ပြည်သူများ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်လိုပါက ငွေကြေးပေးရန် မလိုပါ

ပြည်သူများ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်လိုပါက ငွေကြေးပေးရန် မလိုပါ
December 14, 2016 Asian Fame

6:58 am
ပြည်သူများ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်လိုပါက ငွေကြေးပေးရန် မလိုပါ

ဖြိုးထက်အောင်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မြန်မာဂျာနယ်လစ်ကွန်ရက် တွင် သတင်းစာရှင်းလင်းပွဲလုပ်ပေး မည်ဟုဆိုကာ ငွေကြေးလိမ်လည် တောင်းခံမှုဖြစ်ပွားခဲ့ရာ ပြည်သူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဆိုပါက မြန်မာဂျာနယ်လစ်ကွန် ရက်ကို ငွေကြေးပေးရန်မလိုကြောင်း ကွန်ရက် တာဝန်ရှိသူများ က ပြော သည်။

ထိုကိစ္စနှင့်ပတ်သက်၍ သတင်း စာရှင်းလင်းပွဲကို ကျောက်တံတား မြို့နယ်၊ ၃၆ လမ်း(အလယ်)ရှိ မြန် မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ဒီဇင်ဘာ ၁၃ ကပြုလုပ်ခဲ့ပြီး  ငွေ လိမ်လည်ခံလိုက်ရသူနှင့် MJN မှ တာဝန်ရှိသူများက ရှင်းလင်းခဲ့သည်။

ယခုနှစ်  နိုဝင်ဘာလအတွင်း က မြေယာအမှုတစ်ခုနှင့်ပတ်သက် ၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် ပြည်သူတစ်ဦးထံမှ သူရိယ အလင်း ဂျာနယ်မှ သတင်းထောက် ဦးသီ ဟဆိုသူနှင့် နိုင်ငံရေးနှင့်ထောင်ကျ ဖူးသူဟုဆိုသော ဦးသန့်စင်ဆိုသူတို့ သည် ငွေခြောက် သိန်းလေးသောင်း ကျော်တောင်းခံခဲ့ကြောင်း၊ သတင်း စာရှင်းလင်းပွဲ ပြုလုပ်လိုသူက ယင်း ပမာဏ မတတ်နိုင်ခဲ့၍ ငွေ ၃ သိန်းပေးခဲ့ ရကြောင်း၊ ငွေပေးလိုက် ရပြီး သတင်းစာရှင်းလင်းပွဲ မလုပ် ဖြစ်ခဲ့ကြောင်း၊ ထိုသူတို့ကို ယခု ဆက်သွယ်မရကြောင်း ကာယကံရှင် ဦးကျော်မင်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍  မြန်မာဂျာနယ်လစ် ကွန်ရက်မှ အ တွင်းရေးမှူး ဦးဇေယျာလှိုင်က”အ များ ပြည်သူဘယ်သူမဆို မိမိတို့ရဲ့ အခွင့်အရေး ချိုးဖောက်ခံရတယ်၊ အများပြည်သူနဲ့သက်ဆိုင်တဲ့ လူ့ အခွင့်အရးချိုးဖောက်မှုတွေကို မြန် မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းမှာ လာပြီး ရှင်းလင်းလို့ရတယ်။မည် သည့်ငွေကြေးတစ်စုံတစ်ရာမှ ပေး စရာမလိုဘူးဆိုတာ သိစေချင်ပါ တယ်။ ငွေကြေးတစ်စုံတစ်ရာ ပေးရ တာမျိုးရှိခဲ့ရင်၊ ကျွန်တော်တို့ကိုပေး သိပါ။ အဲဒီထက်ပိုပြောရရင် သတင်း စာဆရာတွေအနေနဲ့ ကျင့်ဝတ် ဖောက်ဖျက်ခဲ့ရင် ငွေကြေးပေးရ တယ်ဆိုတဲ့အမှုအခင်းမျိုးရှိရင် ပြည် သူများကလည်း သူတို့ကိုမပေးဘဲနဲ့ ကျွန်တော်တို့ကို အသိပေးခြင်းအား ဖြင့် ကူညီပါ”ဟု ပြောသည်။

   ဖြစ်ပွားခဲ့သော ကိစ္စရပ်နှင့် ပတ် သက်ပြီး ကာယကံရှင် ဦးကျော်မင်း က ဥပဒေကြောင်းအရ ဆောင်ရွက် သွားရန်မရှိကြောင်း၊ အများ သိရှိ ရန်သာ သတင်းစာရှင်းလင်းပွဲပြု လုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ ပြီး ငွေကြေးတောင်းခံသွားသည်ဆို သော ဦးသန့်စင်ကို ယင်းကိစ္စနှင့် ပတ်သက်၍မေးမြန်းရန် ဆက်သွယ် ခဲ့ရာ ဆက်သွယ်မှုရရှိသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ကို ၂ဝ၁၁ ခုနှစ်က စတင် ဖွဲ့ စည်းခဲ့ပြီး သတင်းလွတ်လပ်ခွင့် ရရှိစေရန်၊ သတင်းစာပညာ ပြန့် ပွားစေရန် တည်ထောင်ခဲ့ခြင်းဖြစ် ကြောင်း၊ အများပြည်သူအနေဖြင့် နစ်နာချက်များ ရှင်းလင်းလိုပါက အခကြေးငွေ တစ်စုံတစ်ရာပေးစ ရာမလိုဘဲ ကွန်ရက်ရုံးခန်းတွင်  ပြု လုပ်နိုင်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*