အင်းလေးဇုန်ဝင်ကြေး ကန်ဒေါ်လာဖြင့် ပြောင်းကောက်မည်

အင်းလေးဇုန်ဝင်ကြေး ကန်ဒေါ်လာဖြင့် ပြောင်းကောက်မည်
December 7, 2016 Asian Fame

7:17 am
အင်းလေးဇုန်ဝင်ကြေး ကန်ဒေါ်လာဖြင့် ပြောင်းကောက်မည်

innlay-copy

မေဇင်ဝင်း
ရန်ကုန်၊ ဒီဇင်ဘာ ၅

ဒီဇင်ဘာ ၁ဝ ရက်နေ့မှစ၍ ပြည်ပဧည့်များအတွက်အင်းလေး ဇုန်ဝင်ကြေးကို ကန်ဒေါ်လာဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ် ကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှ သိရသည်။

မူလက အင်းလေးဇုန်ဝင် ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦး လျှင် မြန်မာငွေ ၁၂၅ဝဝ ကျပ် ကောက်ခံနေခြင်းဖြစ်ပြီး ဒီဇင် ဘာ ၁ဝရက် မှစကာ ၁ဝ ဒေါ်လာ ကောက်သွားမည်ဖြစ်ကြောင်း ဇုန်ဝင်ကြေးကောက်ခံသော TMG MYO Group  ကုမ္ပဏီက ခရီးသွားလုပ်ငန်း ရှင်များထံ အ ကြောင်းကြားထားသည်။

ယခုနှစ် ဖေဖော်ဝါရီလ မတိုင်မီက ဇုန်ဝင်ကြေးကောက် ခံခွင့်ရသော ဓနတိုးကုမ္ပဏီက အင်းလေးဇုန်ဝင်ကြေးကို ကန် ဒေါ်လာဖြင့်   ကောက်ခံနေရာမှ ဖေဖော်ဝါရီ ၂ဝ ရက်မှစ၍ မြန်မာငွေဖြင့် ပြောင်းလဲ ကောက် ခံခဲ့သည်။ ယခုအခါ ကန်ဒေါ်လာ ဖြင့် ပြောင်းေ ကာက်ရန် အကြောင်းကြားလာခြင်း ဖြစ် သည်။

”ဇုန်ဝင်ကြေးကောက်တဲ့ ကုမ္ပဏီကပြောင်းသွားပြီ။ ဒီနှစ် ဆန်းပိုင်းကတော့ ဓနတိုးက ကောက်တယ်၊ အခုကုမ္ပဏီက ကောက်ခွင့် ရတော့ ဒေါ်လာနဲ့ ပြောင်းကောက်မယ်လို့ စာပို့ တယ်” ဟု အင်းလေးဇုန် ခရီး သွားလုပ်ငန်းမန်နေးဂျင်း ဒါရိုက် တာ ဦးဇော်ဌေးအောင် က ပြော သည်။

ဇုန်ဝင်ကြေးကို ယခုလို ပြောင်းလဲကောက်ခံခြင်းကြောင့် ခရီးသွားလုပ်ငန်းရှင်များအတွက် အခက်အခဲများ ဖြစ်စေကြောင်း လုပ်ငန်းရှင် များထံမှ သိရသည်။        ”ကျွန်တော်တို့ခရီးစဉ်တွေ က ခြောက်လတစ်နှစ်ကြိုရောင်း ရတဲ့အခါကျတော့ အခုလိုအနီး ကပ်မှပြောင်း လိုက်တော့ လုပ်ရ ကိုင်ရတာ ခက်ပါတယ်။ ဒေါ်လာ နဲ့တွက်လိုက် ဗမာငွေနဲ့ တွက် လိုက်နဲ့ခရီးစဉ်ရောင်းရတာလည်း အဆင်မပြေဘူး” ဟု ၄င်းက ပြောသည်။

အင်းလေးဇုန် ဝင်ကြေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့က စီမံခန့်ခွဲခြင်းဖြစ်ပြီး ယခု ကဲ့သို့ပြောင်းလဲမှုမှာ တစ်နှစ် အတွင်း   နှစ်ကြိမ်မြောက်ဖြစ် ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*