အကြမ်းဖက်များအား ထောက်ပံ့နေမှု ရပ်တန်းကမရပ်လျှင် ဆော်ဒီအာရေဗျဒေသ ကျောက်ခေတ် ပြန်ရောက်သွားမည်ဟု သမ္မတပူတင်ပြော

အကြမ်းဖက်များအား ထောက်ပံ့နေမှု ရပ်တန်းကမရပ်လျှင် ဆော်ဒီအာရေဗျဒေသ ကျောက်ခေတ် ပြန်ရောက်သွားမည်ဟု သမ္မတပူတင်ပြော
December 14, 2016 Asian Fame

5:33 am
အကြမ်းဖက်များအား ထောက်ပံ့နေမှု ရပ်တန်းကမရပ်လျှင် ဆော်ဒီအာရေဗျဒေသ ကျောက်ခေတ် ပြန်ရောက်သွားမည်ဟု သမ္မတပူတင်ပြော

putin-copy

မော်စကို၊ ဒီဇင်ဘာ ၁၃

ရုရှားနေ့စဉ်သတင်းစာ နိုဗာ ယာဂေဇက်တွင် ဖော်ပြထားသည့် သတင်းအရ အယ်လ်ခိုင်ဒါ၊ အစ္စ လာမ်မစ်နိုင်ငံတော် အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ကူညီနေမှုတို့ကို ရပ်တန်း ကမရပ်လျှင် ဆော်ဒီအာရေဗျနိုင် ငံအား  ကျောက်ခေတ်ပြန်ေ ရာက်  သည်အထိ ဗုံးကြဲတိုက်ခိုက်သွား မည်ဟု ရုရှားသမ္မတ ဗလာဒီမီ ယာ ပူတင်က သတင်းထောက်များ အား ပြောကြားခဲ့ကြောင်း သိရ သည်။

ရုရှားနိုင်ငံအနေဖြင့်လည်း အ ကြမ်းဖက်များကို နှိမ်နင်းရန် အ ဆင့်မြင့်လက်နက်များ အဆင်သင့် ဖြစ်နေသည့်အပြင် အခြားနိုင်ငံများ မှ မှာယူလျှင်လည်း ရောင်းချနိုင် ကြောင်း ပူတင်က တနင်္လာနေ့က ပြောပါသေးသည်။

”ကျွန်တော်တို့ဟာ ပြည်ပနိုင် ငံတွေကမှာထားတဲ့ အဆင့်မြင့် အ ကြမ်းဖက်နှိမ်နင်းရေး လက်နက် တွေကိုပြုလုပ်ပြီးနေပါပြီ။ တိုက်   လေယာဉ်တွေ၊ လေကြောင်းခံစစ် စနစ်တွေ၊ အတွဲလိုက်ပစ်နိုင်တဲ့ ဒုံးပျံတွေနဲ့ သံချပ်ကာကားတွေအား လုံးအဆင်သင့်ဖြစ်နေပါပြီ’ ဟု နိုင် ငံခြားတိုင်းပြည်များနှင့် ရုရှားစစ် ဖက်ဆိုင်ရာ နည်းပညာပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကော်မရှင် အ စည်းအဝေးတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

”ကျွန်တော်တို့ နိုင်ငံဟာလည်း  နိုင်ငံတကာအကြမ်းဖက်အဖွဲ့တွေ ကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေ ပါပြီ။ ပြီးတော့ကာ  စစ်ဖက် ဆိုင်ရာ အဆင့်အတန်းမှာလည်း ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နိုင်ငံတွေနဲ့ တန်းတူ အဆင့်ကိုရောက်နေပါပြီ”ဟုလည်း ပူတင်ကပြောသေး သည်။

ရုရှားနိုင်ငံမှ ပြည်ပနိုင်ငံများ သို့ လက်နက်တင်ပို့မှုမှာလည်း  ကန်ဒေါ်လာ ၅ဝ ဘီလျံတန်ဖိုး ပမာဏအထိ ရှိနေကြောင်း သိရ သည်။

ref:
1/    President Putin: Russia will bomb Saudi Arabia back to the Stone Age life unless Riyadh desists from supporting terrorism
2/    Putin: Russia ready to offer world most advanced anti-terrorist weapons

PN-002

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*