဆောင်ပေါ့။ ဒေါ်စုနိုင်ပြီလို့ သိလိုက် ရတဲ့အချိန်မှာ အဲဒီသီချင်းကို တစ်ညတည်း နဲ့ တစ်ထိုင်တည်း ရေးပစ်လိုက်တာ” ဟု ထန်ပါးက ပြောသည်။ သူ၏ တစ်မူထူးခြားသော ဝတ်စားဆင်ယင်မှုစတိုင်ကို ကြည့်၍ တက္ကသိုလ် ကျောင်းသားများ၏ အကြံပေးမှုကြောင့် ‘စတိုင်ရှိမှ စတားဖြစ်မယ်’ သီချင်းကို ရေးသားဖြစ်ခဲ့သည်ဟု သိရသည်။ ”ကျွန်တော် မန္တလေးရောက်တော့ ဆေးကျောင်းသားတစ်စုက ကျွန်တော့်ကို မြန်မာပြည်မှာ အစ်ကို့လိုဒီဇိုင်းဘယ်သူမှ မရှိဘူး အစ်ကိုက စတိုင်ရှိတယ်။ အဲဒါနဲ့ စတိုင်ရှိမှ စတားဖြစ်မယ် ဖြစ်လာတယ်” ဟု ထန်ပါးက ၎င်းသီချင်းနှင့် ပတ်သက် ပြီး ပြောပြခဲ့သည်။

စတိုင်ရှိ၍ စတားဖြစ်ခဲ့သူ

အနုပညာရှင်တစ်ဦးအတွက် ဝတ်စားဆင်ယင်မှုသည်လည်း အဓိကကျသည်။ တချို့က သီးသန့်ပင်တိုင်ဒီဇိုင်နာ ထားရှိတတ်သလို တချို့က နာမည်ကြီး ဒီဇိုင်နာများ၏ အကြံပေးမှုဖြင့် ဝတ်စား ဆင်ယင်ကြသည်။ ထန်ပါး၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး ၎င်းကိုယ်တိုင်ပင် ဒီဇိုင်နာဖြစ်သည်ဟု သိရသည်။”အဝတ်အစားနဲ့ ပတ်သက်လာရင် ကျွန်တော်က ကြုံတဲ့နေရာမှာဝယ်တာ။ ကြိုက်တာတွေ့ရင်ဝယ်ထားတယ်။ ပြီးရင်ဘယ်ဟာနဲ့ဘယ်ဟာကလိုက်လည်း ပြန် တိုက်ပြီး ကိုယ့်ဟာကိုယ် ဒီဇိုင်းထွင်ပြီး ဝတ်တာပဲ” ဟု ထန်ပါးက ပြောသည်။ ထိုသို့ပြောနေရင်း အဝေးတစ်နေရာ သို့လှမ်းကြည့်ကာ ”အနုပညာသမားလို့ ကိုယ့်ကိုယ်ကိုယ် ခံယူရင် အများအတွက်စံပြဖြစ်နေရမယ်” ဟုဆိုလာသည်။

ထန်ပါး၏ မိသားစုဘဝက ရိုးရှင်းသည်။ ၎င်း၏ဇနီးမှာ အလွန်ရှက်တတ်သော်လည်း ထန်ပါး၏အနုပညာတွင် တစ်ခါတစ်ရံ ဝိုင်းဝန်းကူညီတတ်သေးသည်ဟု သိရသည်။ သားအကြီးမှာ အိမ်ထောင်ရက် သားကျပြီး၊ သားလတ်မှာ ဘာသာရေး ဆရာတစ်ယောက်အဖြစ်ဘဝကို ရိုးရှင်း စွာဖြတ်သန်းသည်။ သားအငယ်ဆုံးမှာ ဖခင်ကဲ့ သို့ အနုပညာကို ဝါသနာပါသူတစ်ောက်ဖြစ်ကြောင်းလည်း သိရသည်။ ”သူဆယ်တန်းပြီးရင်တော့ သူဝါသနာ ပါတဲ့ မော်ဒယ်သင်တန်းကို ပို့ပေးမှာပါ။ ကျွန်တော် ‘စတိုင်ရှိမှ စတားဖြစ်မယ်’ အခွေမှာလည်း သူသရုပ်ဆောင်ပါမယ်။ သားကြီး၊ သားလတ်တော့ မပါဘူး” ဟု ထန်ပါးက ပြောပြခဲ့သည်။

In God We Trust Thang Paa Style တစ်ကိုယ်တော်ခွေကို ၂ဝ၁၇ ခု နှစ်ဆန်းပိုင်းတွင် ဖြန့်ချိမည်ဖြစ်ပြီး နောက်တစ်ခွေအတွက်လည်း သီချင်းများ စတင် ရေးသားနေပြီဟု သိရသည်။ ”ပရိသတ်တွေ လက်ခံတဲ့အချိန်ထိလုပ်မယ်။ ဘုရားသခင်ဆီမှာ ဆုတောင်းထားတယ်။ အသက် ၆ဝ ထိ ကျန်းကျန်းမာ မာနဲ့အသက်ရှင်ချင်တယ်။ ၆ဝ ထိနေခွင့် ပေးရင်တော့လုပ်မယ့် အနုပညာအလုပ်ကို အသက် ၆ဝထိ လုပ်သွားမယ်” ဟု ထန်ပါးက ပြောသည်။ယခုအခါ အသက် ၄၈ နှစ်ရှိ ပြီဖြစ်သော်လည်း အရွယ်နှင့်မလိုက်အောင် ပေါ့ပါးသွက်လက်နေသည့်သူ့လျှို့ဝှက်ချက်က ပျော်ပျော် နေခြင်းပင်ဖြစ်သည်ဟု ဆိုသည်။ ”အဓိကကတော့ စိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟမထားဘူး။ သူတစ်ပါးကိုလည်း အာဃာတ မထားဘူး။ ပျော်ပျော်နေ တတ် တယ်” ဟု ထန်ပါးက ရယ်ကာ ပြောပြခဲ့သည်။ အစပ်၊ အငန်၊ အချို မစားသောက်သည့်အပြင်၊ ဆေးလိပ်၊ ကွမ်း၊ အရက်၊ မူးယစ်ဆေးများကိုလည်း ငယ်စဉ်ကတည်းက ရှောင်ကြဉ်ခဲ့သည်ဟု သိရသည်။

”အိပ်ရေး ဝအောင် အိပ်တယ်။ ရေသောက်တယ်။ စိတ် ညစ်စရာနဲ့ ကြုံလာရင်လည်း ကျမ်းစာဖတ်တယ်။ ဘုရားရှိခိုးပြီး အားလုံးကိုမေ့ပစ်တာ။ ကျွန်တော့် ကို ဘယ်လိုပဲ ထိခိုက်အောင်လုပ် လုပ် ပြန်မတုံ့ပြန်ဘူး။ စိတ်အရှင်း ဆုံးနေတယ်။ တွေ့ရင် ခေါ်တယ်။ အဲဒါကြောင့်လည်း ပါတယ်” ဟု ထန်ပါးက ပြောသည်။ တချို့ကသူ့အား အရူး၊ အပေါ စသည့် ဝေဖန်တိုက်ခိုက်သည့် စကားများ ပြောကြသော်လည်း စိတ်ပျက်ဝမ်းနည်းခြင်း မရှိ ကြောင်း သူက ပြောပြခဲ့သည်။ ”လူဆိုတာ မတူညီကြဘူး။ အကြိုက်လည်း မတူဘူးလေ။ ကျွန် တော့်ကို အားပေးတဲ့သူတွေအတွက် ရှေ့ဆက်လုပ်မယ်။ အားမပေး ဝေဖန်ပြောဆိုနေတဲ့သူတွေကို လည်း စိတ်ထဲမှာဘာမှ မထားဘူး။ အားလုံးကို မေတ္တာအတူတူထား တယ်” ဟုထန်ပါးက ပြောသည်။

သူ၏ တတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ် “ In God We Trust Thang Paa Style ” ဗီစီဒီကို ချင်းတောင်တန်းရှုခင်း အနည်းငယ်သာ ရိုက်ကူးထားပြီး ရန် ကုန်မြို့တွင် အများဆုံး ရိုက်ကူးထားသည်။ အင်တာဗျူးနေစဉ်တည်း ဖြတ်ခန်းမှ ပျံ့လွင့်လာသော သီချင်းတစ်ပိုင်းတစ်စက မူးယစ်ဆေး နှင့်ပတ်သက်သည့် စာသားများဖြစ်သည်။ ”မူးယစ်ဆေးဝါးနှင့် ဖေ့စ်ဘွတ်ခ် ချစ်သူမယုံနဲ့’ ဆိုတဲ့ ပညာပေး သီချင်းထည့်ထားတယ်။ ဒီက နေ့ လူငယ်တွေ ငယ်ငယ်လေးနဲ့ မူးယစ်နွံထဲကနေ ရုန်းမထွက်နိုင်တာ ဒုနဲ့ဒေးရှိတယ်။ ဒါကို ကျွန် တော်လို မိဘလည်းဖြစ်၊ အနုပညာသမားလည်းဖြစ်တဲ့ လူတွေက ကောင်းရာကိုညွှန်ပြရမယ်လေ”ဟု လေသံဝဲဝဲဖြင့် သူကဆိုလာသည်။ ငယ်စဉ်ကလေးဘဝက အိပ် မက်ကို အကောင်အထည်ဖော်ရန် နှစ်ပေါင်း နှစ်ဆယ်ကျော်အထိ သူစောင့်မျှော်ခဲ့ရသည်။ မြူြး<ွက သောတေးသီချင်းများ၊ တက်ြ<ွက သောအကများဖြင့် လူသားများကို ဖျော်ဖြေနေဦးမည့် ချင်းတောင် တန်း၏ ငွေကြယ်ပွင့်ကတော့ သူ ယုံကြည်ရာ အနုပညာခရီးလမ်းကို တစ်စိုက်မတ်မတ်လျှောက် လှမ်းနေဦးမည်သာ ဖြစ်သည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*