KIA၊ TNLA၊ MNDAA အဖွဲ့တို့အား အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် သတ်မှတ် ကြောင်းအဆိုဆွေးနွေးရန် ရှမ်းပြည်နယ် လွှတ်တော်တွင်အနိုင်ရ

KIA၊ TNLA၊ MNDAA အဖွဲ့တို့အား အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် သတ်မှတ် ကြောင်းအဆိုဆွေးနွေးရန် ရှမ်းပြည်နယ် လွှတ်တော်တွင်အနိုင်ရ
December 7, 2016 Asian Fame

6:41 am
KIA၊ TNLA၊ MNDAA အဖွဲ့တို့အား အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် သတ်မှတ် ကြောင်းအဆိုဆွေးနွေးရန် ရှမ်းပြည်နယ် လွှတ်တော်တွင်အနိုင်ရ

PNews
ရန်ကုန်၊ ဒီဇင်ဘာ ၆

KIA ၊TNLA ၊ MNDAA  အဖွဲ့တို့အား အကြမ်းဖက်အဖွဲ့ အ စည်းများအဖြစ် သတ်မှတ်ကြောင်း အဆိုကိုဆွေးနွေးရန် ကျင်းပနေသည့် ရှမ်းပြည် နယ်လွှတ်တော်အရေးပေါ်အစည်း အဝေးတွင် ဒီဇင်ဘာလ ၆ ရက် နေ့က ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ် စားလှယ်ကတင်သွင်းခဲ့ ရာ ထောက် ခံမဲများသဖြင့် အနိုင်ရခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့က ကျင်းပသည့် ယင်းအစည်းအဝေး၌ ထိုအဆိုကို လားရှိုးမြို့နယ် မဲဆန္ဒ နယ်အမှတ် (၂)မှ ပြည်ခိုင်ဖြိုး လွှတ် တော်ကိုယ်စားလှယ် ဦးအောင်သူ ကတင်သွင်းခဲ့ပြီး မတ်တတ်ရပ်မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ ၆၁ မဲ၊ ကန့်ကွက်သူ ၅၃
မဲရှိသဖြင့် လွှတ် တော်၌ အရေးကြီးအဆိုအောင်မြင် သွားသည်ဟု တာချီလိတ်မဲဆန္ဒ နယ် အမှတ်(၂)မှ NLD  လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင် တင့်က ပြောသည်။

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် တင်သည့် အရေးကြီးအဆိုကို လွှတ်တော်၌ ဆွေးနွေးရန် သင့်/ မသင့် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က မေးမြန်းစဉ် မဆွေးနွေး သင့်ကြောင်း ကန့်ကွက်ခဲ့မှုကို က လောလွှတ်တော်ကိုယ်စားလှယ် မဲ ဆန္ဒနယ်အမှတ်(၂)မှNLD လွှတ်   တော်ကိုယ်စားလှယ် ဦးသန်းထိုက် က ပြုလုပ်ခဲ့သည်။

သို့သော်လည်း ဆွေးနွေးရန် ထောက်ခံသူ တို့ရှိနေသဖြင့် လွှတ် တော်က မဲခွဲခဲ့ရသည်ဟု ဦးခင် မောင်တင့်က ရှင်းပြသည်။

”ကျွန်တော်တို့က ဒီဖြစ်စဉ်ကို အကြမ်းဖက်တယ်လို့ မမြင်ဘူး။ ရခိုင်နယ်စပ်မှာဖြစ်တဲ့ကိစ္စ၊ မိတ္ထီလာ မှာ ဖြစ်သွားခဲ့တဲ့ကိစ္စ၊ လာရှိုး မှာ ဖြစ်သွားခဲ့တဲ့ကိစ္စ၊ ကချင်ပြည်နယ် မှာ ရထားလမ်းကို မိုင်းထောင်တဲ့ကိစ္စ ဒါကိုပဲ အကြမ်းဖက်လို့ သတ်မှတ် တယ်”ဟု သူက ပြော သည်။

ထိုအဆိုကို လွှတ်တော်က ဆက်ဆွေးနွေးပြီး ထောက်ခံသူများ ၍ ပြည်နယ်လွှတ်တော်က အဆို တင်သွင်းသည့် ကိုယ်စားလှယ်၏ သဘောထားအတိုင်း ကြေညာ လိုက်ပါက လက်ရှိဆောင်ရွက်နေ သော ငြိမ်းချမ်းရေးအပေါ် တစ်စုံ တစ်ရာသက်ရောက်မှု ရှိသွားနိုင် သည်ဟု ယင်းကိုယ်စားလှယ်က ဆက်ပြောသည်။

ရှမ်းပြည်နယ် လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၄ ဦး နေရာရခဲ့သည်။

မကြာသေးသည့်ကာလက ရွှေညောင် လွှတ်တော်ကိုယ်စား လှယ်ကွယ်လွန်သွား၍ လက်ရှိတွင် ၂၃ ဦးသာ လွှတ်တော်တက်နေရ သည်။

ရှမ်းပြည်နယ် လွှတ်တော် သည် ရခိုင်ပြည်နယ်လွှတ်တော်ကဲ့ သို့ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မစိုးမိုးနိုင်သည့် လွှတ်တော် တစ်ခုဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရခိုင်အ မျိုးသားပါတီ စိုးမိုးနိုင်သလို ရှမ်း လွှတ်တော်တွင်လည်း ပြည်ခိုင်ဖြိုး အမတ်တို့  စိုးမိုးကြသည်။

ရှမ်းပြည်နယ် လွှတ်တော်တွင် တင်လိုက်သည့် ယခုအဆိုကို ပြည် သူ့လွှတ်တော်တွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်က တင်ခဲ့သေးသော် လည်း ကန့်ကွက်သူများ၍ မှတ် တမ်းတစ်ခုအဖြစ်သာ  ရှိခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*