မလေးရှားနိုင်ငံ၏ ဘုရင်အသစ် နန်းတက်ပြီ

မလေးရှားနိုင်ငံ၏ ဘုရင်အသစ် နန်းတက်ပြီ
December 14, 2016 Asian Fame

5:39 am
မလေးရှားနိုင်ငံ၏ ဘုရင်အသစ် နန်းတက်ပြီ

malaysia-king-copy

PN-002
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၄

မလေးရှားဘုရင်အသစ် ယမန်နေ့က ကျမ်းသစ္စာကျိန်ဆိုကာ ထီးနန်း ဆက်ခံပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလအတွင်းက ကျင်းပခဲ့သော ၂၄၃ ကြိမ်မြောက် ညီလာခံအရ အသက် ၄၇ နှစ်အ ရွယ်ရှိ ပဉ္စမမြောက် ဆူလတန် မူဟာမက်ကို မလေးရှားနိုင်ငံ၏ ၁၅ ဦးမြောက် ဘုရင်အဖြစ်ရွေးချယ် တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

ယခင်ဘုရင်ဖြစ်သည့် အသက် ၈၉ နှစ်အရွယ်ရှိ ဆူလတန် အဗ္ဗ ဒူလ် ဟာလင်မှာ မလေးရှားနိုင်ငံ၏ အလှည့်ကျဘုရင်စနစ်အရ သူ၏ ၅နှစ်တာ ဘုရင်သက်တမ်းပြည့်ပြီ ဖြစ်သဖြင့် တနင်္လာနေ့က ထီးနန်း ကို တိုင်းပြည်သို့ ပြန်လည်အပ်နှင်း ခဲ့ပြီးဖြစ်သည်။

ယခု မလေးရှားနိုင်ငံ၏ ဘုရင် အသစ် ပဉ္စမမြောက် ဆူလတန် မူ ဟာမက်သည် အောက်စဖို့ဒ် တက္က သိုလ်ရှိ စိန့်ခရော့စ်ကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး၊ အောက်စဖို့ဒ် တက္ကသိုလ်  အစ္စလာမ်ဘာသာလေ့ လာရေးဌာနတွင်လည်း ပညာသင် ကြားခဲ့သူဖြစ်သည်။

PN-002
ref: Malaysia enthrones new king in lavish ceremony

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*