ရန်ကုန်မြို့တွင်း မှုခင်းဖြစ်စဉ်များလျော့ပါးရေး CCTV ကင်မရာမှတစ်ဆင့် ၂၄ နာရီ စောင့်ကြည့်သွားမည်

ရန်ကုန်မြို့တွင်း မှုခင်းဖြစ်စဉ်များလျော့ပါးရေး CCTV ကင်မရာမှတစ်ဆင့် ၂၄ နာရီ စောင့်ကြည့်သွားမည်
December 7, 2016 Asian Fame

4:18 am
ရန်ကုန်မြို့တွင်း မှုခင်းဖြစ်စဉ်များလျော့ပါးရေး CCTV ကင်မရာမှတစ်ဆင့် ၂၄ နာရီ စောင့်ကြည့်သွားမည်
၂ဝ၁၅ ဒီဇင်ဘာလအတွင်း မန္တလေးမြို့တွင် ဖွင့်လှစ်ထားသညPolice Command Center

၂ဝ၁၅ ဒီဇင်ဘာလအတွင်း မန္တလေးမြို့တွင် ဖွင့်လှစ်ထားသည့်Police Command Center

PNews
ရန်ကုန်၊ ဒီဇင်ဘာ ၆

Police Command Center  (ရဲတပ်ဖွဲ့ကွပ်ကဲမှုဗဟိုဌာန) သည် လက်ရှိတွင် ပြီးစီးသလောက် ဖြစ် နေပြီဖြစ်၍ ထိန်းချုပ်စောင့်ကြည့် မှုကို လာမည့်၂ဝ၁၇ခုနှစ် နှစ်ဆန်း ပိုင်းတွင် စတင်နိုင်မည်ဟု ရန်ကုန် တိုင်းအစိုးရအဖွဲ့ ထိပ်တန်းအဆင့်တာဝန်ရှိသူကပြောသည်။

 ထိုကွပ်ကဲမှု ဗဟိုဌာနမှ အရာ ရှိများသည် မီးပွိုင့်စနစ်အပါအဝင် ရာဇဝတ်မှုနှင့် မှုခင်းဖြစ်စဉ်များ လျော့ပါးရေး၊ ဖြစ်ပွားလာ ပါက ဖော် ထုတ်နိုင်ရေး စသည်တို့ကို ဌာနထဲမှနေ၍ အချိန်တိုင်းစောင့် ကြည့် ထိန်းချုပ်မည်ဟု ၄င်းက ပြောသည်။

”ဒါ ဖွင့်လှစ်ပြီးရင်တော့ ရာဇ ဝတ်မှုတွေ ဖော်ထုတ်တဲ့အခါ  အ ထောက်အကူ ပိုရလာနိုင်မယ်။ ဒါ တင်မကသေးဘူး၊ စည်းကမ်းပျက်   မော်တော်ယာဉ် ဒါတွေကိုပါ ဖော် ထုတ်အရေးယူမှုတွေ ပိုလုပ်လာနိုင် မယ်။ ယနေ့ရင်ဆိုင်နေရတဲ့ ယာဉ် ကြောပိတ်ဆို့မှု ဒါကိုပါသူ က ဖြေ ရှင်းပေးလိမ့်မယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မီးပွိုင့်တိုင်း၊ လမ်းတိုင်းတို့တွင်  တပ်ထားသည့် CCTV များအလုပ် လုပ် မလုပ်၊ ဖမ်းယူထားသည့် မြင် ကွင်းများ ကြည်လင်မှုရှိ၊မရှိ၊ ယာဉ် ကြော ပိတ်ဆို့လာပါက မီးပွိုင့်တို့ က အချက်ပြပြီး ဖြေရှင်းပေးနိုင်မှု ရှိ၊ မရှိ စသည်တို့ကိုပင် စမ်းသပ်နေ ပြီဖြစ်သည်ဟု သူက ဆက်ပြောသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် တိုင်းဝန်ကြီးတစ်ဦးဖြစ်သည့် ဒေါ်နီ လာကျော်က ”မီးပွိုင့်တွေကို  CCTV  တွေတပ်ဆင်ပြီးတော့   ခေတ် မီမီးပွိုင့် အဖြစ် မီးပွိုင့် ၁၅၄ ခုကို အခု တပ် ဆင်နေပြီဖြစ်ပါတယ်။ ပြီးတော့ထိန်း ချုပ်ဖို့အတွက်Traffic Command Center တည်ေ ဆာက်နေတာ လည်း ပြီးစီးသလောက်ဖြစ် နေပါ ပြီ။ ဒီ Traffic Command Center ကနေကားတွေကို GPS စနစ် တပ် ဆင်ပြီးတော့ ကားတွေရဲ့ ပြေးဆွဲ နေမှုကို အထူးသဖြင့် အများပြည် သူသုံးစွဲနေရတဲ့ ဘတ်စ်ကားလိုင်း တွေ  တက္ကစီတွေမှာ တပ်ဆင်ပြီး ဆောင်ရွက် သွားပါမယ်” ဟု ပြော သည်။

လက်ရှိ ရန်ကုန်သည် ယာဉ် ကြော ပိတ်ဆို့မှု၊ ရာဇဝတ်မှုထူပြော မှုစသည့် ပြဿနာများနှင့် ရင်ဆိုင် နေရသည်။

ပထမဦးဆုံး ဗဟိုဌာနကို မန္တ လေးတွင် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ဖွင့်လှစ်ဆောင် ရွက်ခဲ့၍၊ ယခုဖွင့်လှစ်တော့မည့် ရန်ကုန်ကွပ်ကဲမှု ဗဟိုဌာနသည် နိုင်ငံအတွက် ဒုတိယမြောက် ဗဟို ဌာနတစ်ခု ဖြစ်လာသည်။

ယင်း Command Center သည်  ရန်ကုန် ပြည်သူ့ဥယျာဉ်အ တွင်းရှိ နက္ခတ်တာရာပြခန်းထဲတွင် တည်ရှိပြီး၊ ယခုနှစ် နှစ်လယ်ပိုင်းက စကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၌ မကြာမီဖွင့်လှစ်သွား မည့် ကွပ်ကဲမှုဗဟိုဌာနသည် မန္တ လေးမြို့တွင် ဖွင့်လှစ်ထားသည့် ကွပ်ကဲမှုဗဟိုဌာနထက် ကြီးသည် ကို ရရှိထားသည့် အချက်အလက် တို့အရ တွေ့ရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*