အစိုးရသစ်လက်ထက် ကောက်ခံရရှိသည့် ပြည်တွင်းအခွန် ယခင်အစိုးရထက် ငွေကျပ် ၁ဝဝ ဘီလျံ ပိုများနေ

အစိုးရသစ်လက်ထက် ကောက်ခံရရှိသည့် ပြည်တွင်းအခွန် ယခင်အစိုးရထက် ငွေကျပ် ၁ဝဝ ဘီလျံ ပိုများနေ
December 14, 2016 Asian Fame

4:22 am
အစိုးရသစ်လက်ထက် ကောက်ခံရရှိသည့် ပြည်တွင်းအခွန် ယခင်အစိုးရထက် ငွေကျပ် ၁ဝဝ ဘီလျံ ပိုများနေ

PN-051
နေပြည်တော်၊ ဒီဇင်ဘာ၁၃

လက်ရှိအချိန်အထိ အစိုးရသစ် က ကောက်ခံရရှိနေသည့် ပြည် တွင်းအခွန်အခသည်  ပြီးခဲ့သည့် အစိုးရထက်  ငွေကျပ် ၁ဝဝ ဘီလီ ယံပိုများနေသည်ဟု ပြည်တွင်းအ ခွန်ဦးစီးဌာနမှ သတင်းရရှိသည်။

အစိုးရသစ် တက်ပြီး ဧပြီလ ၁ ရက်နေ့မှစ၍ ယခုဒီဇင်ဘာလ လဆန်းပိုင်းအထိ ရရှိသည့်အခွန် ငွေသည် ငွေကျပ်ဘီလျံ ၂၅ဝဝ ကျော် ရှိပြီး၊ ယမန်နှစ် ကာလတူက ဆိုလျှင် ငွေကျပ်ဘီလျံ ၂၄ဝဝ သာ ရရှိခဲ့သည်ဟု အဆိုပါဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ဆိုသည်။

”ဒါတောင် ဘဏ္ဍာနှစ်မကုန် သေးပါဘူး”ဟု ညွှန်ချုပ်က ဆက် ပြောသည်။

ပြည်တွင်းအခွန်ဦးစီးဌာနက လက်ရှိကောက်ခံရရှိထားသော  အခွန်ငွေသည် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် တို့မှ စုပေါင်းရရှိသည့် အခွန်ငွေတို့ ဖြစ်သည်။

ကိန်းဂဏန်းအရ ပြီးခဲ့သည့် ကာလတူကထက် ပိုမိုရနေသည့် အခွန်ငွေသည် ပြည်ပက တင်သွင်း လာသည့် ဒီဇယ်ဆီ၊ ဓာတ်ဆီ၊   မော် တော်ယာဉ်၊ပြည်ပသို့ ထွက်နေ သည့်သဘာဝဓာတ်ငွေ့၊ ကျောက် မျက် အစရှိသည့်  အထူးကုန်စည် ခွန်ဘက်မှ အထူးရရှိခဲ့ သည်ဟု ဦးမင်းထွဋ်က ရှင်းပြသည်။

သို့သော်လည်း ကုန်သွယ်လုပ် ငန်းခွန်မှာ ပြီးခဲ့သည့်ကာလကထက် ကျပ်ဘီလျံ ၁ဝဝ ကျော်၊ ဝင်ငွေခွန် မှာပြီးခဲ့သည့် ကာလက ထက် ငွေ ကျပ်ဘီလျံ ၁ဝဝ ကျော်လျော့နည်း သွားကြောင်း သူကဆက်ပြောသည်။

ယခင်နှစ်က  အထူးကုန်စည် ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို  ပေါင်းကောက်ခဲ့ပြီး၊ ယခုနှစ်တွင် သီးခြားစီ ခွဲခဲ့ကြောင်း၊ ထို့ကြောင့်   ခေါင်းစဉ်ခွဲလိုက်သဖြင့် ကုန်သွယ် လုပ်ငန်းခွန်ဘက်မှ ရရှိသည့် ငွေ ကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ် လိုက်ပါက နည်းသွားသည် ကိုတွေ့ရ ကြောင်း၊ ထို့အတူ ဝင်ငွေခွန်ရရှိနေ မှုနည်းနေခြင်းသည် နိုင်ငံပိုင်လုပ် ငန်းများမှရနေသည့်ငွေ ယခင်နှစ် ကထက် လျော့ သွားခြင်းကြောင့် ဖြစ်သည်ဟု သူက ရှင်းပြသည်။

သို့သော်လည်း လက်ရှိရရှိနေ သည့် အခွန်ငွေစုစုပေါင်းမှာ ပြီးခဲ့ သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက အထူးကုန်စည်ခွန် မှ ရရှိနေသော အခွန်ငွေက ပိုများနေသဖြင့် အား လုံးကိုအချိုးကျကြည့်လျှင် ပြီးခဲ့ သည့်ကာလတူကထက် ရရှိမှုများ နေ၍ အခွန်အခရရှိမှုများနေသည် ဟုပြော၍ရကြောင်း  ညွှန်ကြားရေး မှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံ၌ အ ခွန်ဆောင်ကြသူတို့ရှိသလို အခွန် ရှောင်ကြသူ၊ မဆောင်ကြသူတို့ရှိသ ဖြင့် အခွန်ရှောင်၊ အခွန်မဆောင် သူလုပ်ငန်းရှင်တို့ကို နိုင်ငံပိုင်သတင်း စာထဲထည့်ကာ မဆောင်ပါက တရားစွဲမည်ဟု ပြည်တွင်းအခွန်ဦး စီးဌာနက ကြေညာနေ သည်ကိုတွေ့ ရသည်။

ဒီဇင်ဘာလဆန်းပိုင်းက ပဲခူး တိုင်းဒေသကြီးအတွင်းက လုပ်ငန်း ရှင်အချို့ကို အခွန်ပေးဆောင်ကြ ရန် ယင်းဌာနက သတိပေးစာ တစ် စောင် ထုတ်ခဲ့သည်။

အလားတူ ကားအရောင်းပြ ခန်းတို့မှ အခွန်မဆောင်သူတို့ကို အခွန်ဆောင်ရန် သတိပေးထား ကြောင်းလည်း သတင်းရရှိသည်။

ပြည်တွင်းအခွန်ဦးစီးဌာနက အခွန်ရှောင်သူတို့ကို ဝင်ငွေခွန်ဥပ ဒေ ပုဒ်မ ၄၇ ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ၂၂ ၊ အထူးကုန် စည်ခွန် ဥပဒေပုဒ်မ ၂၃ တို့နှင့် တရားစွဲ လျှင် ထိုပုဒ်မတို့သည် ရဲအရေးပိုင် သည့် အမှုဖြစ်သဖြင့် စတင်တရား စွဲခံရသည့် အချိန်ကစပြီး အာမခံ မရဘဲ အမှုရင်ဆိုင်ရနိုင်သော်လည်း ယခုအစိုးရသစ်လက်ထက်၌ တစ် စုံတစ်ယောက်ကိုမှ တရားစွဲဆိုခြင်း မရှိသေးပေ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*