4:45 am
မေဇင်ဝင်း
ရန်ကုန်၊ ဒီဇင်ဘာ ၂
ပုဂံတွင် သယ်ယူပို့ဆောင်ရေး စနစ် ပုံစံတစ်ခု ထွက်လာစေရန် ဘတ်စ်ကားများဖြင့် ခရီးသည် များကို အခမဲ့ ပို့ဆောင်ပေးကာ စစ်တမ်း လုပ်ဆောင်မည် ဖြစ် ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA ) မှ သိရသည်။
ဒီဇင်ဘာ ၁ ရက်မှ ၁၄ ရက် အထိ အခမဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး ပုဂံမြို့ဟောင်း -မြို့သစ်၊ ပုဂံညောင် ဦးပတ်ချာလည် ပြေးဆွဲပေး မည် ဖြစ်ကြောင်းJICA မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
”ပုဂံကိုလာတဲ့ ခရီးသည်က ၂ဝ၂ဝ ခုနှစ်လောက်မှာ ခုထက် ၂ ဆ ၃ ဆ ပိုများလာမယ်။ အဲဒီအခါ ကျရင် ပို့ဆောင်ရေးက လိုလာ တော့မှာ။ အစိုးရအနေနဲ့ ဘယ်လို ပို့ဆောင်ရေးစနစ်ကို သုံးရင် အဆင်ပြေမလဲဆိုတဲ့ ပုံစံလေးတစ် ခု ရှိဖို့တော့ လိုတာပေါ့။အဲဒီအ
တွက်ပဲ ကျွန်တော်တို့က အခုSurvey ကိုလုပ်တာပါ” ဟု ၄င်းက ပြောသည်။
ထို့ပြင်ပုဂံကို ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်ရန်လည်း ကြိုးစားနေရာ အမွေအနှစ် စာရင်း ဝင်ပါက ကားကြီးများ ပေးဝင်နိုင် တော့ မည်မဟုတ်ကြောင်း၊ ထိုအခါ အစိုးရအနေဖြင့် ပို့ဆောင်ရေး နှင့်ပတ်သက်၍ စနစ်တကျစီမံခန့်ခွဲ နိုင်ရန် ပုံစံတစ်ခုလိုလာမည်ဖြစ်
ကြောင်း၎င်းက ပြောသည်။
”ကျွန်တော်တို့က ဒါကိုSurvey လုပ်ပြီး အစိုးရကို တင်ပေးမှာပါ။အဲဒီပုံစံကို ဒေသအစိုးရကပဲစီမံမှာ ပါ” ဟု ၄င်းက ပြောသည်။
ဘတ်စ်ကား ခြောက်စီးဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိ ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ ထိုသို့ ပြေးဆွဲပေးရန် မှတ်တိုင် ၃ဝ ခန့် ထားရှိကြောင်း၊ နာရီဝက် လျှင် တစ်စီးကျ ထွက်မည်ဖြစ် ကြောင်း သိရသည်။