မသန်စွမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ ဆေးရုံတွင် တန်းစီစရာမလိုဘဲ တိုက်ရိုက်ဝင်ခွင့်ပေးမည်

မသန်စွမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ ဆေးရုံတွင် တန်းစီစရာမလိုဘဲ တိုက်ရိုက်ဝင်ခွင့်ပေးမည်
December 14, 2016 Asian Fame

7:07 am
မသန်စွမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ ဆေးရုံတွင် တန်းစီစရာမလိုဘဲ တိုက်ရိုက်ဝင်ခွင့်ပေးမည်

စိုင်းလမင်း
နေပြည်တော် ၊ ဒီဇင်ဘာ ၉

မသန်စွမ်းများနှင့် အငြိမ်းစားဝန်ထမ်း များ ဆေးရုံများတွင် အများသူငါလို တန်းစီစရာမလိုဘဲ ဆေးရုံသို့ရောက်သည်နှင့် တစ်ခါတည်း ဆေးကုခွင့်ပေးမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

”မသန်စွမ်းတဲ့ နေရာမှာ မျက်စိမမြင်တာ ဖြစ်နိုင်တယ်၊ ခြေထောက်ကျိုးတာ ဖြစ်နိုင်တယ်။ သူတို့တွေက ပြင်ပလူနာ ဌာနမှာဖြစ်ဖြစ်၊ အတွင်းလူနာ ဌာနမှာဖြစ် ဖြစ် တန်းစီစရာမလိုဘူး။ လုံးဝ စီစရာမ လိုဘူး။ ပင်စင်စားလည်းပါတယ် ။ နိုင်ငံမှာရှိတဲ့ စစ်မှုထမ်းဟေအာင်း အဲဒါတွေပါ အကုန်ပါတယ်။ သူတို့တွေက တိုက်ရိုက်ဝင်ပဲ။ အဲဒါတွေကို ဆေးရုံတွေမှာလည်း စာကပ် မယ်။ မကပ်လို့ရှိရင် ကျော်ဝင်တယ် ဘာညာဖြစ်မယ်လေ” ဟု ၎င်းက ပြောသည်။ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆေးရုံများတွင်လည်း မသန်စွမ်းသူများ အဆင်ပြေနိုင်ရန်အ တွက် ဆေးရုံလှေကားများကို ပြင်ဆင် သွားမည်ဖြစ် ကြောင်း သိရသည်။

”ဆေးရုံတွေမှာလည်း မသန်စွမ်းတွေအတွက် လှေကားထစ်တွေကို ပြန်ပြင် မယ်။ နောက်ဆောက်တဲ့ ဆေးရုံတွေ မှာလည်း အဲဒီလို မသန်စွမ်းတွေအတွက် ပြေပြေပြစ်ပြစ် ဖြစ်အောင်ဆောက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တွန်းလှည်း ကြီးနဲ့လာရင် ဘယ်လိုမှ အဆင်မပြေဘူး။ မတင်နေရတယ် အသာလေးတက်ရမယ်။ မသန်စွမ်းတွေအတွက် သင့်လျော်တဲ့ ဆေး ရုံဖြစ်အောင် လုပ်ပေးမယ်” ဟု ၎င်းက ပြောသည်။ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း အရ မြန်မာတစ်နိုင်ငံလုံးတွင် မသန်စွမ်းဦးရေ ၂၃ သိန်းရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*