ခေတ်​အဆက်​ဆက် ကျဆုံးခဲ့သည့် စစ်​သည်​​များကို ဂုဏ်​ပြု

ခေတ်​အဆက်​ဆက် ကျဆုံးခဲ့သည့် စစ်​သည်​​များကို ဂုဏ်​ပြု
December 7, 2016 Asian Fame

5:29 am
ခေတ်​အဆက်​ဆက် ကျဆုံးခဲ့သည့် စစ်​သည်​​များကို ဂုဏ်​ပြု
ဓာတ်ပုံ - ကျော်ကျော်

ဓာတ်ပုံ – ကျော်ကျော်

ဖြိုးထက်အောင်
ရန်ကုန်၊ ဒီဇင်ဘာ ၅

ခေတ်အဆက်ဆက် တိုင်းပြည် အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် စစ်သည်များအား ဂုဏ်ပြုပွဲကို ဗဟန်းမြို့နယ်၊ အာဇာနည်လမ်း သူရဲကောင်းစစ်သည် ဗိမာန်တွင် ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီမှစ၍ ကျင်းပခဲ့သည်။

ဓာတ်ပုံ - ကျော်ကျော်

ဓာတ်ပုံ – ကျော်ကျော်

အခမ်းအနားကို အငြိမ်းစား စစ်မှုထမ်းဟောင်းများက ဦးစီး ကျင်းပခြင်းဖြစ်ပြီး လူထောင်ချီခန့် က အခမ်းအနား မစတင်မီမှာ ရှေ့ တန်းရောက် မြန်မာ့တပ်မတော် သားများထံသို့ ပေးပို့ရန် အမှတ်တရစာများ ရေးသားခဲ့ကြသည်။အခမ်းအနားကို အစီအစဉ် ၁ဝ ရပ်နှင့် ကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးစစ်သည်များ ကို အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန် ၄ ရပ်ရွတ်ဆိုခြင်း၊ တစ်နိုင်ငံလုံး ငြိမ်းချမ်း စေရန်ရည်ရွယ်ချက်ဖြင့် တပ်မတော်သားများကိုယ်စား ငြိမ်း ချမ်းရေးသင်္ကေတ ချိုးဖြူငှက်များ လွှတ်တင်ခြင်း၊ ကျဆုံးခဲ့သောစစ် သည်များအတွက် ဝမ်းနည်းခြင်း အ ထိမ်းအမှတ်ပူပေါင်းများ လွှတ်တင် ခြင်း၊ ပန်းခြင်းများချခြင်း အစီအ စဉ်များ ပြုလုပ်ခဲ့သည်။

”နှစ်စဉ် ဒီဇင်ဘာလရဲ့ ပထမ ပတ်၊ တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားမှာပါ။ အဓိကကတော့ ခေတ်အဆက်ဆက်မှာ ကျဆုံးခဲ့တဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ပြု လုပ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မတီအနေနဲ့ ဇန်နဝါရီလထဲမှာ ရှေ့တန်းရောက်နေတဲ့ စစ်သည်တွေအတွက် အနွေးအိပ်ရာ လိပ်တွေ ချီးမြှင့်သွားဖို့ စီစဉ်နေပါ တယ်” ဟု ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်အောင်က ပြောသည်။

၎င်းအခမ်းအနားသည် တတိ ယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ကျော်ကျော်(AF)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*