‘ကျွန်တော်တို့ဟာ အတိုက်အခံပဲဆိုဆို၊ အစိုးရကို ထောက်ပြဝေဖန်ရမယ့်ပါတီပဲဖြစ်နေပြီလို့ ပြောပြော၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပါတီက အစိုးရကို တည့်မတ်ထိန်းကျောင်းတဲ့အလုပ်ကို ဆက်လုပ်သွားမှာပဲ’

‘ကျွန်တော်တို့ဟာ အတိုက်အခံပဲဆိုဆို၊ အစိုးရကို ထောက်ပြဝေဖန်ရမယ့်ပါတီပဲဖြစ်နေပြီလို့ ပြောပြော၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပါတီက အစိုးရကို တည့်မတ်ထိန်းကျောင်းတဲ့အလုပ်ကို ဆက်လုပ်သွားမှာပဲ’
December 14, 2016 Asian Fame

3:58 am
‘ကျွန်တော်တို့ဟာ အတိုက်အခံပဲဆိုဆို၊ အစိုးရကို ထောက်ပြဝေဖန်ရမယ့်ပါတီပဲဖြစ်နေပြီလို့ ပြောပြော၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပါတီက အစိုးရကို တည့်မတ်ထိန်းကျောင်းတဲ့အလုပ်ကို ဆက်လုပ်သွားမှာပဲ’

uthanhtay

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တွေ့ဆုံမေးမြန်းခြင်း

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ အင်အားအကောင်းဆုံး အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ထိပ်တန်းခေါင်းဆောင်အချို့အား Popular News ဂျာနယ်က သီးသန့်တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါသည်။

ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေး၊ နိုင်ငံတကာရေးရာကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးမြင့်စိုးနှင့် ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါက်တာဝင်းအောင်ကျော်တို့အား မျက်နှာစုံညီ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ခြင်းပင်။ ထိုသို့ တွေ့ဆုံမေးမြန်းခွင့်ရသည်နှင့်အမျှ မိမိတို့သိလိုသည့်အချက်များ၊ ကိစ္စရပ်များကို စာဖတ်ပရိသတ်အား ပြန်လည်တင်ပြရန်အတွက် စုံလင်စွာမေးမြန်းခဲ့ပါသည်။

ထို့ကြောင့် အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတည်ထောင်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းတို့ကို လုပ်ကိုင်နေသည့်နည်းတူ အဓိကအတိုက်အခံပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီကလည်း အတိုက်အခံပါတီတစ်ခုအနေဖြင့် ဆောင်ရွက်လုပ် ဆောင်ရမည်တို့ကို လုပ်ကိုင်နေခြင်းများနှင့်ပတ်သက်၍ အဆိုပါပုဂ္ဂိုလ်တို့၏ ပြည်လည်ဖြေကြားချက်များကို Popular News ဂျာနယ်တွင် အပတ်စဉ် ဆက်တိုက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ရာ ယခုအပတ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ ဦးသန်းဌေး၏ ဖြေကြားချက်များကို ရှေးဦးစွာဖော်ပြလိုက်ပါကြောင်း …။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်၍ စီစဉ်ဆောင်ရွက်နေမှုများ

ကျွန်တော် ပါတီဥက္ကဋ္ဌ ဖြစ်တဲ့နေ့မှာပဲ မီဒီယာတွေနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ အဲဒီ အခါမှာ ကျွန်တော်ပြောခဲ့တဲ့ စကားရှိပါ တယ်။ အဲဒါက ဘာလဲဆိုတော့နိုင်ငံရေး ပါတီတစ်ရပ်ဟာ သူလုပ်ရမယ့် တာဝန်ဝတ္တရားတွေထဲက တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဝင်ရေးကို မဖြစ်မနေ လုပ်ရပါမယ်။ အဲဒီလိုလုပ် တဲ့အခါမှာ အနိုင်ရရေးကို အဓိကထားလုပ်ရ ပါမယ်။ ဒီရွေးကောက်ပွဲတွေကို ကျွန်တော် တို့ဟာ နဖူးတွေ့ ဒူးတွေ့ မဖြစ်မနေကြုံတွေ့ ရပါလိမ့်မယ်။ အခု ကြုံတွေ့ရမှာကတော့ ကြားဖြတ်ရွေးကောက်ပွဲ။ အဲဒီ ကြားဖြတ်ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တို့ပါတီ ဘက်ကတော့ ခုနေခါမှာ အတိအကျပြောဖို့ ခက်ပါတယ်။ ဒါတွေက ကြိုပြော လို့မရပါဘူး။ သေချာပေါက် အောင်မြင်အောင်တော့ လုပ်ရမှာပေါ့။ အောင်မြင်အောင်လည်း တိုက်ပွဲဝင်သွားရမယ်။ အရင်တုန်းကတော့ တစ်ပါတီစနစ် အဲဒီနောက်ပိုင်း ပါတီစုံစနစ်။ ဒါတွေဟာ ကောင်း မကောင်း အတိတ်ကာ လက သက်သေပြခဲ့ပြီးပြီ။ နိုင်ငံ့အကျိုးအတွက်၊ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်နိုင်ဖို့
ရွေးကောက်ပွဲတွေကနေ ရွေးချယ်ခံရဖို့က အရေးကြီးပါတယ်။ ဒါမှလည်း ပြည်သူလူထု အကျိုးအတွက် တင်ပြလို့ရမယ်။ အခု ကြားဖြတ်အတွက် ကျွန်တော်တို့ပါတီရဲ့ ကိုယ်စား လှယ်လောင်း ရွေးချယ်မှုပုံစံဟာ ပြောင်းလဲ သွားပါပြီ။ အရင်တုန်းကတော့ ဗဟိုကပဲ ချ ပေးပါတယ်။ အခုတော့ ဒီလို မဟုတ်တော့ ဘူး။ ဒေသခံပါတီက ထောက်ခံတဲ့သူ၊ ဒေသ က လက်ခံတဲ့ပုဂ္ဂိုလ်၊ အဲဒီဒေသမှာ အမှန် တကယ်နေထိုင်တဲ့၊ နေထိုင်နိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်။ ဒါမှလည်း ဒေသအကျိုးကို တစ် စိုက်မတ်မတ် ဆောင်ရွက်နိုင်မယ်။ ဒီလိုဆို ရင် ဒေသက အငြင်းပွားဖွယ် မရှိတော့ဘူး။ ကျွန်တော်ပြောချင်တာက ကိုယ်စားလှယ် တွေရဲ့ အရည်အချင်းကို ကြည့်ပါလို့ ပြော လိုပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ ရှင်ကြီးဝမ်းထဲလည်း ဝင်ခဲ့ပြီးပြီ၊ ရှင်ငယ့်ဝမ်း ထဲလည်း ဝင်ခဲ့ပြီးပြီ။ ဒီ့အတွက် ပြည်သူတွေ ဟာ အခြေအနေအရပ်ရပ်ကို ခွဲခြားပြီး စဉ်း စားဆုံးဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံကို ဒီမိုကရေစီတစ်ခုတည်းနဲ့ တည် ဆောက်လို့ မရပါဘူး။ အရာရာပြည့်စုံတဲ့ အခြေအနေဆိုရင်တော့ တစ်ပိုင်းပေါ့ဗျာ။ အဓိကကတော့ အစိုးရပဲ။ အစိုးရကသာပဲ အခြေအနေကောင်းတွေကို ဖန်တီးပေးနိုင် မယ်။ အလားတူပဲ ပြည်သူတွေကပဲ အခြေ အနေကောင်းတွေကို ဖန်တီးနိုင်မယ်။

လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးကိုယ်စားလှယ် တွေ ကြုံတွေ့နေရတဲ့အခြေအနေ။

အထွေထွေ ရွေးကောက်ပွဲကနေ ရရှိ ထားတဲ့ ကိုယ်စားလှယ်အခြေအနေအရ ကျွန်တော်တို့ဘက်က ဘယ်လောက်ကောင်း တဲ့အဆိုပဲတင်တင် ရှုံးနိမ့်မှုတွေ ရှိနေပါတယ်။ လတ်တလောအခြေအနေမှာဆိုရင်လည်း အများသိပြီးသားပါ။ ရက်ပိုင်းအတွင်း ကြုံ တွေ့နေရတဲ့အခြေအနေတွေကိုလည်း ပြည် သူတွေ သုံးသပ်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန် တော်တို့ဟာ အတိုက်အခံပဲဆိုဆို၊ အစိုးရကို ထောက်ပြဝေဖန်ရမယ့် ပါတီပဲဖြစ်နေပြီလို့ပဲ ပြောပြော ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပါတီ က အစိုးရကို တည့်မတ်ထိန်းကျောင်းတဲ့ အ လုပ်ကို ဆက်လက်လုပ်ဆောင်သွားမှာပါ။

unsdp

လက်ရှိ နိုင်ငံမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက် တွေအပေါ် အတိုက်အခံပါတီ ဥက္ကဋ္ဌတစ်ဦး အနေနဲ့ သုံးသပ်မှု။

လက်ရှိ နိုင်ငံ့ရဲ့လုံခြုံရေးကတော့ မြင် တဲ့အတိုင်းပဲ။ တစ်ချိန်တုန်းက ကျွန်တော်တို့ ဟာ အစိုးရအဖွဲ့ ဖွဲ့ခဲ့တယ်။ အစိုးရတစ်ရပ် အနေနဲ့ လုပ်ရမယ့်အလုပ်တွေကို တာဝန်ယူ ပြီး လုပ်ဆောင်ခဲ့ပါတယ်။ အစိုးရတစ်ရပ်ရဲ့ တာဝန်ဟာ အလွန်ပဲ မြားမြောင်လှပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ အတိုက်အခံ ပါတီအနေနဲ့ အစိုးရလုပ်နေတာကို စောင့် ကြည့်ရမယ့်တာဝန်၊ ထောက်ပြရမယ့်တာဝန်၊ ဝေဖန်ရမယ့်တာဝန်တွေ ရှိလာပါတယ်။ အဲဒီ ဝေဖန်ထောက်ပြမှုတွေကိုလည်း အပြုသဘော ဆောင်ပြီး ဆောင်ရွက်ပါတယ်။ အဓိက ကတော့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အကျိုးစီး ပွားကို ရှေးရှုပြီးဆောင်ရွက်ပါတယ်။ လက်ရှိ ဖြစ်နေတဲ့အခြေအနေတွေကို အရှိကိုအရှိအ တိုင်း၊ အမြင်ကို အမြင်အတိုင်း အကျဉ်းချုပ် တင်ပြရရင် ဒီ့မတိုင်ခင် အချိန်ကတည်းလောက် က ကျွန်တော်ဟာ ဥက္ကဋ္ဌတစ်ဦးအနေနဲ့ အ သုံးပြုတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ စာလေးတစ်ခုတင်ဖူးပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ ရခိုင်ကိစ္စ။ ဒီကိစ္စ ဟာ ဘာလဲဆိုတော့ အနောက်တံခါးကိစ္စပါ။ စိတ်ပူမိတယ်။ ဒါတွေကို ကိုင်တွယ်တဲ့အခါ မှာ သေသေချာချာ ကိုင်တွယ်သင့်တယ်။ လုံခြုံရေးအဖွဲ့တွေကိုလည်း လွတ်လွတ်လပ် လပ် လုပ်ပိုင်ခွင့် ပေးသင့်တယ်ဆိုတာပါပဲ။ မဟုတ်လို့ရှိရင် ဒီကိစ္စဟာ စိတ်ပူရမယ့်ကိစ္စ လို့ ကျွန်တော်ရေးခဲ့ပါတယ်။ များမကြာပါ ဘူး။ ကျွန်တော်စိတ်ပူခဲ့သလိုပဲ ဖြစ်လာပါ တယ်။ ဟော.. ထပ်ပြီးဖြစ်လာတာကတော့ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း။ ပိုပြီးဆိုးတာက အရပ်သားတွေရှိတဲ့ မူဆယ်၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်း၊ မုံးကိုးဒါတွေ ကိုတောင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဒါဟာ အကြမ်းဖက်မှုပဲ။ နှစ်ဖက်တိုက်ပွဲ ထိတွေ့မှု မဟုတ်ဘူး။ ဒါ့အပြင်ဗျာ ခုနောက်ပိုင်း မြို့ ပေါ်တွေမှာကအစ ဖောက်ခွဲမှုတွေရှိလာ တယ်။ ဒါတွေဟာ နိုင်ငံ့လုံခြုံရေးကို တိုက် ခိုက်လာတဲ့၊ ထိပါးလာတဲ့ ဖြစ်ရပ်တွေပဲ။ ဒါ ဟာ ငြင်းလို့မရဘူး။ နောက်တစ်ခါ မြို့တွင်း၊ ရွာတွင်းတွေမှာလည်း မှုခင်းဖြစ်ရပ်တွေ ပို ဖြစ်လာတယ်။ ပြည်သူတွေရဲ့ လုံခြုံမှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ဟုတ်ပြီ စီးပွားရေးဘက်။ ပိုပြီးတော့တောင်ကျပ် တည်းလာကြတယ်။ ဒါကလည်း ငြင်းမရ ဘူး။ အဲဒါကြောင့်မို့ ဒီကိစ္စတွေကို အစိုးရက သေသေချာချာကိုင်တွယ်ဖို့ ကျွန်တော်တို့တွေ ကြေညာချက်တွေ ထုတ်တယ်၊ လူထုသိအောင် ပြောတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေ အရပ်ရပ်က အဲဒီလိုဖြစ်နေတယ်လို့ ပြော ချင်တယ်။

ပါတီတွင်း သွေးသစ်လောင်းလိုက်ရနှင့်ပတ် သက်၍

ပြီးခဲ့တဲ့ စက်တင်ဘာလက ကျွန်တော် ဟာ ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဒီဥက္ကဋ္ဌ တာဝန်ကို ရွေးချယ်တင်မြှောက်ခံရတာထက် ရွေးချယ်တာဝန်ပေးခံလိုက်ရတယ်လို့ ခံယူ ပါတယ်။ အဲ ဒီအခါမှာ ဒီနေ့ဒီအချိန်နဲ့ သင့် တော်တဲ့ ပြုပြင်မှု၊ ပြောင်းလဲမှုကို ပြုလုပ်ပါ တယ်။ အဲဒီလိုလုပ်တဲ့အခါမှာလည်း ပါတီက လူတွေ တစ်စိတ်တည်း၊ တစ်သဘောထား တည်းရှိမှ အောင်မြင်မှုရလိမ့်မယ်။ တစ်စိတ် တည်း၊ တစ်သဘောထားတည်းထားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ပါတီကို သွေးသစ်မ လောင်းခင် ကျွန်တော်တို့ဟာ ပါတီမှာရှိတဲ့သူ တွေ၊ နောက်ပြီး ပါတီရဲ့မူဝါဒတွေကို အပြန် ပြန်အလှန်လှန် လေ့လာဆန်းစစ်ပါတယ်။ မူ တွေဟာ ယနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူး လား။ ဒါဆိုရင်ပြင်မယ်။ ပြင်ဆင်မှုတွေလည်း ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ အများကြီးတော့ မရှိခဲ့ပါဘူး။ ဒါ့အပြင် လူတွေကရော။ အရွယ် အားဖြင့် မသင့်တော်တော့ဘူးလား။ ဘာဖြစ် လို့လဲဆိုတော့ နောက်မှာ လုပ်နိုင်ကိုင်နိုင်တဲ့ လူတွေကို လက်ဆင့်ကမ်း အမွေပေးသွားခဲ့ရ မှာလေ။ နောက်ပြီး သူဟာ တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်မှာလား၊ ကျန်းမာရေးအခြေအနေရော ကောင်းရဲ့လား၊ သူ့ရဲ့လုပ်ရည်ကိုင်ရည်တွေကရော လုပ်ကိုင် နိုင်စွမ်းရှိရဲ့လား။ ဒါတွေကို လေ့လာသုံးသပ် ပြီးမှ ပြင်ဆင်ဖွဲ့စည်းပါတယ်။

ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပါတီတွင်းကပုဂ္ဂိုလ် များအပေါ် ပါတီဥက္ကဋ္ဌတစ်ယောက်ရဲ့အမြင်။

ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး လူမှန်၊ နေရာမှန်ဖြစ်အောင် ဆောင်ရွက် ပါတယ်။ ဒါပေမယ့်လို့ ၁ဝဝ ရာခိုင်နှုန်းမဖြစ် ခဲ့ဘူး။ ခေတ်အဆက်ဆက် လူ့သက်တမ်း တစ်လျှောက် ကြည့်လိုက်လို့ရှိရင် လူမှန်နေ ရာမှန်ဖြစ်ဖို့ တော်တော်လေး ခဲယဉ်းပါတယ်။ အားလုံးဟာရွေးခဲ့ကြတာ။ လူ့ရဲ့စိတ်သဘော က လေ့လာဖို့အခဲယဉ်းဆုံးပဲ။ ကျွန်တော်က တော့ ပြောထားတဲ့ စကားရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အခုလက်ရှိ လူတွေဟာ ညီ လာခံကနေ တင်မြှောက်လိုက်တာဖြစ်ပေမယ့် လည်း ငါတို့တော့ ၅ နှစ်စလုံးလုပ်ရမယ်လို့ မထင်ထားပါနဲ့လို့ ပြောပါတယ်။ ပြည်သူတွေ က နှစ်သက်မှုမရှိရင် ကိုယ်လုပ်ရမယ့်အလုပ် တွေ မအောင်မြင်ရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ ပါတီတွင်းမှာ ရှိမှာမဟုတ်ပါဘူး။

တပ်မတော်သားဟောင်းများနဲ့ ဦးဆောင် ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးပုံရိပ်ကို ပြောင်း လဲဖို့ ရှိ မရှိ။

လူတော်တော်များများကတော့ ပါတီ ဟာ တပ်မတော်နဲ့ဆက်စပ်မှုရှိတယ်။ အဲဒီ လို တွေးကြတယ်၊ ထင်ကြတယ်၊ မှတ်ယူကြ တယ်။ ကျွန်တော်တို့ ပါတီဟာ ပါတီဝင် ၅ သန်းရှိတဲ့ပါတီတစ်ခုဖြစ်တယ်။ အဲဒီ ၅ သန်း ထဲမှာ တပ်မတော်သားဟောင်း ကျွန်တော် အပါအဝင်ပေါ့လေ။ အားလုံးပေါင်း ၁၂ဝ၆ ဦးပဲရှိပါတယ်။ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းအား လုံးအပါနော်။ ဒီတော့ ၅ သန်းထဲက ၁၂ဝ၆ ဦးကို နုတ်လိုက်ရင် အရပ်သားပါဝင်မှုက အများကြီးပဲ။ ဟုတ်ပြီ။ ကျွန်တော်တို့ဟာ ပြည်ခိုင်ဖြိုးပါတီကို အရပ်သားစစ်စစ် ဦး ဆောင်တဲ့ပါတီဖြစ်အောင် ထူထောင်သွားခဲ့ မှာ။ ကျွန်တော်တို့တွေ ခုဦးဆောင်နေတယ် ဆိုတာကလည်း အချိန်ကာလတစ်ခုပဲ။

အောက်ခြေပါတီဝင်တွေနဲ့ ထိစပ်မှုရှိ မရှိ၊ ပါတီတွင်း ဒီမိုကရေစီ ကျင့်သုံးခြင်း ရှိ မရှိ။

ကျွန်တော်ဟာ အသင်းဘဝတုန်းက ဃနဃ တစ်ဦးဖြစ်ခဲ့တယ်။ ခုတော့ ပါတီမှာ ဥက္ကဋ္ဌဖြစ်တယ်။ ဒီတော့ ဒီအခါမှာ ကျွန် တော်က ပြည်နယ်နဲ့တိုင်းတွေကို သွားတယ်။ ဘာဖြစ်လို့ သွားလဲဆိုတော့ သာမန်ပါတီဝင် တွေနဲ့ ထိတွေ့ချင်လို့။ သူတို့ပြောချင်တဲ့စကား တွေကို နားထောင်ချင်လို့။ အကောင်အထည် ဖော်ပေးချင်လို့။ ခက်တာက ခုချိန်ထိမအောင် မြင်သေးဘူး။ ကျွန်တော် ရန်ကုန်တိုင်းသွား တယ်။ အဲဒီမှာ စီစဉ်တဲ့သူက ပါတီဝင် ၅ဝဝ ကျော်လောက် ဖိတ်ထားတယ်။ အဲဒီ ၅ဝဝ ကျော်က သာမန်ပါတီဝင် နည်းနည်းလေးပဲ ပါတယ်။ ဟုတ်ပြီ။ နောက် မြို့နယ်တစ်ခုသွား တယ်။ နှစ်ယောက် သုံးယောက်လောက်ပဲ သာမန် ပါတီဝင်ပါတယ်။ ကျန်တဲ့သူတွေက တွေ့ပြီးသားလူတွေ။ ဒီတော့ ကျွန်တော် တွေးတယ်။ ကျွန်တော်တို့ပါတီဝင်တွေရဲ့ အတွေးအခေါ်က ပုံစံခွက်ထဲများရောက်နေ သလား။ ဒါတွေကို ပြင်ဆင်ဖို့ လိုနေတာလား ဆိုတဲ့ အတွေး ကျွန်တော်ဝင်သွားတယ်။ ခု ကျွန်တော် ဖေ့စ်ဘွတ်ခ် အကောင့်ဖွင့်ထား တယ်။ ပါတီမှာလည်း ပါတီဖေ့စ်ဘွတ်ခ် အ ကောင့်တစ်ခု ဖွင့်ထားတယ်။ အဲဒီက တင် ပြချက်တွေ အကုန်လုံးကို ချက်ချင်ျးွနစူပ ပြန်တယ်။ လုပ်ပေးစရာရှိတာတွေကို ချက် ချင်းလုပ်တယ်။ ဒါဟာ ပါတီတွင်းဒီမိုကရေ စီစနစ် ကျင့်သုံးခြင်းပဲ။ ဆက်လက်ပြီး တိုးချဲ့ ဆောင်ရွက်သွားဖို့ အများကြီးရှိတယ်။

ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*