တိုင်းရင်းဆေးဖြင့် ကုသမှုအများဆုံး ရောဂါများအတွက် အထူးဆေးဝါးများ ထုတ်လုပ်မည်

တိုင်းရင်းဆေးဖြင့် ကုသမှုအများဆုံး ရောဂါများအတွက် အထူးဆေးဝါးများ ထုတ်လုပ်မည်
December 8, 2016 Asian Fame

7:23 am
တိုင်းရင်းဆေးဖြင့် ကုသမှုအများဆုံး ရောဂါများအတွက် အထူးဆေးဝါးများ ထုတ်လုပ်မည်

နေပြည်တော်၊ ဒီဇင်ဘာ ၅

တိုင်းရင်းဆေးဖြင့် ကုသမှုအများဆုံးရောဂါများအတွက် အထူးဆေးဝါးများ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မြင်းမူမဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်း၏ ”တိုင်းရင်း ဆေးဖြင့် ကုသမှု အများဆုံးရောဂါ များအတွက် အထူးဆေးဝါးများနှင့် ဆေးခန်းသုံးဆေးဝါးများကို ထပ်မံ တိုးချဲ့ထုတ်လုပ်သွားရန်နှင့် ဆေး ဝါးများကိုဆေးပြား (Tablet)၊ ဆေးတောင့်(Capsule) ပုံစံများဖြင့် အဆင့်မြှင့်တင်ထုတ်လုပ်သွားရန် အစီအစဉ် ရှိ၊မရှိ” မေးခွန်းကိုဝန်ကြီးက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

”တရားဝင်ထုတ်လုပ်ထားတဲ့ ဌာနသုံးဆေးနည်း ၅၇ မျိုးမှအပ တိုင်းရင်းဆေးသမားတော်များက ဖော်စပ်သုံးစွဲသင့်တယ်လို့ ဆုံးဖြတ် ပြီး ထုတ်လုပ်တဲ့ဆေးဝါးကို အထူး ဆေးဝါးလို့ ခေါ်ပါတယ်။ တိုင်းရင်း ဆေးလောကမှာ တစ်ခါမှ မထုတ်လုပ်ဖူးသေးပါဘူး” ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အနောက်တိုင်းဆေးပညာရှုထောင့်အရလည်း အထူးဆေးဝါးထုတ်လုပ်ရန် သင့်တော် ကြောင်း ဆိုသည်။

”လွှတ်တော် ကိုယ်စားလှယ် ကြီးပြောတာကို ကျွန်တော်လုံးဝ သဘောတူပါတယ်။ အထူးဆေးဝါး မထုတ်ဘူးဆိုရင် အဓိပ္ပာယ်လုံးဝမရှိပါဘူး။ တိုင်းရင်းဆေးသမား တော်ကြီးက ဒါတွေလိုတယ်ဆိုရင်ကျွန်တော်တို့ ထုတ်ကိုထုတ်ရမယ်။ အထူးဆေးဝါးလိုမယ်၊ အထူးဆေး ဝါးပံ့ပိုးမှသာ အနောက်တိုင်းဆေးပညာ ရှုထောင့်အရလည်း ကိုက်ညီပါတယ်”ဟု ၎င်းကပြောသည်။ ယခုလ ၂၁ ရက်နေ့တွင် ကျင်းပမည့် တိုင်းရင်းဆေးညီလာခံတွင်လည်း အထက်ပါအထူးဆေး ဝါးကိစ္စကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*