အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် နှင့် တွေ့ဆုံမေးမြန်းခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် နှင့် တွေ့ဆုံမေးမြန်းခြင်း
December 14, 2016 Asian Fame

5:13 am
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် နှင့် တွေ့ဆုံမေးမြန်းခြင်း

u-win-htein-1

” အခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း မစည်းရုံးနိုင်တော့ဘူး။ အဲ့ဒါအပြင်ကို ကိုယ်တို့ လွှတ်တော်ကိုယ်စားလှယ် အများစုကို ပြည်သူလူထုက အထင်အမြင် မမှားသေးဘူး သို့သော်လည်းပဲ လူနည်းစုပေါ့။ လူနည်းစုဆိုတာ ၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ကိုယ်စားလှယ်အနည်းစုက ကချော်ကချွတ် ဖြစ်တာတွေက ပြည်သူလူထုရဲ့ အထင်အမြင်မှားခြင်းကိုခံရတာပေါ့ “

ကြားဖြတ်ရွေးကောက်ပွဲက တဖြည်းဖြည်းနီးလာလေပြီ။ နီးလာသည်နှင့်အမျှ အာဏာရ NLD ပါတီ၏ အခြေအနေကလည်း ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီနှင့် မတူတော့။ အကြီးမားဆုံးအတိုက်အခံပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးမှအတိုက်အခံဝေဖန်မှုများ ခပ်စိပ်စိပ်မလုပ်သည့်တိုင်အောင်မှ လူထုကြားဝယ် ဝေဖန်သံတွေက အမျိုးမျိုးကြားလာရသည်။ ဘက်ပေါင်းစုံမှ ဖိအားအမျိုးမျိုးကိုလည်း အာဏာရပါတီရင်ဆိုင်ကြုံတွေ့နေရသည်။ ဖြေရင်းရမည့် ပြဿနာတွေကလည်းအများကြီး။ အလုပ်လုပ်သူတိုင်း ဖြစ်တတ်သည့် အမှားအယွင်းများ အလွဲအချော်များလည်း ပေါ်လာဦးမည်မုချ။ ထို့ကြောင့် ထိုထိုသော အခြေအနေအရပ်ရပ် ကြားထဲတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မည်သို့မည်ပုံ ကြိုတင်ပြင်ဆင်နေသည်ဆိုခြင်းကို လက်ရှိအချိန်တွင် NLD ၏ အရေးအပါဆုံးပုဂ္ဂိုလ်ဟုဆိုနိုင်သည့် ဦးဝင်းထိန်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် နှင့် တွေ့ဆုံမေးမြန်းခြင်း

NLD အနေနဲ့အခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မှုဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ အထွေထွေရွးကောက်ပွဲနဲ့ မတူဘဲ ကွာခြားသွားတယ်လို့ ဦးဝင်းထိန်က မီဒီယာတွေကို ဖြေထားတာရှိပါတယ်။ ဘယ်လိုမျိုး ကွာခြားသွားလဲဗျ။

အခု ကြားဖြတ် ရွေးကောက်ပွဲက အားလုံး ၁၉နေရာ ရှိတယ်။ ၁၉ နေရာ ဆိုတော့ အလုပ်က ဘာမှမကြီးဘူး။ တာဝန်ကဘာမှ မကြီးဘူး။ အလုပ်လည်း များမယ်လို့ မထင်ဘူး။ အခုအားလုံး ရွေး ပြီးပြီ။ ရွေးတာက မြို့နယ်တွေကို ရွေး ခိုင်းတယ်။ ဗဟိုကအတည်ပြုတယ်။ အဲ့ ဒီလို ရွေးတဲ့နေရာမှာ ကိုယ်စားလှယ် လောင်းတွေရဲ့ နိုင်ငံရေး အရည်အချင်း ပြည့်ဝမှုပဲ ဦးစားပေးတယ်။ ၂ဝ၁၅ ရွေး ကောက်ပွဲနဲ့ ဦးစားပေးတာချင်းမတူဘူး။ ၂ဝ၁၅ မှာ ဦးစားပေးတာက လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသား နောက်ပြီး တော့ ပညာရှင်တွေ။ အခုကျတော့ လွှတ်တော်မှာ လွှတ်တော် ကိုယ်စား လှယ်တွေရဲ့ ဆောင်ရွက်ချက်တွေ Performance တွေ ကြည့်တဲ့အခါကျတော့ နိုင်ငံရေး ရင့်ကျက်မှုတွေ လိုတယ်ဆိုတဲ့အတွက်ကြောင့်မို့ နိုင်ငံရေး ရင့်ကျက်သူတွေကို ရွေးထားတယ်။

အထွေထွေရွေးကောက်ပွဲတုန်းက ပါတီ ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲဆန္ဒနယ်တွေအထိဆင်းပြီး မဲဆွယ်ပေးခဲ့တယ်။ ခုအခြေအနေအရ မဖြစ်နိုင်တော့ဘူး။ ဒီတော့ ပါတီဘက်က ဘယ်လို စီစဉ်ထားလဲခင်ဗျ။

မဲဆွယ်စည်းရုံးမှုက ၂ဝ၁၅ ခုနှစ်နဲ့ တော့တူတော့မှာ မဟုတ်ဘူး။ ၂ဝ၁၅ ခုနှစ်တုန်းက ဗဟိုမှာ အောင်နိုင်ရေးအဖွဲ့ ဖွဲ့တယ်။ တိုင်းနဲ့ပြည်နယ်၊ ခရိုင်အောင် နိုင်ရေးအဖွဲ့တွေ ဖွဲ့ပြီး သိုင်းသိုင်းဝိုင်း ဝိုင်း လုပ်ကြတယ်။ အခုကတော့ ၁၉ မြို့ နယ်ထဲ ဖြစ်တဲ့အတွက်ကြောင့်မို့ အောင် နိုင်ရေးအဖွဲ့ မဖွဲ့တော့ဘူး။ သက်ဆိုင်ရာ မြို့နယ်က အလုပ်အမှုဆောင်တွေ ဦးစီး လုပ်ရမယ်။ အဲ့ဒီနားမှာရှိတဲ့ သက်ဆိုင်ရာမြို့နယ်တွေက သိုင်းဝိုင်းပြီးတော့ စည်းရုံးဖို့ ပြောထားတယ်။

၂ဝ၁၅နဲ့ အခုကြားဖြတ် ဘာတွေ ကွာခြားသွားမယ်လို့ ထင်လဲ။ ပြီးတော့ ဘယ်လိုအချက်တွေက NLD အတွက် စိန်ခေါ်မှုတွေ ဖြစ်လာမလဲ။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက အားသာချက်တွေကအများကြီး။ ယုတ်စွအဆုံး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစားပေးပြီး မဲဆွယ် ခဲ့တယ်။ နောက်ပြီးတော့ လူကြီးတွေကလည်း ကိုယ်တိုင်သွားပြီး စည်းရုံးရေးလုပ်တယ်။ အနုပညာရှင်အဖွဲ့တွေကလည်း သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ မြန်မြန် ဆန်ဆန် လုပ်ခဲ့တယ်။ ၂ဝ၁၅ ခုနှစ် ရွေး ကောက်ပွဲကတော့ တော်တော်ကို ကြီး မားတဲ့ လုပ်ဆောင်ချက်ပေါ့။ ဒါပေမယ့် အခုဒီမှာကျတော့ အဲ့ဒီလောက်ကြီးလိုမယ်လို့ မယူဆဘူး။ သို့သော်လည်းပဲ မြို့နယ်တွေမှာ လုပ်တာတွေ အနုပညာရှင်တွေအားပေးတာကတော့ အရင်အတိုင်းပဲလုပ်မယ်။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လူကိုမကြည့်ဘဲ ပါတီကိုကြည့်ပြီးတော့ မဲပေးပါ။ အလံကြည့်ပြီးတော့ မဲပေးပါ။ သူ့ရဲ့ စည်းရုံးမှုက တော်တော်ကို ထိ ရောက်ခဲ့တယ်။ ထိရောက်သလိုလည်း နိုင်ခဲ့တယ်ပေါ့။ အခုကတော့ ဒေါ်အောင် ဆန်းစုကြည်ကလည်း မစည်းရုံးနိုင်တော့ ဘူး။ အဲ့ဒါအပြင်ကို ကိုယ်တို့ လွှတ်တော် ကိုယ်စားလှယ် အများစုကို ပြည်သူလူထု က အထင်အမြင်မမှားသေးဘူး။ သို့ သော်လည်းပဲ လူနည်းစုပေါ့။ လူနည်းစု ဆိုတာ ၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ကိုယ် စားလှယ်အနည်းစုက ကချော်ကချွတ် ဖြစ်တာတွေက ပြည်သူလူထုရဲ့ အထင်အမြင်မှားခြင်းကို ခံရတာပေါ့။ အဲ့ဒီအပေါ်မှာ ပြည်သူလူထု ထောက်ခံမှုရှိ၊ မရှိ ဆိုတာ ရွေးကောက်ပွဲကျမှ သိမှာပဲ။

လာမယ့် ကြားဖြတ်မှာ အဓိကထား ယှဉ် ပြိုင်ရယ့် ပါတီက ဘယ်ပါတီ ဖြစ်မလဲ ခင်ဗျ။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တုန်းကတော့ ပြိုင်တဲ့ပါတီက မှန်တယ်လေ။ ကြံ့ခိုင်ရေးပဲ။ ဒါပေမယ့် တခြားပါတီတွေလည်း အများကြီးဝင်ကြတာပဲ။ တချို့ပါတီဆို ကိုယ်စားလှယ် ၃ဝဝ လောက် ဝင်ပြိုင်တဲ့ပါတီ ၂ ခု၊ ၃ ခု လောက် ရှိတယ်ဆိုတော့ အဲ့ဒီတုန်းကတော့ အဲ့ဒီပါတီတွေက အပြိုင်ပဲ။ ဒါပေ မယ့် အခုကတော့ ပြည်ခိုင်ဖြိုးရဲ့ ခြေ လှမ်းက ဘယ်လိုနေမလဲ မသိဘူး။ နောက်တစ်ခုက တခြားပါတီတွေတချို့ကလည်း ရွေးကောက်ပွဲ မဝင်တော့ဘူး ဆုံးဖြတ်တဲ့ ပါတီတွေလည်းရှိတယ်။ အဓိက ပြိုင်ဘက်ကတော့ ကြံ့ခိုင်ရေးပါတီပဲ ဖြစ်ဖို့များတယ်။ ဒါပေမယ့် သူတို့ အကြောင်းတော့ မသိသေးဘူး။

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲအချို့ အပေါ် NLD ကိုယ်စားလှယ်တွေထားတဲ့သဘောထား။ ဒီသဘောထားက ခုဝေ ဖန်ခံနေရမှုအချို့ ရှိနေတယ်။ ဒါဟာ ကြားဖြတ်မှာ အောင်နိုင်ရေးအတွက် အတားအဆီးတစ်ခုဖြစ်လာနိုင်လား။

မဖြစ်နိုင်ဘူး။ အခုမြန်မာတစ်ပြည် လုံးမှာ ဖြစ်နေတဲ့ဟာက အခု ရှမ်းမြောက် မှာ ဖြစ်နေတာက လောလောဆယ်ဖြစ် နေတာ အဲ့ဒီမတိုင်ခင် ရခိုင်မှာဖြစ်နေ တယ်။ မြစ်ဆုံကိစ္စဖြစ်နေတယ်။ အဲ့ဒါတွေ အားလုံးက ကိုယ်တို့တွေ အားလုံးရင်ဆိုင်ဖြေရှင်းရမှာ။ ရွေးကောက်ပွဲကို ထိခိုက်တဲ့အချက်လို့တော့ မယူဆဘူး။

ရွေးကောက်ပွဲနိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေထဲက အချို့။ သူတို့ရဲ့ အရည်အသွေးမပြည့်မီဘူးဖြစ်နေတယ်။ လွှတ်တော်ထဲလည်းဆူခံနေရတယ်။ ခုကြားဖြတ်မှာ လူကြည့်ရွေးကြရင် ဘယ်လိုရှိလာမလဲ။

အခုကတော့ အဲ့ဒီလို အရေးယူမှု ဖြစ်မလာဖို့ဆိုတာ ပြောတော့ ပြောနေတာပဲ။ လွှတ်တော်မှာပြောတယ်။ ဦးဝင်း မြင့်လည်း ပြောတယ်။ ဒေါ်အောင်ဆန်းစု ကြည် ရှိတုန်းကဆိုရင်လည်း ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ပြည်သူလူထုအ ကျိုးကို ဆောင်ကြဉ်းရမယ်ဆိုတာပြော တယ်။ ဒါက တောက်လျှောက် မလျှော့ဘဲ ပြောနေရမယ့် ကိစ္စဆိုတော့ ဒါတွေ ကြောင့်တော့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွှမ်းမိုးမယ်လို့တော့ မထင်ဘူး။

ပါတီကတင်ထားတဲ့ အစိုးရအဖွဲ့လူကြီးတွေ နဲ့ တပ်မတော်ဆက်ဆံရေးဘယ်လိုတွေ ရှိနေတယ်လို့ ဦးဝင်းထိန် တွေ့နေရလဲဗျ။

ရေရှည်မှာ ငြိမ်းချမ်းရေး၊ အထူးသ ဖြင့် ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးမှာ တပ်မတော်နဲ့ အန်ကယ်တို့ NLD က အဖွဲ့ချုပ်ဝင်တွေကတော့ အဆင်ပြေတယ်။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ပိုတောင်ရှိလာတယ်လို့တောင် ပြောရမယ်။

အခုလိုဖြေပေးတာကျေးဇူးပါဗျ။

ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*