ခေါင်းခြုံသည့် ဝတ်ရုံမပါဘဲ ဓာတ်ပုံရိုက်ကာ တွစ်တာတွင်တင်သည့် ဆော်ဒီအမျိုးသမီးကို ရဲမှ ဖမ်းဆီးအရေးယူ

ခေါင်းခြုံသည့် ဝတ်ရုံမပါဘဲ ဓာတ်ပုံရိုက်ကာ တွစ်တာတွင်တင်သည့် ဆော်ဒီအမျိုးသမီးကို ရဲမှ ဖမ်းဆီးအရေးယူ
December 14, 2016 Asian Fame

5:46 am
ခေါင်းခြုံသည့် ဝတ်ရုံမပါဘဲ ဓာတ်ပုံရိုက်ကာ တွစ်တာတွင်တင်သည့် ဆော်ဒီအမျိုးသမီးကို ရဲမှ ဖမ်းဆီးအရေးယူ

saudi-copy

PN-002
ရီယာ့ဒ်၊ ဒီဇင်ဘာ ၁၃

ဆော်ဒီအမျိုးသမီးတစ်ဦးသည် ခေါင်းခြုံသည့်ဝတ်ရုံမပါဘဲ ဓာတ် ပုံရိုက်ကာ တွစ်တာတွင်တင်လိုက်သဖြင့် ရဲမှ ဖမ်းဆီးအရေးယူခြင်း ခံရ ကြောင်း သိရသည်။

ထိုပုံကို ပြီးခဲ့သည့်လက သူ၏ တွစ်တာအကောင့်တွင် တင်လိုက် မိခြင်းဖြစ်ပြီး၊ ယင်းပုံသည် ဆော်ဒီအာရေဗျတစ်ဝန်းသို့ ပျံ့နှံ့သွား သ ဖြင့် ပြစ်တင်ပြောဆိုမှုများ၊ ခြိမ်းခြောက်မှုများ အထူးများပြားစွာ ပေါ် ပေါက်လာခဲ့သည်ဆို၏။

ယခု တနင်္လာနေ့ကမူ ထိုအမျိုးသမီးကို မိမိတို့ ဖမ်းဆီးအရေးယူ ထားပြီဖြစ်ကြောင်း မြို့တော် ရီယာ့ဒ်မှရဲတပ်ဖွဲ့က ပြောပါသည်။

အ ထွေထွေကျင့်ဝတ်ကို ဆန့်ကျင်ခြင်းဖြစ်သဖြင့် အရေးယူရကြောင်းကိုလည်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဖာဝါဇယ်လ် မိုင်မန်း ကပြောကြောင်း အေအက်ဖ်ပီသတင်းတစ်ပုဒ်အရသိရသည်။

ထိုအမျိုးသမီးသည် သူအသက် ၂ဝ ကျော်အရွယ်ခန့်က ကဖေးဆိုင်တစ်ခုတွင် ရပ်နေသည့်ပုံကို တွစ်တာတွင် တင်ခဲ့သည့်အတွက် အရေးယူခံရဖူးကြောင်းကိုလည်း သူက ပြောပါသေးသည်။

”ရီယာ့ဒ်ရဲတပ်ဖွဲ့အနေနဲ့ ဒီနိုင်ငံမှာ တရားဝင်ထုတ်ပြန်ထားတဲ့ အထွေထွေကျင့်ဝတ်ကို ဆန့်ကျင်တာမျိုးကို အရေးယူရတာတွေကြောင့် စိတ်ဖိစီးမှုဖြစ်ရပါတယ်”ဟုလည်း မစ္စတာမိုင်မန်းက ပြောပါသေးသည်။

ref: A Saudi woman tweeted a photo of herself without a hijab. Police have now arrested her.

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*