မလေးရှားသို့ အလုပ်သမားပို့ဆောင်ခွင့် ပိတ်လိုက်ခြင်းနောက်ဆက်တွဲအခြေအနေများ ဝန်ကြီးဌာန ဆက်လက်စောင့်ကြည့်နေ

မလေးရှားသို့ အလုပ်သမားပို့ဆောင်ခွင့် ပိတ်လိုက်ခြင်းနောက်ဆက်တွဲအခြေအနေများ ဝန်ကြီးဌာန ဆက်လက်စောင့်ကြည့်နေ
December 14, 2016 Asian Fame

7:46 am
မလေးရှားသို့ အလုပ်သမားပို့ဆောင်ခွင့် ပိတ်လိုက်ခြင်းနောက်ဆက်တွဲအခြေအနေများ ဝန်ကြီးဌာန ဆက်လက်စောင့်ကြည့်နေ

ရဲလွင်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မလေးရှားသို့ အလုပ်သမား ပို့ဆောင် ခွင့် ပိတ်လိုက်ပြီးနောက် အလုပ်သမားဝန် ကြီးဌာနအနေဖြင့် နောက်ဆက်တွဲ ဖြစ် လာမည့်အခြေအနေများကို ဆက်လက် စောင့်ကြည့်နေပြီး မလေးရှားနိုင်ငံရှိ သံရုံး နှင့်ချိတ်ဆက်ကာ ဆောင်ရွက်နေကြောင်း အလုပ်သမားနှင့် လဝက ဝန်ကြီးဌာနမှ သိရသည်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် က မြန်မာနိုင်ငံအစိုးရမှ ရခိုင်ပြည်နယ်အ တွင်းရှိ ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု များရှိနေကြောင်း ဆန္ဒထုတ် ဖော်ပွဲပြုလုပ်ခဲ့ပြီး နောက်ပိုင်း မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားများ လုံခြုံ ရေးနှင့် ဖြစ်ပျက်မှု အခြေအနေအရပ်ရပ် အပေါ် မူတည်၍ မြန်မာနိုင်ငံမှ အလုပ် သမားပို့ဆောင်မှုကို ဒီဇင်ဘာ ၆ ရက်နေ့ တွင် ခေတ္တရပ်ဆိုင်းခဲ့သည်။

 ”ထူးခြားတဲ့ အခြေအနေတွေကိုတော့ စောင့်ကြည့်နေတယ်။ ခုလက်ရှိလည်း အေဂျင်စီတွေက သူတို့ တာဝန်ယူနိုင်တယ်၊ တာဝန်ခံနိုင် တယ်ဆိုတဲ့ အစိုးရခွင့်ပြုချက် ပြုပြီးသားပေါ့နော်၊ အဲ့ဒီလို အလုပ်သမား တွေကိုတော့ ဆက်ပြီးပို့နေတုန်းပဲ။ ဒါပေ မယ့် ပုံမှန်လိုမဟုတ်ေ တာ့ မလေးရှားကို ထွက်တာ အရမ်းနည်းသွားပါပြီ။ လွှတ် တယ်ဆိုတာကလည်း သံရုံးကနေ ဗီဇာကျ ပြီးသား၊  လေယာဉ် လက်မှတ် ဝယ်ပြီးသား ပိုက်ဆံသွင်းပြီးသား အလုပ်သမားတွေကို ပို့တာပါ။ လာမယ့် ဒီဇင်ဘာ ၃၁ မှာ မလေးရှားနိုင်ငံထဲမှာရှိတဲ့ တရားမဝင်အ လုပ်သမားတွေကို ဖမ်းမယ်ဆိုတဲ့ သတင်း တွေလည်းတွေ့ရတယ်။ အဲ့ဒါကြောင့် သံ ရုံးတွေကလည်း CI စာအုပ်ထုတ်ပေးတဲ့ ကိစ္စတွေ ဆက်ပြီး လုပ်နေတာတွေ ရှိပါ တယ်”  ဟု ၄င်းက ဆိုသည်။

မလေးရှားသို့ အလုပ်သမား ပို့ဆောင် နေသည့် အေဂျင်စီများအနေဖြင့်လည်း အဆိုပါအခြေအနေကို စောင့်ကြည့်နေ   ကြောင်း မြန် မာ ပြည်ပအလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်MOEAF   မှ တွဲဖက်အတွင်းရေးမှူး ဦးမြတ်သူကပြော သည်။

 ”၆ ရက်နေ့ အစိုးရက ရပ်လိုက်က တည်းက အေဂျင်စီတွေလည်း အလုပ်သ မားတွေ တန်းလန်းကြီးနဲ့ ရပ်လိုက်ရတယ် ပေါ့နော်။ Calling ကျပြီးသား အလုပ်သ မားတွေပါ နားလိုက်ရတော့ တော်တော် လေးတော့ အကြပ်ရိုက်သွားတယ်။  ဒါပေ မယ့်လည်း ဒီလိုမှ မလုပ်လို့ လည်း မဖြစ် ဘူးဆိုတော့လေ။ အစိုးရဘက်က အမိန့် ကျပြီးသား အလုပ်သမားတွေတော့  ဆက် ပြီး သွားနေပါတယ်။ ဒါပေမယ့်အရင်က ပုံမှန်ထွက်နေတဲ့ နှုန်းထက်တော့ အရမ်း နည်း သွားတယ်” ဟုဆိုသည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ မြန် မာနိုင်ငံမှ အလုပ်သမားပို့ဆောင်ခွင့် ပိတ် လိုက်သည့်အပေါ်တွင် မလေးရှား အစိုးရ က ၄င်းတို့ အနေဖြင့် လိုအပ်သော အလုပ် သမားအရေအတွက်ကို ပြည်တွင်းမှ ဖြည့် ဆည်းပေးနိုင်ကြောင်း၊ လာမည့် ဒီဇင်ဘာ ၃၁ နောက်ဆုံးထား ၍ တရားမဝင်အလုပ် သမားများ နိုင်ငံတွင်းမှ ပြန်လည်ထွက်ခွာ စေလိုကြောင်း၊ မဟုတ်ပါက လိုက်လံဖမ်း ဆီး အရေးယူသွား မည်ဖြစ်ကြောင်း ထုတ် ဖော် ပြောဆိုထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*