ရခိုင်ရှိ ဝေးလံသော ဒေသများအတွက် ကျောင်းဆရာ ၁ဝဝ ကျော် အသစ်ထပ်ခန့်မည်

ရခိုင်ရှိ ဝေးလံသော ဒေသများအတွက် ကျောင်းဆရာ ၁ဝဝ ကျော် အသစ်ထပ်ခန့်မည်
December 14, 2016 Asian Fame

7:43 am
ရခိုင်ရှိ ဝေးလံသော ဒေသများအတွက် ကျောင်းဆရာ ၁ဝဝ ကျော် အသစ်ထပ်ခန့်မည်

လင်းဟိန်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်အတွင်းရှိ မြို့ အရပ်နှင့် ဝေးကွာပြီး သွားလာရ ခက်ခဲသောဒေသများရှိ စာသင် ကျောင်းများအတွက် ပြင်ပမှ ကျောင်းဆရာ ၁ဝဝ ကျော်ခန့်ကို ဒီဇင်ဘာလ အတွင်းခန့်အပ်သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။ ပြင်ပမှ အသက် ၃၅ နှစ် အောက် ဘွဲ့ရထားပြီး အလုပ် လက်မဲ့ဖြစ်နေသူများကို ကျောင်းဆရာအဖြစ်ခန့်အပ်ကာ မူလ တာဝန်ထမ်းဆောင်နေကြသည့် ကျောင်းဆရာမများနေရာတွင် အစားထိုးခန့်အပ်မည် ဖြစ်သည်။

”ဝေးလံသီခေါင်ပြီး သွားလာရအဆင်မပြေတဲ့ နေရာတွေမှာ ဆရာမတွေရှိတယ်လေ။ အဲဒီက ဆရာမတွေကို သူတို့မြို့နယ်ထဲမှာ ပြန်ခန့်ပြီးတော့ အဲဒီနေရာမှာ ပြင်ပက ကျောင်းဆရာတွေကို အစားထိုးခန့်မှာပါ”ဟု ရခိုင် ပြည်နယ်ပညာရေးမှူး ဦးအောင် ကျော်ထွန်းက ပြောသည်။ ပြင်ပမှ ကျောင်းဆရာများကို နယ်စပ်မြို့များ ဖြစ်ပြီး ဘင်္ဂါလီ အများစုနေထိုင်ကြသည့် ဘူးသီး တောင်မြို့နယ်နှင့် မောင်တော မြို့နယ်တို့တွင် အများစုခန့်အပ် မည်ဖြစ်ပြီး မင်းပြားမြို့နယ်တွင် လည်း အနည်းငယ် ခန့်အပ်သွား မည်ဖြစ်ကြောင်း ပြည်နယ်ပညာ ရေးမှူးရုံးမှ သိရသည်။ ဆရာမများနေရာတွင် ဆရာ များ အစားထိုးခန့်အပ်ခြင်းနှင့် ပတ်သက်၍ ဦးအောင်ကျော်ထွန်း က ”ရခိုင်ပြည်နယ်အတွင်းက တချို့ဒေသတွေမှာ အမျိုးသမီး ဆရာမတွေနေလို့ အဆင်မပြေ နိုင်ပါဘူး။ တချို့ဒေသတွေမှာဆို ရင် ဆရာမတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေတောင် ရှိပါ တယ်။ အဲလိုမျိုးတွေ ထပ်မဖြစ် အောင် ကြိုတင်ကာကွယ်တာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြို့ နယ်အချို့တွင် ဆရာမများနေထိုင်ရန် အဆောင်မရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေ ခြင်း၊ ဒေသခံများ၏လူမှုရေးအရ စော်ကားခံရခြင်း စသည့် အခက် အခဲများနှင့် ကြုံတွေ့နေကြရပြီး ယင်းစော်ကားခံရသော ဆရာမ များကိုလည်း နေရာပြောင်းရွှေ့ ပေးသွားမည်ဖြစ်ကြောင်း ¤င်းက ပြောသည်။ ယခု ပညာသင်နှစ်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့ နယ်များတွင် တာဝန်ကျနေသည့် ဆရာ၊ ဆရာမများသည် ဒေသခံရဲတပ်ဖွဲ့များ၏ အကူအညီရမှသာ သွားလာကြရန် ပြည်နယ်ပညာရေးမှူးရုံးက ညွှန်ကြားထားသည်။ ဘူးသီးတောင်နှင့် မောင် တောမြို့နယ်တို့တွင် လုံခြုံရေးအခြေအနေအရ ဆရာ၊ ဆရာမများ ခန့်အပ်နိုင်ခြင်း မရှိသော ကျေးရွာပေါင်း ၅ဝ ကျော်ခန့် ရှိ နေကြောင်း၊ ရခိုင်ပြည်နယ်တစ်ခု လုံးတွင် အခြေခံပညာ စာသင်ကျောင်း ၂၉ဝဝ ၌ တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမအရေအတွက် ၂၃၈၃ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*