ရခိုင်ဒေသဖြစ်စဉ်များက အာဆီယံကို မတည်ငြိမ်သည့် အဖြစ်မျိုး ရောက်ရှိမသွားစေနိုင်ဟု မျှော်လင့်ကြောင်း ကိုဖီအာနန် ဆို

ရခိုင်ဒေသဖြစ်စဉ်များက အာဆီယံကို မတည်ငြိမ်သည့် အဖြစ်မျိုး ရောက်ရှိမသွားစေနိုင်ဟု မျှော်လင့်ကြောင်း ကိုဖီအာနန် ဆို
December 7, 2016 Asian Fame

4:11 am
ရခိုင်ဒေသဖြစ်စဉ်များက အာဆီယံကို မတည်ငြိမ်သည့် အဖြစ်မျိုး ရောက်ရှိမသွားစေနိုင်ဟု မျှော်လင့်ကြောင်း ကိုဖီအာနန် ဆို

img_3826-copy

ရဲလွင်
ရန်ကုန်၊ ဒီဇင်ဘာ ၆

ရခိုင်ဒေသဖြစ်စဉ်များက အာ ဆီယံကို မတည်ငြိမ်သည့်အဖြစ်မျိုး ရောက်ရှိမသွားစေနိုင်ဟု မျှော်လင့် ကြောင်း ကုလအထွေထွေ အတွင်း  ရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟို တယ်တွင် ယနေ့ညနေပိုင်းက ပြု လုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ကိုဖီအာ နန်က ”ကျွန်တော်တို့ သွားရောက် တဲ့အချိန်က ပဋိပက္ခဖြစ်ပွားနေတဲ့ အချိန်မဟုတ်တော့ မုဒိမ်းကျင့်တာ တွေ အကြမ်းဖက်တာတွေ မတွေ့ ရှိခဲ့ပါဘူး။ ဒေသမှာရှိတဲ့ အသိုက် အဝန်း နှစ်ခုကတော့ တစ်ဖက်နဲ့ တစ်ဖက် တင်းမာမှုတွေရှိနေတာကို တွေ့ရပါတယ်။ ဒီဒေသတွေကို လွတ်လပ်စွာသွားလာနိုင်တော့ အ ပြင်မှာပြောနေကြသ လို ကော လာ ဟလတွေ လျော့နည်းသွားမှာပါ။ ပြီးတော့ Genocide (လူမျိုးတုံးသတ် ဖြတ်မှု)ဆိုတဲ့ ပြင်းထန်တဲ့ဝေါဟာရ တွေကိုတော့ လက်လွတ် စပယ်မသုံး သင့်ပါဘူး။ ဒီဖြစ်စဉ်တွေကလည်း လည်း အာဆီယံကို မတည်မငြိမ်တဲ့ ဘက်ကို ရောက်မသွားစေဘူးလို့ မျှော်လင့်ပါ တယ်”ဟု ပြောကြား ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွား နေသည့် ဘင်္ဂါလီ ပြဿနာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်ပြုလုပ် ခဲ့သူ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်သည် အာဆီယံဟူသော မိသားစုအဖွဲ့အစည်းတစ်ခုအရ မိမိ လုပ်ရပ်ကို ပြုလုပ်သင့်၊ မပြုလုပ်သင့် စဉ်းစားရန်လိုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဟောင်းကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးေ ကာ်  မရှင်အဖွဲ့ဝင်တစ်ဦးကလည်း ဝေဖန်လိုက်သေးသည်။

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်အပါအဝင် လူတိုင်းသည် လွတ်လပ်စွာ သဘောကွဲလွဲခွင့်နှင့် ပြောဆိုခွင့် ရှိသော်လည်း ပြောချင်   သောပုဂ္ဂိုလ်သည် အာဆီယံဟူ သော မိသားစုအဖွဲ့ဝင်နိုင်ငံမှ ခေါင်းဆောင်တစ်ဦး ဖြစ်နေလျှင် မိမိသည် နိုင်ငံ့အကြီးအကဲ တစ်ဦး အနေဖြင့် လုပ်သင့်၊ မလုပ်သင့်စဉ်း စားရန်လိုကြောင်း ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဝင် ဦးအေးလွင်က ဒီဇင်ဘာ ၆ ရက်နေ့ ရန်ကုန်မြို့ ဆူးလေ ရှန် ဂရီလာ ဟိုတယ်၌ ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင် ဝေဖန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

”မိမိပေးချင်တဲ့ မက်ဆေ့ခ်ျကို မိမိဟာ နိုင်ငံ့ခေါင်းဆောင် တစ် ယောက်အနေနဲ့ ပေးပိုင်ခွင့်ရှိတယ် ဆိုတာကို ကျွန်တော်တို့ အငြင်းမပွား ဘူး။ အထူးသဖြင့် အာဆီယံဆိုတာ အိမ်နီးချင်းနိုင်ငံတွေရဲ့ မိသားစုအ ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အတွက် မိသားစု အချင်းချင်း ပြောစရာဆိုစရာရှိ ရင် ဘယ်လိုယဉ်ကျေးမှုဓလေ့နဲ့ ပြော ရမယ်ဆိုတာကတော့ ရှိပါတယ်လို့ ခံယူပါတယ်”ဟု ဦးအေးလွင်က ဆိုသည်။

ယင်းကဲ့သို့ မလေးရှားဝန်ကြီး ချုပ် နာဂျစ်ရာဇတ်၏ လုပ်ရပ်သည် ကော်မရှင်အပေါ် မည်သို့မည်ပုံ သက်ရောက်မှု ရှိသနည်းဟူသော   မေးခွန်းနှင့်ပတ်သက်၍ ဦးအေး လွင်က ယခုကဲ့သို့ပြောဆိုခဲ့သည်။

”သူ့ရဲ့ ပြောကြားချက်ဟာ ကျွန်တော်တို့ ကော်မရှင်အပေါ်မှာ ဘယ်လိုသက်ရောက်လဲဆိုရင် ကော်မရှင်ဟာ အကြံပြုချက်များကို စုဆောင်းနေတာ ဖြစ်ပါတယ်။ ဒီ တော့ အပြည်ပြည်ဆိုင်ရာက ရခိုင် အရေးနဲ့ ပတ်သက်ပြီးတော့ ဘယ် လို ရှုမြင်သုံးသပ်တယ်ဆိုတာကို လည်း အမြဲတမ်း မှတ်ယူနားထောင် နေပါတယ်။ တစ်ချိန်က မြန်မာနိုင် ငံကို အာဆီယံအဝန်းအဝိုင်းထဲကို ထည့်ပေးခဲ့တဲ့ မလေးရှား နိုင်ငံ ဟာ ဒီလိုတုံ့ပြန်တယ်”ဟု ဆိုသည်။

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်သည် အောက်တိုဘာ ၉ ရက်နေ့ အခင်းဖြစ်ပြီးနောက်ပိုင်းရခိုင်ပြည်နယ်သို့ (၂)ကြိမ်တိုင်သွား ရောက်ခဲ့ပြီး ဒေသရှိ ပဋိပက္ခဖြစ်ပွား မှု အကြောင်းအရင်းများအပေါ် အ ကြံပေးရန်

အချက်အလက်များကို သွားရောက်ရှာဖွေစု ဆောင်းခဲ့ခြင်း ဖြစ်သည်။
ထို့ပြင်ကော်မရှင်၏ အစီရင်ခံ စာတင်ရန် အစိုးရကအချိန် ၂ လ ပေးထားရာ မကြာမီတွင် အစီရင်ခံ စာကို တင်ပြရတော့မည်ဖြစ်သည်။
သို့သော် အစီရင်ခံစာပါအ ချက်အလက်များနှင့် ပတ်သက်၍ ယနေ့ထိတစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုမှု မရှိသေးပေ။
ကိုဖီအာနန်သည် ဒီဇင်ဘာ ၆ ရက်နေ့မှာပင် နေပြည်တော်သို့ သွားရောက်ခဲ့ပြီးနိုင်ငံတော်သမ္မတ၊  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့နှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် တွင်း တွေ့ရှိခဲ့ရသည့် အခြေအနေ များကို တင်ပြဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်ပိုင် ဝက်ဘ်ဆိုက်များ ကသတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အရေးကိစ္စများ နှင့်ပတ်သက်၍ အကြံပေးကော်မ ရှင်၏ အစီရင်ခံစာကို စောင့်စေလို ကြောင်းလည်း ကိုဖီအာနန် က ပြော ကြားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*