နယ်စပ် ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်များအတွက် အိမ်ရာ တည်ဆောက်ပေးမည်

နယ်စပ် ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်များအတွက် အိမ်ရာ တည်ဆောက်ပေးမည်
December 14, 2016 Asian Fame

6:54 am
နယ်စပ် ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်များအတွက် အိမ်ရာ တည်ဆောက်ပေးမည်

စိုင်းလမင်း
နေပြည်တော်၊ ဒီဇင်ဘာ ၉

လာမည့်နှစ်တွင် နယ်စပ်ဒေသများ၌ တာဝန်ထမ်းဆောင်နေသော ဆရာဝန်များအတွက် အိမ်ရာတည်ဆောက်ပေးမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

”လစာကတော့ ချက်ချင်းတိုးလို့ မရသေးဘူး။ ဒါပေမယ့် ဆရာဝန်တွေ နေဖို့ အိမ်ရာကိုတော့ နောက်နှစ် ဘတ်ဂျက်မှာ အကြီးအကျယ်တင်ထား တယ်။ ဆရာဝန်တွေနေဖို့ ဝန်ထမ်း အိမ်ရာကို တစ်ပြည်လုံးအတိုင်းအတာ အနေနဲ့တင်ထားတယ်။ ပြောမယ်ဆိုရင် ဆရာဝန်တွေက နယ်တွေကိုလွှတ်ရင် မသွားချင်ဘူး။ ဘာလို့မသွားချင်ဘူးလည်းဆိုရင် အိမ်ရာတွေ မရှိဘူး”ဟု ၎င်းကပြောသည်။ ဆရာဝန်များအနေဖြင့် လက်ရှိတွင် တာဝန်ထမ်းဆောင်ရာ ဒေသ၌ အိမ်မရှိခြင်းကြောင့် ၎င်းတို့၏ လစာထဲမှ အိမ်ငှားခအဖြစ် ၃ဝ ရာခိုင်နှုန်း ခန့်ကုန်ကျနေပြီး ထိုကိစ္စမှာ လုံးဝမ ဖြစ်သင့်ကြောင်း ၎င်းက ပြောသည်။

”ဥပမာလွန်ခဲ့တဲ့ ၂ ပတ်လောက်က ခန္တီးကို ဒုတိယသမ္မတနဲ့ သွားခဲ့တယ်။ လက်ထောက်ဆရာဝန် ၂ ယောက်တွေ့ခဲ့ပြီး မေးကြည့်ခဲ့တယ်။ အိမ်ငှားတာ တစ်သိန်းနှစ်သောင်းပေးလိုက်ရတယ်။ အဲ့ဒီမှာ သူတို့ လခထဲက ၃ဝ ရာခိုင်နှုန်း က အိမ်ငှားတဲ့အထဲ ပါသွားတယ်။ အဓိပ္ပာယ်လုံးဝမရှိဘူး”ဟု ၎င်းက ပြောသည်။ကျန်းမာရေး ဝန်ကြီးဌာနတွင် အစိုးရဝန်ထမ်းဆရာဝန်အဖြစ် အလုပ်တာဝန်ထမ်းဆောင်သူ ၃ သိန်း နှင့် ၄ သိန်းကြားရှိပြီး နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်မှာ အဆိုပါအရေအတွက်၏ ၅ ရာခိုင် နှုန်းခန့်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*