အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် KIA ပါဝင်သည့် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံရန် စီစဉ်နေ

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် KIA ပါဝင်သည့် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံရန် စီစဉ်နေ
December 7, 2016 Asian Fame

6:52 am
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် KIA ပါဝင်သည့် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံရန် စီစဉ်နေ

မေဇင်ဝင်း
ရန်ကုန်၊ ဒီဇင်ဘာ ၅

လက်ရှိ တိုက်ပွဲပြင်းထန်နေ သောKIA  အဖွဲ့ ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူ မျိုးများဖက်ဒရယ်ကောင်စီ ကိုယ် စား လှယ်အဖွဲ့နှင့် အစိုးရငြိမ်းချမ်း ရေးကော်မရှင်ကြား လာမည့် ဒီဇင်ဘာ ၁ဝ ရက်နေ့ နောက်ပိုင်း တွေ့ဆုံနိုင်ရန် စီစဉ်နေကြောင်း သိရ သည်။

ယင်းတွေ့ဆုံပွဲကို ဒီဇင်ဘာ လဆန်းရက်များတွင် ပြုလုပ်နိုင် ရန် စီစဉ်ခဲ့သော်လည်း နှစ်ဖက် အဖွဲ့အစည်းများ မအားလပ်သည့် အတွက် မဖြစ်မြောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍  ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ အ တွင်းရေးမှူး ဦးခင်ဇော်ဦးက ”ကျွန် တော်တို့ ဘက်ကတော့ သူတို့ ဘက် ကို စာပေးပို့ပြီး အကြောင်း ကြားထားပါပြီ။ တကယ်လို့ သူတို့ ဘက်က အဲ့ဒီရက်တွေ အဆင်ပြေ လို့ရှိရင် ကျွန်တော်တို့ကို အ ကြောင်ြး ပန်မှာပါ။ သူတို့ဘက်က အကြောင်းပြန်မှ ဘယ်နေ့ ဘယ် ရက်တွေ့မယ်ဆိုတာ အတိအကျ ပြောလို့ရမှာပါ” ဟုဆိုသည်။

UNFC   သည် လက်ရှိ NCA စာချုပ်ကို လက်မှတ်ရေးထိုးထား ခြင်း မရှိသော တိုင်းရင်းသားလက် နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ယင်းထဲတွင် ရှမ်းမြောက်တိုက်ပွဲ များ ၌ပါဝင်သောKIA အဖွဲ့မှ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဥက္ကဋ္ဌ အဖြစ်ပါဝင်လျက်ရှိသည်။

ထို့ပြင် UNFC  ၏ ကိုယ်စား လှယ်အဖွဲ့ DPN တွင်လည်းKIA  မှ ဗိုလ်ချုပ်ဂွမ်မော် ပါဝင်လျက်ရှိ သည်။

သို့သော် ယခုတစ်ခေါက် တွေ့ဆုံမှုတွင်KIA အဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ခြင်း ရှိ/မရှိ မပြောနိုင်သေးကြောင်း ဦးခင်ဇော်ဦးက ဆိုသည်။

”ဆွေးနွေးပွဲ လုပ်တော့မယ့် အချိန်ဆိုရင်တော့ ကျွန်တော်တို့ ဆီကို သူတို့ဘက်က တက်ရောက် မယ့် ကိုယ်စားလှယ်တွေ နာမည် စာရင်းပို့ပေးပါတယ်။ အဲ့ဒီတော့ မှ ပဲသိရမှာပါ” ဟု ၄င်းကဆို သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က NCA စာချုပ် လက်မှတ်ရေး ထိုးထားခြင်းမရှိသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးကြရန်တိုက် တွန်းထားရှိပြီးUNFC မှလည်း NCAစာချုပ်လက် မှတ်ရေးထိုး နိုင်ရေးအတွက် အချက် ၈ ချက် ကို ထပ်မံတောင်းဆိုထားသည်။

လက်ရှိတွင် အဆိုပါအချက် ၈ ချက်မှ ၄ ချက်ခန့်ကိုသာ နှစ် ဖက် ညှိနှိုင်းရရှိသေး၍ ကျန် အသိသက်သေအဖြစ် နိုင်ငံ တကာအဖွဲ့ အစည်းများ ပါဝင် ရေးကိစ္စမှာ ညှိနှိုင်း၍မရသေး ပေ။

ယခုတစ်ကြိမ် ပြုလုပ်မည့် ဆွေးနွေးပွဲတွင်လည်း လက်ရှိ ဖြစ်ပွားနေသော ရှမ်းမြောက် တိုက်ပွဲများအရေး ထည့်သွင်း ဆွေးနွေး သွားနိုင်ခြေရှိကြောင်း တာဝန်ရှိပုဂ္ဂိုလ်များက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန် ပိုင်းက သွားရောက်ခဲ့သည့် ဒေါက်တာတင်မျိုးဝင်း ဦး ဆောင်သော အစိုးရငြိမ်းချမ်းရေး ကော်မရှင်၏တ ရုတ်ပြည်ခရီးစဉ် အတွင်းတွင်လည်း လက်ရှိ ရှမ်းမြောက်တိုက်ပွဲများမှKIA ၊ MNDAA ၊ AA ၊  TNLA  အဖွဲ့ တို့နှင့် တွေ့ဆုံနိုင်ရေး ကြိုးစားခဲ့ သော်လည်း တွေ့ဆုံဆွေးနွေး မည့်ပုံစံ ညှိနှိုင်းမရခဲ့သဖြင့် တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိခဲ့ ပေ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*