နယူးဇီလန် ဝန်ကြီးချုပ် တာဝန်မှ ရုတ်တရက် နုတ်ထွက်အနားယူ

နယူးဇီလန် ဝန်ကြီးချုပ် တာဝန်မှ ရုတ်တရက် နုတ်ထွက်အနားယူ
December 7, 2016 Asian Fame

4:48 am
နယူးဇီလန် ဝန်ကြီးချုပ် တာဝန်မှ ရုတ်တရက် နုတ်ထွက်အနားယူ

newzeland-minister-out-of-copy

PN-002
ဆစ်ဒနီ၊ ဒီဇင်ဘာ ၆

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျွန်ကီးက လာမည့်ရက်သတ္တပတ် တွင် တာဝန်နှင့် ရာထူးမှ အနား ယူမည်ဖြစ်ကြောင်း ကြေညာ လိုက်သဖြင့် ပြည်သူများ အံ့အား သင့်သွားကြသည်။

အသက် ၅၅ နှစ်ရှိပြီဖြစ်သော မစ္စတာ ဂျွန်ကီးသည် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလကတည်းက ပင်လျှင် နယူးဇီလန်နိုင်ငံ၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရကွန်ဆာဗေးတစ်နေရှင်နယ်ပါတီကို ကိုယ်စားပြုထားသူလည်း ဖြစ် သည်။

”ကျွန်တော့် တာဝန်ထမ်း ဆောင်မှုသက်တမ်း တစ်လျှောက် လုံးမှာ ပြည်သူတွေရဲ့ ထောက်ခံ မှုအများကြီးရခဲ့တဲ့အတွက် ကျေး ဇူးတင် ပါတယ်။ ထပ်မံကျင်းပမယ့် ရွေးကောက်ပွဲမှာလည်းပဲ ကျွန် တော်တို့ရဲ့ ကွန်ဆာဗေးတစ် နေ ရှင်နယ်ပါတီပဲ အနိုင်ရမယ်ဆိုတာ ကျွန်ေ တ်ာယုံကြည်ပြီးသားပါ။ သို့ သော် ကျွန်တော့်အနေနဲ့ကတော့ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒမရှိ တော့တာကြောင့် ခုလို အနားယူရ တာပါ”ဟု ဂျွန်ကီးက ပြောပါသည်။

ထိုသို့ ရုတ်ချည်းအနားယူ နုတ်ထွက်သည့်အတွက် အားလုံး အံ့အားသင့်ကြသော်လည်း အဖြေ ကို မည်သူမျှ မသိကြချေ။

”ကျွန်တော့် အထင်မတော့ သူ့ဟာသူ ရိုးရိုးပဲ အနားယူတာ ဖြစ်ပါလိမ့်မယ်။ ဒီနှစ်ထဲမှာဆိုရင် သူ့သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင် မရွန်းလည်း တာဝန်က အနားယူ သွားပြီလေ။ မကြာခင်မှာပဲ သူ့ မိတ်ဆွေ ဘားရက်အိုဘားမား လည်း တာဝန်က အနားယူရတော့ မှာပဲ”ဟု ဝယ်လင်တန်မြို့ရှိ ဝိတို ရိယ တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပညာ ပါမောက္ခ မစ္စတာစတီဖင် လီဗိုင်းက ပြောပါသည်။

”လက်ရှိ ဒုဝန်ကြီးချုပ်လည်း ဖြစ် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ ဘီလ်အင်းဂလစ်ရှ်ဟာ နိုင်ငံ့ခေါင်းဆောင်အသစ် ဖြစ်လာ မယ်လို့ မျှော်လင့်ရပါတယ်”ဟု ပါမောက္ခ စတီဖင်လီဗိုင်းက ပြော သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်ကို ဘီလ်အင်း ဂလစ်ရှ် ကိုယ်တိုင်ကပင် ငြင်းဆိုခဲ့ သည်။

Ref: John Key, New Zealand’s Prime Minister, Says He Will Step Down

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*