နိုင်ငံခြားသားများ စားသောက်နိုင်မည့်ဈေးတန်း ဘဏ်လမ်းတွင် ဖွင့်မည်

နိုင်ငံခြားသားများ စားသောက်နိုင်မည့်ဈေးတန်း ဘဏ်လမ်းတွင် ဖွင့်မည်
December 14, 2016 Asian Fame

7:36 am
နိုင်ငံခြားသားများ စားသောက်နိုင်မည့်ဈေးတန်း ဘဏ်လမ်းတွင် ဖွင့်မည်

night-bazzar

မေဇင်ဝင်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ကျန်းမာရေးနှင့် ညီညွတ်ကာ ပြည်ပဧည့်များပါ စားသောက်နိုင် မည့် ဈေးတန်းတစ်ခုကို ရန်ကုန်မြို့ ရှိဘဏ်လမ်းတွင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှသိရသည်။

အဆိုပါအစီအစဉ်ကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာ နိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် များအသင်း(MRA) ၊   ရန်ကုန် စည်ပင်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ တို့ပူးပေါင်းကာ လုပ်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်း သားရေးရာဝန်ကြီး ဒေါ်နော်ပန်း သဉ္ဇာမျိုးက ပြောသည်။

”လက်ရှိ ညဈေးတန်းမှာရှိတဲ့ ဈေးသည်တွေက ပြည်တွင်းကလူ တွေလောက်ပဲ အဓိကထားပြီးတော့ နိုင်ငံခြားသားတွေအတွက်က Hygienic  (ကျန်းမာရေးနှင့် ညီညွတ် မှု) မဖြစ်သေးပါဘူး။

အကုန်လုံး အဆင့်မြှင့်ဖို့လိုပါ သေးတယ်၊ ကျွန်မတို့ကတော့ ဒီ ဘဏ်လမ်းမှာတော့ ညဈေးမှာ ရှိ တာထက် နည်းနည်အဆင့်မြင့်တဲ့ ဟာကို MRA နဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ဆွဲဆောင်မှုလည်း ရှိရမယ်၊ အစား အစာနဲ့ပတ်သက်ပြီးတော့ ပြင်ဆင် တည်ခင်းရောင်းချပုံရယ်၊ ဈေးနှုန်း လည်း အရမ်းများမှာ မဟုတ်ဘဲနဲ့ လက်မှုပစ္စည်းအရောင်းဆိုင်နဲ့ တွဲပြီးတော့ အဆင့်မြင့်တဲ့ဟာ တစ်ခုအနေနဲ့လုပ်ဆောင်သွားဖို့ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။

လက်ရှိမြန်မာနိုင်ငံမှလမ်းဘေး အစားအစာများသည် စနစ်တကျ လုပ်ဆောင်မှုအားနည်းနေသဖြင့် နိုင်ငံခြားသားများ စားသောက်၍ မရခြင်းဖြစ်ကြောင်း အစာအာဟာရ ဆိုင်ရာသိပ္ပံနှင့်နည်းပညာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ”ထိုင်းမှာဆိုရင်  FAO ကတစ် ဆင့် လမ်းဘေးမှာရောင်းဖို့ အသီး အနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ ဘယ်လို လုပ်ရမယ်ဆိုတာ အကုန်  လုံး သင်ပေးထားတယ်၊ ဘယ်နေ ရာမှာ ဘယ်လိုလုပ်ရမယ်၊ ဘယ် ရေနဲ့ သုံးရမယ်ဆိုတာ ပြထားပြီးအဲဒီအတိုင်း လိုက်နာဖို့ ကျင့်ပေး  ထားတယ်။ အဲဒီလိုလုပ်ပေးပြီး တော့မှ ဆိုင်တွေမှာတင်ပေါ့။ အဲဒီ လိုကြော်ငြာပြီး သင်လည်းသင်ပေး တယ်။ အဲဒီတော့နိုင်ငံခြားသားလာ လည်းစားလို့ရတယ်၊ လမ်းဘေးဈေး သည်ဆိုတာ ဟိုမှာ ကြိုက်တဲ့နေရာ စားလို့ရတယ်။ စိတ်ချရတယ် ” ဟု ၄င်းက ပြောသည်။

အဆိုပါအစီအစဉ်အောင်မြင် စေရန်အတွက် ရှေ့ပြေးအစီအစဉ် အနေဖြင့် မဟာဗန္ဓုလပန်းခြံလမ်း နှင့်ဘဏ်လမ်းတွင် ‘သက်ဝင်လှုပ် ရှားရန်ကုန်မြို့၏ လမ်းမများ’အမည်ရ အစီအစဉ်တစ်ခုကို ကျင်းပ ခဲ့ပြီး ထိုအစီအစဉ်မှတစ်ဆင့် ရေရှည် အတွက်လုပ်ဆောင်သွား မည်ဖြစ် ကြောင်း ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*