သူတို့အမြင်

သူတို့အမြင်
December 7, 2016 Asian Fame

6:31 am
သူတို့အမြင်

capture-copy-copy

ဦးမိုးကျော်စိုး (ကားတင်သွင်းခွင့်မူဝါဒနှင့် ပတ်သက်၍ လေ့လာသုံးသပ်နေသူ)

ယာဉ်ကြောပိတ်ဆို့မှု စတာတွေနဲ့တိုင်း တာပြီး အစိုးရသစ်က ကားတင်သွင်းတဲ့မူဝါ ဒကို ထုတ်လိုက်တယ်လို့မြင်တယ်။  နောက် ဆက်တွဲအနေနဲ့ အရည်ကျိုကားဈေးတွေ တက်ကုန်တယ်။ နဂိုကတက်နေတာကနေ ပိုတက်သွားတာ။ ခုဆိုရင် အရည်ကျို ကား တစ်စီး ရဲ့ပေါက်ဈေးဟာ သိန်း ၁၁ဝ ကျော် သွားပြီ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက ဆိုရင် အရည်ကျိုကားဈေးဟာ အလွန်ဆုံး ရှိမှ ၄၊ ၅၊ ၆ဝ ကျော်ပဲရှိတယ်။ အရည်ကျို ကားဈေးတွေတက်တယ်။ ဒီတော့ နောက် ဆက်တွဲ အနေနဲ့ ကားဈေးတွေတက်လာလိမ့် မယ်။ ဒါ့အပြင် ဒေါ်လာဈေးတွေပါ တက် နေတဲ့အတွက် ကားဈေးကတော့ အဆမ တန်မြင့်တက်သွားဖို့ ရှိတယ်။ အဓိက က တော့ လူလတ်တန်း စားတွေ ကားပိုင်ဆိုင်မှု အရေးဟာ ပိုဝေးသွားနိုင်တယ်။ ကျွန်တော် ပြောချင်တာကတော့ ပြည်ပစက်ရုံထွက် ပစ္စည်းတွေကို ဈေးသက် သက်သာသာသုံး နိုင်ရင်တော့  အကောင်းဆုံးပါပဲ။ လူတိုင်း အပြည့်အဝအသုံးပြုနိုင်ရင်တော့ အ ကောင်းဆုံးပေါ့။ နိုင်ငံ တကာမှာတော့   ပြည် သူတွေရဲ့ကားပိုင်ဆိုင်မှုက တော်တော်များ တယ်။ ဒီမှာကတော့ လူဦးရေအချိုးအဆနဲ့ ကြည့်ရင် ကားပိုင်ဆိုင်မှု ပမာဏက   တော် တော်နည်း နေသေးတယ်။

ကိုချစ်ကိုကို (တစ်ပိုင်တစ်နိုင် ကားတင်သွင်းသူ)

၂ဝ၁၁ ခုနှစ် မော်ဒယ်ကစပြီးတော့ တင်သွင်းတဲ့ ၁၃ဝဝ စီစီကားတွေကို ဘယ် မောင်း၊ ညာမောင်းမခွဲခြားဘူး။ အင်ဂျင်ပါဝါ မခွဲခြားဘူး လို့ အသစ်ထွက်တဲ့မူဝါဒမှာ ဖော် ပြထားပါတယ်။ ဒီအချက်ဟာ ယခင် ကား မူဝါဒအတိုင်းပဲ။ ဘာမှ မပြောင်းလဲဘူး။ ဒါပေမယ့် ကြီးမားတဲ့ြေ ပာင်းလဲမှုကို လက် ရှိအစိုးရက ထည့်သွင်းလိုက်တယ်။ အဲဒါ ကဘာလဲဆိုတော့   ၂ဝ၁၁ ခုနှစ် မော်ဒယ် နောက်ပိုင်း ၁၃ဝဝ စီစီကားတွေ ကို တင် သွင်းတဲ့အခါမှာ စလစ်ကပ်ရမယ်လို့ပါသွား တယ်။ ဒါ့ကြောင့်  ၁၃ဝဝ စီစီကားတွေဈေး အဆမတန် မြင့်တက်သွားလိမ့်မယ်။ ကျပ် သိန်း ၁၂ဝ၊ ၁၃ဝ ကားတွေဟာ ၂ဝဝ ကျော် အထိ မြင့်တက်သွားနိုင်သလို ကျပ်သိန်း ၁၄ဝ၊ ၁၅ဝ ကားတွေဟာလည်း ၂ဝဝ ကျော် သွား ပါလိမ့်မယ်။ အဓိက ထိမှာကတော့ လူလတ်တန်းစားတွေပါပဲ။ ရန်ကုန်မှာကား ကျပ်တယ်။ မှန်တယ်။ ဒါပေမယ့် နယ်မှာ ကားလိုအပ်ချက်ေ တွ အများကြီးရှိတယ်။ အရင်တုန်းက ကျပ်သိန်း ၁ဝဝ လောက်နဲ့ ကားတစ်စီးဝယ်နိုင်ပေမယ့် ခုနောက်ပိုင်း ဆိုရင် အဲဒီလိုရတော့မှာ မဟုတ်ဘူး။ ချမ်း သာတဲ့သူတွေကတော့ ဘာအရေးလဲဗျာ။ သို့ပေမယ့်လည်း ဒီကားမူဝါဒက ချမ်းသာ တဲ့သူကို သက်ရောက်မှု ရှိတဲ့မူဝါ ဒ ဖြစ်နေ ပြန်တယ်။ ၂ဝ၁၅-၂ဝ၁၆ မော်ဒယ်နောက် ပိုင်းတွေကို တင်သွင်းမယ်ဆိုရင် ဘယ်မောင်း ပဲသွင်းရတော့မယ်ဆိုတဲ့ အချက်ေ ကြာင့်ပဲ။ ဂျပန်မှာ ဘယ်မောင်းမရှိဘူးဗျ။ ဒီတော့ တရုတ်ဖက်စပ်တို့၊ ကိုရီးယားကားတို့ သွင်း ရတော့မှာ။ ပိုက်ဆံတွေ အများကြီးသုံး ရ တော့မှာပေါ့ဗျာ။ တရုတ်ကား၊ ကိုရီးယား ကားရဲ့အရည်အသွေးက ဂျပန်ကားကို ဘယ် လိုမှ ယှဉ်လို့မရဘူး။ အဲဒီအချက်တွေတော့ ရှိနေပါတယ်။

ဦးအေးမင်း (မန်နေးဂျင်းဒါရိုက်တာ၊ဝန်းရံခကားအရောင်းစင်တာ)

ဒါက တိုင်းပြည်ရဲ့ ဝင်ငွေ ထွက်ငွေ ပေါ်မူတည်ပြီး ချိန်ပြီးတော့ ဆုံးဖြတ်လုပ် တဲ့အပိုင်းတွေဆိုတော့ ကျွန်တော်တို့က တော့ ကိုယ့်စီး ပွားရေးတစ်ခုတည်း ကြည့် လို့မရဘူး။ တိုင်းပြည်မှာက ထုတ်ကုန်ဝင် ငွေမရှိဘူး။ သွင်းကုန်ချည်းပဲ များနေတဲ့အ ခါ ဒါကိုချိန်တာလည်း ပါမှာပေါ့။ အဲဒီပေါ် မူတည်ပြီးတော့ ပိုက်ဆံနည်းနည်းနဲ့ ကား စီးဖို့ကိစ္စကတော့ မော်ဒယ်နိမ့်ရင်တော့ စီး လို့ရမှာပေါ့။ ဒါက ရေရှည် ကိုကြည့်ပြီးတော့ သူတို့လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ကျွန် တော်တို့ အနေနဲ့တော့ သိပ်တော့ ထွေထွေ ထူးထူးပြောစရာမရှိပါဘူး။ သူတို့လုပ်ဆောင် တဲ့ အပေါ်မှာပဲ ကျွန်တော်တို့ ကာှး့သတ မသသာ တွေက ကြည့်လုပ်ရမှာပေါ့။ အရောင်း အဝယ်ကတော့ စီးနိုင်တဲ့ ဦးရေ နည်းသွား မှာပေါ့။ ဈေးနှုန်းမြင့်တယ်ဆိုတဲ့အတွက် ပေါ့။ မြင့်တယ်ဆိုတာကလည်း စလစ်ဖိုးကလည်းသိန်း ၁၁ဝ နဲ့ ၁၂ဝ ကြားမှာ   ပြေး နေတော့ အခွန်ဆောင်ရမယ့် ပိုက်ဆံနဲ့ဆို တော့ သိန်း ၂ဝဝ လောက် အခွန်ဆောင်ရမှာ ဆိုတော့ စီးနိုင်တဲ့လူက နည်းသွားမယ်။ ကျွန်တော်တို့ရဲ့ရောင်းဝယ်မှုကလည်း အဲဒီ ပေါ်လိုက်ပြီး နည်းသွားမယ်။ ဒါပေမယ့်သူ့ဈေးကွက်နဲ့သူကတော့ ရောင်းနေရမှာ ပေါ့။ ကျွန်တော်တို့ အနေနဲ့ကတော့ အ ရောင်းအဝယ် နည်းလာနိုင်တယ်ဆိုရင် အ ရောင်းသွက်မယ့် ကားအမျိုးအစားဘက်ကို   ပြောင်းလဲေ ရာင်းချဖို့ စိတ်ဝင်စားနေတယ်။

ကိုညီညီ (ပြည်သူ)

ကားဈေးတွေကတော့ အခု တော်တော် လေးကို တက်နေတာ။ သိန်း ၆ဝ၊ ၇ဝ မက ဘူး။ အခုမူဝါဒက ကောင်းလည်းကောင်း တယ်၊ မကောင်းလည်းမကောင်းဘူး။ ကျွန် တော်ထင်တာတော့ ယာဉ်ကြောကျပ်တည်း မှုတွေအတွက် အခုလို လုပ်လိုက်တယ်ထင်ပါတယ်။ ဒါ့ကြောင့် ယာဉ်ကြောကျပ်တည်း မှု အထိုက်အလျောက် လျော့သွားရင်တော့ ကောင်းတာပေါ့။ မကောင်းတာကတော့ အရင်တုန်းက သိန်း ၁ဝဝ ကျော် ဝန်းကျင် ပေါက်တဲ့ကားတွေကို သိန်း ၁၇ဝ၊ ၁၈ဝ လောက် ပေးစီးရမယ့်ကိစ္စ၊ ဈေးတွေတက် ကုန်တော့ ဘယ်ကောင်း မလဲ။ ခုလက်ရှိ ကျွန်တော်စီးနေတဲ့ကားဆိုရင် ဝယ်တုန်းက သိန်း ၂၇ဝ လောက်တန်တယ်။ ခုတိုင်းဆို ဒီကားကိုရောင်းပြီး အသစ်ဝယ် မယ့်အစီအ စဉ်က အဆင်ပြေလောက်မယ်မထင်ဘူး။ ဈေးတက်မှာက ၂ဝ၁၇ လောက်မှာ ဆိုပေ မယ့်လည်းပဲ အခုကတည်းက လူတွေက လှုပ်လှုပ်လှုပ်လှုပ်နဲ့ အကုန်လုံးလိုက်ပြီးဝယ် နေတဲ့အခါကျတော့ ဈေးတွေက မငြိမ်ဘဲနဲ့ ဈေးတွေက အရမ်းကြီးတက်နေတယ်။ ပြည် ပကားဈေးကွက် ဆိုပေမယ့်လည်း ဒါတက် တာနဲ့ ပြည်တွင်းကားဈေးကွက်ပါ လိုက် တက်တာ။ ဒီအတိုင်းဆိုရင်တော့ နောက် နှစ်မှာ ကားဝယ်ဖို့ မလွယ်သေးဘူး။

ဦးမိုးကျော်စွာ (ကုမ္ပဏီပိုင်ရှင်၊ Ayarwaddy Power Car Showroom )

ကျွန်တော့် အနေနဲ့ပြောရမယ်ဆိုရင် ကားဈေးက တက်တော့ တက်လာမှာပါ။ ဒါပေမယ့် အရမ်းကြီးတော့ တက်မယ်လို့ မထင်ဘူး ။ ဖြည်မယ့်အကွက်တော့ လာ မယ်လို့ ထင်တယ်။ ကားသစ်တွေက ဈေး လျှော့ရောင်းခဲ့ရင်သော်လည်းကောင်း ဆို တာတွေက စဉ်းစား စရာတွေတော့ ရှိလာ တယ်။ ကားဈေးနည်းနည်း တက်လာပေ မယ့်လည်း အရောင်းအဝယ်က ထင်သ လောက်တော့ မဖြစ်ပါဘူး။ မှန်းထားသ လောက် ဖြစ်မလာဘူး။ ဒီလပိုင်းအတွင်းမှာ သွင်းထားတဲ့ ကားတွေနဲ့ ရောင်းမယ်ဆိုရင် တောင် နောက်နှစ်တစ်နှစ်လုံးက ကားတွေ လုံလောက်မယ်ထင်ပါ တယ်။ သိန်း ၁ဝဝ၊ ၁၅ဝ ဝန်းကျင်ကားတွေကတော့ ဆက်ရှိ နေဦးမှာပါ။ ကျွန်တော့်အမြင် ပြောရ ရင် တော့ အသစ်ရောင်းတဲ့သူတွေက သိန်း ၈ဝ သွင်း၊ ၉ဝ သွင်းနဲ့ အရစ်ကျစနစ်နဲ့ရောင်း လာမယ်ဆိုရင်တော့ ဒီကားတွေကို တတ် နိုင်သူ က တက်စီးမယ်။ ပြီးရင် အဟောင်း သွင်းကားတွေ ပြန်ရောက်လာမယ်။ ဒီလိုပဲ လည်နေမှာပါ။ အဲဒီလောက်ကြီးလည်း ထက်ဝက်လော က်တော့ တက်သွားမယ်လို့ မထင်ပါဘူး။ သိန်း ၁ဝဝ တန် ကား ၂ဝဝ တန်လောက်ထိ နှစ်ဆလောက်ထိဖြစ်သွား မယ်လို့တော့မထင်ပါ ဘူး။ ကျွန်တော် ပြော ရဲတာကတော့ ဈေးအဲဒီလောက်ကြီး အ တက်ခံမယ် မထင်ဘူး။ အဲဒီအချိန်ကျရင် တစ်ခုခု ဖြစ်လာမှာပါ။ လမ်းေ ကြာင်းတစ်ခု ခု ထပ်ပွင့်လာမှာပဲ။ ဒီမူဝါဒက ယာဉ်ကြော ကျပ်တည်းမှုကို ဦးတည်တယ်ဆိုရင်တော့ အရမ်းကြီးထိရောက်မယ်လို့ ကျွန်တော် တော့မထင်ဘူး။ လက်ရှိမှာ ဘတ်စ်ကားနဲ့ လမ်းဘေးဈေးသည်ကို သေချာ မထိန်း ကျောင်းနိုင်သေးဘူး။ ဒါပေမယ့် ကျွန်တော် ထင်ပါတယ် ဈေးအရမ်းကြီးတက်သွားမှာ မဟုတ်ပါဘူး။ ပြည်သူတွေမှာလည်း ဝယ် လိုအားကလည်း အရင်နှစ်တွေလောက် သိပ်မရှိေ တာ့ဘူး။ ဒီ ၄၊ ၅ နှစ်အတွင်းမှာ ကားစီးတဲ့ ပြည်သူတွေ အတော်များများက သိန်းထောင်ဂဏန်း၊ ရာဂဏန်းနဲ့ချီပြီး ရှုံးခဲ့ ပြီးပြီဆိုတော့ ဝယ်လိုအားက သိပ်တက် လာစရာအကြောင်းမရှိဘူး။ ဒီအတွက်ဈေး တက်ချင်သလောက် တက်လို့ရမယ်တော့ မထင်ဘူးလို့ ကျွ န်တော်မြင်ပါတယ်။

ဦးအေးကျော် (ရန်ကုန်မော်တော်ကားရောင်းဝယ် ရေးအသင်း၊ စာရင်းကိုင်)

ကားဈေးက အတော်လေးတက်နေပြီ။ အရင်တုန်းက သိန်း ၁၁၅၊ ၁၂ဝ ခေါ်တဲ့ ကားတွေက အခု သိန်း ၁၄ဝ၊ ၁၅ဝ ဖြစ် ကုန်ပြီ။ ရွှေ ငါးတွေဆိုရင် အရင်တုန်းက နာမည်ပေါက် သိန်း ၁၉ဝ လောက်ရောင်း တဲ့ကားတွေက အခု ၂၅ဝ လောက်ဖြစ်နေ ပြီ။ ရုပ်ပြောင်းတွေ ဆိုရင်သိန်း ၂၈ဝ လောက် ခေါ်ကုန်ကြတယ်။ ကားတစ်စီးကို ပျမ်းမျှ ပွိုင့် သရီးဆိုရင် သိန်း ၄ဝ ကျော်လောက် တက်သွားတယ်။ တူးပွိုင့်ဇီးရိုးဆိုရင် သိန်း ၅ဝ လောက်တက်သွားတယ်။ လက်ရှိ အ ခြေအနေကတော့ ကားဈေးကကျစရာ အခြေအနေမမြင်သေးဘူး။ ဒီမူဝါဒကျိန်း သေတယ်ဆိုရင်တော့ပေါ့။ ကညနတို့၊ အကောက်ခွန်တို့က ပြောင်းပေးမယ်ဆို ရင်တော့ သိပ်တက်မယ်မထင်ဘူး။ သူတို့ က ဒီအတိုင်းပဲဆိုရင်တော့ ကျစရာအကြောင်း ကို မရှိတော့ဘူး။ ကျွန်တော်တို့ကတော့ အစိုးရအဆက်ဆက် ကားလုပ်ငန်းလုပ်ခဲ့ တော့ သိပ်တော့လည်း မထူးတော့ပါဘူး။ ရိုးနေပါပြီ။ ပြည်သူလူထုရဲ့ တောင့်တချက် အရ ပြောင်းလဲမှုတွေလုပ်ချင်လည်း လုပ် လာမှာပေါ့၊ မလုပ်ချင်လည်း မလုပ်ဘူးပေါ့။ ယာဉ်ကြောကျပ်တည်းတဲ့ကိစ္စကြောင့် လုပ် တယ်ဆိုရင်တော့ မော်ဒယ်နိမ့်တဲ့ကားတွေ၊ စံချိန်စံညွှန်းမမီတဲ့ ကားတွေအကုန်လုံး အ အပ်ခံသင့်တယ်။ ဘာ့ကြောင့်လဲဆိုရင် ယာဉ် အို၊ ယာဉ်ဟောင်းတွေ အဲဒီလိုလုပ်မှယာဉ် သစ်တွေတင်လို့ရမှာ။ ယာဉ်အို၊ ယာဉ် ဟောင်းတွေကို ဘာသတ်မှတ်၊ ညာသတ် မှတ်နဲ့ ဟိုဟာအပ်မရဘူး၊ ဒီဟာအပ်မရဘူး လို့ ကညနက အမျိုးမျိုးလုပ်နေေ သးသရွေ့ တော့ မလွယ်လောက်ဘူး။ မူဝါဒပြောင်းလဲ တယ်ဆိုတော့ ကျွန်တော်တို့ တိုင်းပြည်က အဲဒီလောက်ထိ တိုးတက်နေတဲ့ တိုင်းပြည် မဟုတ်ဘူး။ အကောက်ခွန်ဘက်ကလည်း အရမ်းဈေးကြီးတယ်။ ဖရီးပါမစ်ပိုင်းကလည်း သွင်းရမှာက ၂ဝ၁၅-၂ဝ၁၆ ဆိုတော့ ဘယ် လိုမှမဖြစ်နိုင်ဘူး။ ၂ဝ၁၇ မှာ ကားဝယ် ရောင်းတွေ၊ ကုမ္ပဏီတွေ ကားမသွင်းနဲ့လို့ ပြောချင်တဲ့သဘောပဲ။ အခုတောင် ဈေး တက်မယ်ပဲ ကြားသေးတယ် ဘာမဆိုင် ညာ မဆိုင် သိန်း ၄ဝ၊ ၅ဝ လောက် တက်သွား တယ်။ အဲဒီအတွက် ဆင်းရဲနွမ်းပါးတဲ့သူ တွေပါ ဒုက္ခရောက်သွားမှာပေါ့။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*