အခု ဘယ်လိုတွေ့နေရလဲဆိုရင် စမ်းလုပ်ရင်း လုပ်ရင်းနဲ့ ရှေ့ဆက်နေတဲ့ပုံပေါက်နေတယ်။ အဲဒီလို ခြေလှမ်းမျိုးနဲ့တော့ မီမှာမဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည်က ရှေ့ကနေ တအားလုပ်နေရတယ် နောက်က သူ့လိုမလိုက်နိုင်ကြဘူး ဖြစ်နေတယ်

အခု ဘယ်လိုတွေ့နေရလဲဆိုရင် စမ်းလုပ်ရင်း လုပ်ရင်းနဲ့ ရှေ့ဆက်နေတဲ့ပုံပေါက်နေတယ်။ အဲဒီလို ခြေလှမ်းမျိုးနဲ့တော့ မီမှာမဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည်က ရှေ့ကနေ တအားလုပ်နေရတယ် နောက်က သူ့လိုမလိုက်နိုင်ကြဘူး ဖြစ်နေတယ်
December 14, 2016 Asian Fame

5:14 am
အခု ဘယ်လိုတွေ့နေရလဲဆိုရင် စမ်းလုပ်ရင်း လုပ်ရင်းနဲ့ ရှေ့ဆက်နေတဲ့ပုံပေါက်နေတယ်။ အဲဒီလို ခြေလှမ်းမျိုးနဲ့တော့ မီမှာမဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည်က ရှေ့ကနေ တအားလုပ်နေရတယ် နောက်က သူ့လိုမလိုက်နိုင်ကြဘူး ဖြစ်နေတယ်

per-copy

‘စင်ကာပူနိုင်ငံ လွတ်လပ်ရေး စတင်ရရှိတဲ့အချိန်မှာ ဝန်ကြီးချုပ် လီကွမ်ယုက စင်ကာပူနိုင်ငံက မြန်မာနိုင်ငံကို နှစ် ၂ဝ အတွင်း အမီ လိုက်ရမယ်လို့ ပြောခဲ့ပါတယ်။ အခု အချိန်မှာတော့ ဒီစကားကို ပြောင်းလဲရတော့မယ်လို့ ကျွန်မထင်ပါတယ်။ နှစ်ပေါင်း ၂ဝ အတွင်းမှာ   မြန်မာနိုင်ငံက စင်ကာပူကို ကျော်တက်ရပါမယ်။ ဒီလို လုပ်ဖို့အတွက် စင်ကာပူကလည်း ကျွန်မတို့ကို ကူညီပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ဒေသတွင်း တစ်နေရာမှာ အောင်မြင်တာ က ဒေသတစ်ခုလုံးရဲ့ အောင်မြင်မှုဖြစ်လို့ပါ’ ဟု ဒေါ်အောင်ဆန်း စုကြည်က ပြီးခဲ့သည့်လက စင်ကာပူခရီးစဉ်တွင် ပြောကြားခဲ့ခြင်း နှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ အမျိုးမျိုးပေါ်ထွက်လာကြသည်။ ထို့ကြောင့် အတွေ့အကြုံရှိ နှံ့စပ်ကျွမ်းကျင်သူတို့၏ အမြင်များကို စုစည်းတင်ပြ လိုက်ရပါကြောင်း။

ဦးဘိုဘိုကျော်ငြိမ်း

ဒေါ်စုက အားပေးချင်တဲ့ သဘောနဲ့ပြောတာပါ။ စီးပွားရေး အမြင် သက်သက်ကို ပြောရရင် လက်တွေ့မကျပါဘူး။ စိတ်ကူးယဉ် တာပါ။ တိုင်းပြည်တစ်ခုကို ထူ ထောင်ဖို့ရာ အများကြီးလိုပါတယ်။

မြန်မာနိုင်ငံမှာ ဘာမှ အဆင်သင့် မဖြစ်ဘဲ ပြောတာမို့ ဖြစ်ချင်တာ ကိုပြောတဲ့ စိတ်ကူးယဉ်သက်သက် ပါပဲ။ တိုင်းပြည်ထူထောင်ဖို့ Infrastructure ၊ Human Resources နဲ့ ဘာ Industry  မှ မရှိ။ အစိုးရက ဘာလိုမှန်း မသိ တဲ့အစိုးရ၊ ဘာပေါ်လစီချရမှန်း မသိဘဲနဲ့
ဘယ်လိုမီနိုင်မှာလဲ။ အ မှန်အတိုင်း မြင်တတ်ရင် ဒေါ်စု ကိုယ်၌လည်း စီးပွားရေးအမြင်မှာ အားနည်းပါတယ်။ စီးပွားရေး နားလည်ရင် ဒီလိုစကားဘယ်ပြော မှာလဲ။ သူ့စီးပွားရေးဝန်ကြီးက စီး ပွားရေး ၂ ဆ ၃ ဆ ဖြစ်လာမယ် ဆိုတာလည်း နားမလည်လို့ ပြော တာပါ။
တိန်ရှောက်ဖိန်လည်း စင်ကာပူကို အတုခိုးပြီး လုပ်တာ မအောင်မြင်ဘူး။ လီကွမ်ယု စာ အုပ်မှာပါပါတယ်။ တစ်နိုင်ငံရဲ့ အခြေအနေက တစ်နိုင်ငံနဲ့မတူ ပါဘူး။ လီကွမ်ယုက တော်ရုံမက ဘူး။ လူတော်တွေကို အစိုးရမှာ နေရာပေးပြီး ပေါ်လစီချခိုင်းတာ။ NLD  က Loyalists
တွေကိုပဲ ခိုင်း တာပါ။NLD  ပါတီ ကိုယ်၌Institution ဖြစ်အောင် မလုပ် တတ်သေးပါဘူး။ စင်ကာပူကိုမီဖို့ စိတ်ကူးမယဉ်ခင်Inflation  ကို နားလည်အောင် အရင်လုပ်ကြပါ ဦး။  ဒေါ်လာဈေးနဲ့ Inflation ဆက်စပ်နေတာတောင်…သိ ကြပုံ.မပေါ်သေးပါဘူး။ ထိုင်းကို မီအောင်တောင် မနည်း လုပ်ကြ ရဦးမှာပါ။ စိတ်ကူးယဉ်ရတာ လွယ်ပါတယ်။ လက်တွေ့ဖော်ထုတ် တာမလွယ်ပါဘူး။

ဦးကျော်မျိုးထွန်း

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောသ လို နောင်နှစ် ၂ဝ တွင် စင်ကာပူ ကို မှီနိုင်ပါသည်။ သို့သော် ကျော် တက် ရန်မှာမူ မဖြစ်နိုင်ဟု ထင်ပါ သည်။ တစ်နှစ်လျှင် ပျမ်းမျှ ၈ ရာ ခိုင်နှုန်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် သွားလျှင် နှစ် ၂ဝ ကြာ ၂ဝ၃၈ ခုနှစ် တွင် မြန်မာနိုင်ငံ စုစုပေါင်းGDP ၃၁၅ ဘီလျံ ရှိပါသည်။ ထို ပမာဏမှာ ယနေ့ စင်ကာပူ၏GDP  ဖြစ်ပါသည်။ ထိုဖွံ့ဖြိုးမှုအ ဆင့်သို့   ရောက်ရှိရန် မြန်မာနိုင်ငံ အစိုးရအနေနှင့် တစ်နှစ်ချင်းစီရှိGDP  ၏ ၅ ရာခိုင်နှုန်းကို အခြေခံ အဆောက်အအုံတွင် သုံးစွဲရန် လိုအပ် မည်ဖြစ်ပါသည်။ ထိုသုံးစွဲ ရန်လိုသော ငွေပမာဏမှာ နှစ် ၂ဝ အတွင်း ဒေါ်လာ ၁၇၆ ဘီလျံမှ ၂ဝဝ ဘီလျံ အထိ ရှိပါသည်။ အဓိက စိန်ခေါ်မှုမှာ ထိုရင်းနှီးမြှုပ် နှံမှုပမာဏကို ရရှိအောင် ဆောင် ရွက်ရေး ဖြစ်ပါသည်။ ထိုပမာဏ သည် တိုင်းပြည်GDP  ၏ ပျမ်းမျှ ၅ ရာ
ခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း အ ထိ ရှိပါသည်။ လက်ရှိသုံးစွဲနေသော အနေအထားမှာ GDP  ၏ ၁ ရာ ခိုင်နှုန်းသာရှိပါသည်။ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်ကဲ့သို့သော နိုင်ငံ များမှာ အခြေခံ အဆောက်အအုံ များတွင် GDP  ၏ ၅ ရာခိုင်နှုန်း ခန့် မြှုပ်နှံရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပြီး၊ ယခုထိ ကြိုးစား နေရဆဲကို ထည့်သွင်းတွက်ချက် သင့်ပါသည်။

ဦးဘတင်
စင်ကာပူရောက် မြန်မာ

ဖြစ်လည်းဖြစ်နိုင်တယ်။ မဖြစ် လည်းမဖြစ်နိုင်ဘူး။ ဖြစ်လည်းဖြစ် နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်က နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အခြေခံအဆောက်အအုံတွေ ပြည့် စုံဖို့ လိုတယ်။ ၂၄ နာရီ မီးလာဖို့ လိုတယ်၊ ရေလာဖို့လိုတယ်။ တယ် လီဖုန်းအပါအဝင်၊ အင်တာနက် ဆက်သွယ်ရေးလမ်းကြောင်းတွေ ခုထက်ပိုပြီး ကောင်းဖို့လိုတယ်။ နောက်ပြီး လမ်းပန်းဆက်သွယ် ရေး။ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်း အကုန်ပါတယ်။ ဥပမာပြောရရင် စစ်တွေနဲ့ ရန်ကုန် လိုင်း ဖြောင့်ဖြူးနေရမယ်။ အလား တူပဲ မြစ်ကြီးနားနဲ့ ရန်ကုန်   ဖြောင့် ဖြူးနေရမယ်။ ဒီလိုပဲ ထားဝယ်၊ မြိတ်ကနေ လာတဲ့လမ်းကြောင်း တွေ ဖြောင့်ဖြူးနေရမယ်။ ဒါတွေ ကို ၁ဝ နှစ်နဲ့လုပ်နိုင်ရင် မီဖို့ အ ခြေအနေသာသွားပြီလို့ ပြောလို့ရ ပြီ။ ပြီးတာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြည်ပကနေဝင်လာအောင်၊ ပြည် တွင်း လုပ်ငန်းရှင်တွေကလည်း အလုပ်တွေ လုပ်နိုင်အောင် အ ကောင်အထည်ဖော်ပေး။ ထို့နည်း တူစွာပဲ အရွယ်ရောက်တဲ့သူ မှန် သမျှ အလုပ်လုပ်။ လက်ဖက်ရည် ဆိုင်ထိုင်ပြီး အချိန်ဖြုန်းတာတို့၊ ဘီယာဆိုင်ထိုင်ပြီး အချိန်ဖြုန်းတာ တို့မလုပ်နဲ့။ လုံးလုံးမလုပ်ရဘူးဆိုတာတော့ မဟုတ်ဘူး။ အလုပ်နား တဲ့အချိန် လုပ်လို့ရတယ်။ နောက် ပြီး လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုး ထောင်၊ လူမှန်နေရာမှန်ပေး။ ဒီလို ဆိုရင် ရနိုင်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည် စင်ကာပူမှာ ပြော သွားတဲ့စကားက စင်ကာပူလို အ ဆောက်အအုံတွေ၊ လမ်းတွေ၊ တံ တားတွေ ပျံလန်နေအောင် ကျော် တက်သွားအောင် လုပ်ဖို့ဆိုတာ ထက် စီးပွားရေးအရ ဝင်ငွေ တိုး အောင် လုပ်မယ်ဆိုတဲ့ သဘောပဲ။ ဒါကို အားလုံးက နားလည်မှုလွဲပြီး ဟာ…စင်ကာပူထက် ပျံလန် နေအောင်လုပ်မယ်ဆိုတာကို ပြေး မြင်လိုက်ကြတာပဲ။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်အခြေအနေအရ ရှိသင့်ရှိထိုက်တဲ့ တောတောင်တွေ၊ နေရာရပ်ဝန်းတွေ ရှိရမှာပဲလေ။ တစ်နိုင်ငံလုံး မိုးမြင့်တိုက်ကြီးတွေ ဖြစ်ဖို့ မလိုပါဘူး။ မဖြစ်လည်း မ ဖြစ်နိုင်ဘူးလို့ ကျွန်တော်ပြောတဲ့ စကားက ဒီအရာတွေ မလုပ်နိုင်ဘူးဆိုရင်တော့ လုံးဝ မီနိုင်မှာ မဟုတ်ဘူး။

ဒေါက်တာအောင်မျိုး
ပြည်ပရောက် ကင်ဆာအထူးကု ဆရာဝန်ကြီး

ကျွန်တော်တို့ နိုင်ငံမှာ လူ့စွမ်း အားအရင်းအမြစ်တွေ ရှိတယ်။ သဘာဝကပေးထားတဲ့ သဘာဝ သယံဇာတတွေ ရှိတယ်။ ဒါ့အပြင်   အောင်မြင်ချင်တဲ့ အောင်စိတ်တွေ ရှိတယ်။ ဂျပန်ဟာ အဏုမြူဗုံး ကြဲ ခံရပြီး ပြာပုံဘဝကနေ အောင်စိတ် နဲ့ ထိပ်တန်းနိုင်ငံတစ်ခု
ဖြစ်လာ တယ်။ ကျွန်တော် ပြောချင်တဲ့ အောင်စိတ်ဆိုတာ အဲဒါကို ပြော တာ။ ဟုတ်ပြီ။ အခုအခြေအနေ က လွန်ခဲ့တဲ့ နှစ် ၅ဝ လောက်က နဲ့ မတူတော့ဘူး။ အားလုံးဟာ ပြောင်းလဲကုန်ပြီ။ ထိုင်းကအစ ကျွန်တော်တို့ ရှေ့ရောက်နေတယ်။ ဒီတော့ ကျွန်တော်တို့လို စင်ကာ ပူကို မီဖို့ဆိုရင်၊ ကျော်ဖို့ဆိုရင် ခု ပုံစံတိုင်းဆိုရင် အပြင်းအထန် ကြိုး စားရဦးမယ်။ အဆင့်တိုင်းက ကြိုး စားရမယ်။ နိုင်ငံမှာ အဓိကလို တာ ကတော့ ဦးဆောင်မှု ကောင်း ကောင်းနဲ့ စီမံမှုကောင်းကောင်းပဲ။ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ကောင်းဖြစ်သွားတယ်။ ဒေါ်အောင်
ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကလွဲရင် အများစုကဒီမိုကရေစီအတွက် အ နစ်နာခံခဲ့တာကလွဲလို့ စီမံခန့်ခွဲမှု နယ်ပယ်မှာ အားအလွန်နည်းပါ တယ်။ ဒါဟာ အမှန်တရားပါ။ အခု ဘယ်လို တွေ့နေရလဲဆိုရင် စမ်းလုပ်ရင်းလုပ်ရင်းနဲ့ ရှေ့ဆက် နေတဲ့ ပုံပေါက်နေတယ်။ အဲဒီလို
ခြေလှမ်းမျိုးနဲ့တော့ မီမှာမဟုတ် ဘူး။ ဒေါ် အောင်ဆန်းစုကြည်က ရှေ့ကနေ တအားလုပ်နေရတယ်။ နောက်က သူ့လို မလိုက်နိုင်ကြဘူး   ဖြစ်နေတယ်။ စီမံခန့်ခွဲမှုကို နိုင် နင်းတဲ့ သူတွေဖြစ်အောင် တစ် ဖက်က လုပ်ရမှာဖြစ်သလို စီမံခန့် ခွဲမှု ကောင်းကောင်းတွေလည်း ချ
နိုင်ရမယ်။ မြန်မာမှာ ဖွံ့ဖြိုးမှုကို အားကိုးရမှာ ဖြစ်သလို၊ ထိန်းချုပ် မှုကိုလည်း ပြုရမှာဖြစ်တယ်။ ထိန်း ချုပ်တာတွေ များပြီး၊ ဖွံ့ဖြိုးမှုကို အားမပေးရင်လည်း မဖြစ်ဘူး။

ကိုရန်နိုင်
တစ်ပိုင်တစ်နိုင် အရောင်းအဝယ် လုပ်ကိုင်သူ

ကျွန်တော်က အမေစုရဲ့ ပြော စကားကို ယုံတယ်။ အမေဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော်တုန်းက နေအိမ်အကျယ်ချုပ် ကျခံနေရ တယ်။ ခု သူ နိုင်ငံရဲ့ထိပ်တန်း ခေါင်းဆောင် ဖြစ်လာပြီ။ ဟုတ် ပြီ။ နောင် အနှစ် ၂ဝ ဆိုရင်ရော ကျွန်တော်တို့ နိုင်ငံဟာ ကောင်းတဲ့ ပြောင်းလဲ မှုတွေ ကြုံတွေ့ရမှာပါ။ အဲဒီလိုမျိုး ယုံကြည်မှုပါ။ ကျွန် တော့်အမြင် ပြောရရင် မြန်မာပြည် တိုးတက်ဖို့အတွက် အစိုးရကိုပဲ အားကိုးနေလို့ မရဘူး။ ကျွန်တော် တို့နိုင်ငံမှာ အမှန်တကယ် အသုံး မချရသေးတဲ့ နေရာတွေ အများ ကြီးရှိတယ်။ ဒါကို စက်မှုလယ် ယာစနစ်နဲ့ လုပ် လိုက်ရင် ပြည်ပ ကို ခုထက် ပိုပြီး တင်ပို့နိုင်သွား လိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံဟာ အရာရာကို ပြည်ပကနေ သွင်းနေ ရတာကို ပြည် တွင်းမှာ ထုတ်လုပ် နိုင်အောင် အားလုံးက ဝိုင်းဝန်း ကြိုးစားပြီး အစိုးရက အဓိက လုပ် ပေးရမယ်။ အခြေခံလျှပ်စစ်မီးနဲ့ လမ်းပန်းဆက် သွယ်ရေး။ အဲဒီလို မြင်ပါတယ်။

ဦးဝင်းမြင့်
ထိုင်းရောက်မြန်မာ

အပြောနဲ့ မဟုတ်ပဲ လက်တွေဘာတွေလုပ်မလဲ၊ ဘယ်လိုလုပ်မလဲ။ ဘယ်တော့စလုပ်မလဲ ဆိုတာ ချပြတဲ့စီမံကိန်မျိုးမတွေ့ သေးတော့ စင်ကာပူကိုရောက်တုန်းရောက်ခိုက် စကားရှာပြောသလားလို့ ပဲမြင်မိတယ်။

နောက်နှစ် ၂၀ မှာ စင်ကာပူနဲ့ သာအောင်ကျော်အောင်ဆိုတာက စင်ကာပူရဲ့ လက်ရှိအခြေကိုပြောပုံလည်းရတယ်။ ဒါပေမယ့် နောင်နှစ် ၂၀ မှာ စင်ကာပူက အခုထက် ၂ ဆ ၃ဆလောက်တိုးတက်သွားမယ်ဆိုရင်ရော ဘယ်လိုမီနိုင်မလဲ၊ စင်ကာပူက လူဦးရေနည်းတဲ့အတွက် ဖွံ့ ဖြိုးရေး ၀င်ငွေတိုးရေး ကိုလုပ်ဖို့ လွယ်တယ်။ မြန်မာနိုင်ငံလို လူဦးရေ ၇၀ ရာခိုင်နှုန်းက တောနေလူတန်းစားတွေ ၊ ဆင်းရဲချမ်းသာ ကွာခြားမှုက အလွန်ကွာဟနေတယ်ဆိုတော့ဖြစ်နိုင်ခြေနည်းတယ်။ စင်ကာပူလို လူနည်းတဲ့နိုင်ငံကိုမပြောနဲ့ ရေမြေအနေအထား လူဦးရေ လည်းမြန်မာထက်ပိုများတဲ့ ထိုင်းနိုင်ငံကို မီအောင်တောင် လုပ်ဖို့ လွယ်မလား။ ဘာကြောင့်ဆိုတော့ နိုင်ငံအတော်များများက နှစ် ၂၀စီးပွားရေးနဲ့ လူမှုရေစီမံကိန်တွေချပြိး အကောင်အထည်ဖေါ်နေတယ်။ မြန်မာနိုင်ငံမှာ စတောင်မစနိုင်သေးဘူး။ နောက်တခုက အစိုးရအပြောင်းအလဲမှာ သူမူဝါဒနဲ့ သူလုပ်နေတာကိုတွေ့ ရတော့ နောက်အစိုးရသစ်တက်လာရင်လည်းအလားတူပဲဖြစ်နေတယ်။
နိုင်ငံတော်စီးပွားရေးနဲ့ ဖွံ့ ဖြိုးရေးဆိုတာက စီးပွားရေးနဲ့ လူမှုဖွံ့ ဖြိုးရေး ကော်မရှင်တရပ်ကို လွတ်လပ်စွာဖွဲ့ စည်းပြီး မြန်မာနဲ့ သင့်တော်တဲ့ စီမံကိန်းတွေချမှတ်ရတယ်။ အခုက အဲ့ဒီကော်မတီတောင်မရှိသေးပဲ နှစ်၂၀ အတွင်း စင်ကာပူနဲ့ ကျော်လွန်အောင်လုပ်မယ်ဆိုတာက လက်ရှီအခြေအနေနဲ့ ပြောမယ်ဆိုရင် စိတ်ကူးယဉ်ပဲ ရှိတယ်။

ဦးကျော်ဦး
အင်ဂျင်နီယာ

နှစ် ၂၀ မှာ စင်္ကာပူ ကို ကျော် နိုင်လား ဆိုတော့ မြန်မာ နိုင်ငံ လို စင်္ကပူ နိုင်ငံထက် တော်တော် များများ ပြည့်စုံ နေတဲ့ နိုင် ငံ အဖို့ ကတော့ တကယ်လုပ်မယ် ကြိုးစားမယ် ဖြစ်နိုင် ခြေ များပါတယ် ။ပထမ ဆုံး အရေးကြီးတာကတော့ တရား ဥပဒေ စိုး မိုးရေး ပါ ။ အဲ ဒီ အထဲ မှာ အကုန်ပါပါတယ် ။ အဓိ ကကတော့ နိုင်ငံ စီး ပွားရေး ဆုတ်ယုတ်စေမဲ့ လဒ်ပေး လဒ် ယူ မှု ကို အဓိ က တိုက်ထုတ် ရ ပါမယ် ။
မှန်ကန်တဲ့ တရားစီရင်ရေး ရှိရပါမယ်။ ဒါမှ သမာသမတ်ကျတဲ့ company ကြီးတွေ အများကြီးရောက်လာမှာပါ ။ company ကြီးတွေ က အခုခောတ်မှာ လဒ်ပေး လဒ် ယူ ကို တိုက်ဖျက်နေပါတယ်။

အစိုးရ management တွေ ကိုပြန်ပြင်ရပါမယ် ။ သူက main ကျ ပါတယ်။ ပုဂ္ဂလိက လုပ်ငန်း တွေ ကို ကြီးကြပ် နိုင်ဖို့ လူကောင်း လူတော်တွေ ရှိတဲ့ အစိုးရ ယန္တား ကို စဖေါ်ဆောင်ရပါမယ်။ အစိုးရ ၀န်ထမ်းထဲ မှာ မလုပ် မရှုတ် မပြုတ် creative mind မရှိတဲ့ သူတွေ ကို အကုန် သင်တန်းတွေ ပေး ပြီး အရည် အချင်း မြှင့်တင် တော်တဲ့ သူ ရာထူးတိုးပေး တဲ့ စနစ်ထားရပါမယ် ။ မလိုက်နိုင်တဲ့ သူတွေ ဖယ်ထုတ်ပြီး ယန္တား ကို ကျစ်ကျစ် လစ်လစ် ပြန် ဖွဲ့ စည်းရပါမယ် ။ နောက် အရမ်းတော်တဲ့ ပြင်ပ တက္ကသိုလ် တွေ ကပြီးတဲ့ သူတွေ ကို အစိုးရ ဌာန တွေ မှာ ရာထူး တချိ့ဖန်တီး ပြီး လုပ်ငန်းတွေ ကြီးကြပ် စေရပါမယ် ။ ဘော်လန် တီယာတွေ အားမကိုးပါနဲ့။( တကယ်တော့ တခြား တခု ရပေါက် ရလမ်း အတွက် အနစ်နာခံ သလိုလုပ်တာပါ ) တကယ် ပညာတတ်သင်ခဲ့တဲ့ နိုင်ငံ သား တွေ က လစာကောင်းေ ကာင်း ပေးပြီး အစိုးရ ဌာနတွေ မှာ ကြီးကြပ် ဖို့ လိုပါတယ် ။ သူတို့ အဲဒီ ဘ၀တွေ ရောက် ဖို့ အတွက် ပိုက်ဆံ သိန်းပေါင်း များစွာ အကုန် အကျခံ ကျိုးစားခဲ့ ကျတာပါ ။ သူတို့ ကမှ တကယ် ကို အောင်မြင်အောင် ကြိုးစားမှာပါ ။ အစိုးရ ရုံးတွေ ကို computerize management
system တွေ လုပ်ရပါတော့မယ် ။ အဲတော့ အဲ သလိုလုပ်နိုင်တဲ့ အရည် အချင်း ရှိတဲ့ သူတွေ အစိုးရ ဌာနတွေ မှာ လိုပါတယ် ။

ပညာရေး ကတော့ အစိုးရ က ပုဂ္ဂ လိက ပညာ ရေး ကို အားပေးရ မှာ ပါ ။ ပိုက်ဆံ အနည်းငယ် တတ်နိုင်တဲ့ မိဘတွေ သားသမီးတွေ ထားနိုင်တဲ့ international standard ကျောင်းတွေ ( ကျောင်းလ ခ အသင့်သင့် နဲ့ ) ကျောင်းတွေ ပေါ်ပေါက် အောင် ပန့်ပိုးရမှာပါ (အခု အချိန် မှာ က ပိုက်ဆံ အရန်းတတ်နိုင်တဲ့ မိဘတွေ ထားတဲ့ကျောင်း လို ဖြစ်နေပါတယ် ) ။ မြေနေရာတွေ ဈေးသက်သက် သာသာ နဲ့ ငှားတာတို့ တခြားသက်သာတဲ့ နည်း နဲ့ အဆင်ပြေပြီး နိုင်ငံတကာ အဆင့်မှီ လူလတ်တန်း စား ပညာတတ်တွေ မွေး ထုတ်ရ ပါမယ် ။သူတို့ ကတိုင်းပြည် ကို ဦးဆောင် သွားမှာပါ ။ငွေကြေး ပံ့ ပိုးမှုနည်းတဲ့ အစိုး ရ ကျောင်း ပညာရေးတွေ က လူတော်တွေ တော့ ထွက်နိုင်ပါတယ် ။ အခုလို IT ခောတ် မှာတော့ နိုင်ငံ တကာ အဆင့်မှီ လူတော် မထွက်နိုင်ပါဖူး ။ ဘာပဲ စဉ်းစဉ်းစား နိုင်ငံ တကာ အဆင့်မှီ စဉ်းစား နိုင်မှ ပြောတဲ့ Singapore ကို ရင်ဘောင်တန်း နိုင်မှာပါ ။

စက်မှု လုပ်ငန်းတွေ အတွက် ဈေးပေါပေါ ရမဲ့ လျပ်စစ် ဓါတ် အား စနစ် ကို တည်ဆောက်ရပါမယ် ။ လျပ်စစ် မပြည့်စုံပဲ Singapore ကို ကျော်တက် မယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဖူး ။ ပထမ ကျောက်မီးသွေး အနုမြူအစရှိ သဖြင့် သက်သာတာတွေ နဲ့ အရင် စပြီး တိုင်းပြည် တိုးတက်သွား ရင် တဖြေးဖြေး လျော့ချပြီး တခြား initial cost များတဲ့ ဘက် ကို တဖြေးဖြေး ချင်း synchro လုပ်ပြီး သွားသင့် ပါတယ် ။ လျပ်စစ်တွေ ပေါ ကြွယ် ၀လာရင် တခြား ကုန်ထုတ်လုပ်မှုတွေ အလိုလို တက်လာမှာပါ ။

စက်မှုလုပ်သားတွေ ကို ကျွမ်းကျင်စွာ မွေးထုတ်ပေးမဲ့ ပုဂ္ဂလိက စက်မှု သင်တန်း training center တွေ ကိုလဲ အားပေးရပါမယ် ။ သူတို့ ရဲ့ ကျွမ်းကျင်မှု လုပ်အား က စက်မှု ထူထောင်ရေး အတွက် အားပါ ။ ဒီ ခောတ် technology က မကျွမ်းကျင် ရင်ဘာမှ မရပါဖူး။ နောက် အခု အခါ မှာ တန်ဖိုးကြီး သိးနှံတွေ ကိုလဲ စနစ်တကျ စိုက်ပျိုး မွေးမြူ ပြီး စည်သွတ် အစား အစာ များ ကို တိုးတက် အောင် ကျန်ဆောင် သင့်ပါတယ်။ အဲဒီ မှာပြ သနာက ခရိုနီ တေါ သိမ်းထားတဲ့ တိုင်းတပါးသားတွေ သိမ်းထားတဲ့ လယ် ယာမြေပါပဲ ။ အဲ ဒါတွေ ကို စီစစ် ပြန်သိမ်း ပြီး စနစ် တကျ proposal နဲ့လုပ်မဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေ ကို ငှားသင့်ပါတယ် ။ ပြောချင်တာက တော့ အရေးကြီး တာ ဥပဒေ စိုး မိုးရေး နဲ့ management ကောင်းဖို့ပါ ။ဒါဆို Singapore ကို မှီပါတယ် Plan ချမယ်။Budget တွေ ချမယ်။ လုပ်ဆော င်မယ် ။ စစ်ဆေးမယ်။ အမှားတွေ ရှာမယ် ။ follow up လုပ်မယ်။ ပြင်ဆင်မယ်။ စစ်ဆေးမယ် ။ ထပ် follow up လုပ်မယ်။ အောင်မြင်ေ နတဲ့ company ကြီးတွေ က ဒီ လိုလုပ်နေကျတာပါ ။ တိုင်းပြည် ကလဲ company ကြီးတခုပါပဲ ။ ၀ိုင်း ခိုးနေ ကျလို့ အလုပ် မလုပ်ပဲ နေ ကျလို့။ management မကောင်းလို့ ဆိုရင်တော့ company ပျက် မတိုးတက် သလို တိုင်းပြည် တိုးတက်မှာ မဟုတ်ပါဖူး ။ဒါ က တိုး တက်အောင် မြင်နေတဲ့ company ကြီးတွေ ရဲ့ management system ကို ကြည့်ပြီး ပြောတာပါ ။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*