‘ဆို’စားသံသရာ (သို့မဟုတ်) နေညှင်းခံနေရဦးမယ့် ဘဝပုံရိပ်များ

‘ဆို’စားသံသရာ (သို့မဟုတ်) နေညှင်းခံနေရဦးမယ့် ဘဝပုံရိပ်များ
December 7, 2016 Asian Fame

7:24 am
‘ဆို’စားသံသရာ (သို့မဟုတ်) နေညှင်းခံနေရဦးမယ့် ဘဝပုံရိပ်များ

u-min-copy

ကိုင်လာတဲ့ ပြည်တောင်းလေးကို ကွပ်ပြစ်ပေါ်အသာချထားလိုက်ပြီး  မစန်း ရွှေတစ်ယောက် မျှင်မျှင်လေး သက်ပြင်းချ လိုက်ပါတယ်။ ကိုမြမောင်လေးတို့ အိမ်မှာ မြေပဲခြွေလှေ့စက် ရောက်နေပြီတဲ့။ ဒီလို အချိန်မျိုးမှာ မြေပဲမှ မဆွတ်ရရင်မသန်း ရွှေတို့မိသားစု စားဝတ်ေ နရေးက ခက်ရပြီ ကော။

ကိုသောင်းနဲ့ အိမ်ထောင်ကျပြီး ကလေး တွေတစ်ပြုံကြီးနဲ့ ဒီရွာမှာနေလာသမျှ မစန်းရွှေမရောက်ဖူးတဲ့ ယာပိုင်ရှင်အိမ်ဆို တာ မရှိ သလောက်။ လက်လှုပ်မှ ပါးစပ် လှုပ်ရတယ်ဆိုဦး၊ လက်လှုပ်စရာ အလုပ် မရှိရင် ပါးစပ်လှုပ်ဖို့ အတော်ခက်တယ်။ ဆန်ဈေး၊ ဆီဈေးက လည်း တစ်စထက် တစ်စ ပိုပိုမြင့်လာတယ်လို့သာရှိတယ်၊ ကျ သွားတယ်လို့မကြုံဖူးသေး။ သူများတွေ ပေါက်ရာပေါက်ဈေး ဝယ်စားနေ ချိန်မှာ တောင်၊ မစန်းရွှေတို့အဖို့ကတော့ နောင် လာမယ့်ဈေးမြင့်ပြီးသားထဲကပေါ့။

မစန်းရွှေတို့လို ”ဆို” စားတွေအဖို့က တော့ ဈေးနှုန်းကိုမကြည့်အား၊ အလုပ်ရှင် ကလက်ခံတဲ့ဖြတ်ဈေးနဲ့ပေးတဲ့ ဆန်ဆီဈေး က ဒီကနေ့အတွက် မိသားစုစားဝတ်နေ ရေး ဖြစ်နေတယ်။ ဒီရွာမှာ အိမ်ခြေ ၁၅ဝ ကျော်ရှိတယ်ဆိုပေမယ့် ယာပိုင်မြေပိုင်ဦး ရေက သုံးဆယ်ကျော်လေးဆယ်ပဲရှိတယ်။ ကျန်မိသားစုတွေက နီးစပ်ရာလယ်ယာပိုင် သူထံမှာ အငှားလုပ်သားလုပ်ရင်းနဲ့ အသက်   မွေးကြရတယ်။ ဒီလိုမိသားစုတွေ နိုင်ငံအ နှံ့အပြားက ကျေးလက်နေလယ်ယာလုပ် ငန်းခွင်တိုင်းမှာ ရှိနေကြပါတယ်။

u-min-3-copy

►လူအငှား ကြိုတင်လိုက်ခ

တစ်မိုးလုပ်လို့ နွေစာမရှိ၊ ဆောင်းက တည်းက နွေအလုပ်တွေအတွက် လူအ ငှား ကြိုတင်လိုက်ခနဲ့ ”ဆို”စားပြီးသား ဖြစ်နေ တယ်။   နွေထယ်ရေး အမှိုက်ကောက် အတွက် လူငှားဘယ်နှမန့် (နံနက်ပိုင်းလုပ် ငန်းအချိန်)လိုက်ပါ့မယ်၊ ဆန်လေးပေးပါ လို့၊ လုပ်ခကိုကြို တင် တောင်းရတော့တယ်။ ကြိုတောင်းတော့ ပေါက်ရာပေါက်ဈေး မဟုတ်တော့၊ သုံးထောင်တန်ရင် နှစ်ထောင့် ငါးရာလောက်ပဲ   ဈေးဖြတ်ခံရတယ်။ ယူရ တဲ့ဆီဈေး၊ ဆန်ဈေးက ပေါက်ရာပေါက်ဈေး ထက် ပိုပြီးသား။

ဒီလိုနဲ့နိစ္စဓူဝ အလုပ်တွေကို သွင်သွင် တောင်း၊ ဆန်ယူဆီယူ၊ လုပ်ငန်းအကြွေး မှတ်နဲ့ မစန်းရွှေမိသားစု လည်ပတ်နေရ တာ ကလေးငါးယောက်မှာ အကြီးဆုံးသား တောင် လူပျိုပေါက်အရွယ်ရောက်လာပြီ။ တော်ပါသေးရဲ့ တောင်ပိုင်းက ကိုစိုးမြင့် နွားအုပ်ကို တစ်လနှစ်သောင်းနဲ့ အငှား ကျောင်းတဲ့အလုပ်လေးလုပ်နိုင်လို့။ အလတ် မကတော့ လေးတန်းကို ၂ နှစ်ရှိပြီ။ သူ လေးက စာကြိုး စားပေမယ့် ပေါင်းထိုးချိန်နဲ့ ပဲနုတ်ချိန်မှာ ကျောင်းမတက်ခိုင်းနိုင်၊ ကြို တင်ယူထား၊ စားထားတဲ့၊ လူငှားအကြွေး ”ဆို”စားကို လိုက်ပါဆပ်နေ ရတယ်။ နောက် နှစ်ဆိုရင်တော့ ကျောင်းဆက်မထားတော့ ဘူးလို့ စဉ်းစားထားရတယ်။ တစ်နေ့တစ် နေ့ တက်လာတဲ့ စားသောက်ကုန် စရိတ်က မစန်းရွှေ တို့လို လက်လုပ်လက်စားတွေအဖို့ လုံးဝမလွယ်ကူတော့။

အခုဆိုရင် ခေတ်စနစ်ကလည်းပြောင်း လာပြီ။ တောင်သူတွေကလည်း၊ တွက်ခြေ ကိုက်အောင်စက်တွေဝယ်ပြီး လုပ်လာနေ တော့၊ မစန်းရွှေတို့လုပ်နေကျ အလုပ်တွေ ပါ ဝင်ရောက်နေရာယူလာပြီ။ ခုပဲ ရွာအ ရှေ့ပိုင်းက ကိုမြမောင်တို့အိမ်မှာ မြေပဲခြွေ စက်တဲ့၊ မြေ ပဲခြွေစက်က ဘယ်လိုလဲဆိုတော့ မြေပဲကို နုတ်ပြီးတော့ လေးရက်လောက် ထားရတယ်။ ထားပြီးတော့ အဲဒီ စက်ထဲ ထည့်လိုက်ရင် အရွက်တို့ အရိုးတို့ကို နွားစာ အတွက် စင်းပေးတယ်။ မြေပဲအတောင့် က အသန့်ထွက်လာတယ်။

►မြေပဲဆွတ်အလုပ်ကို စက်တွေနဲ့ခိုင်းကြတော့မယ်

မစန်းရွှေတို့ ခါတိုင်းလုပ်နေရတဲ့ မြေ ပဲဆွတ်အလုပ်ကို ဒီစက်တွေနဲ့ခိုင်းကြတော့ မယ်။ အိမ်က လူသုံးယောက်လောက်လုပ် လို့ရတဲ့ အလုပ်ကို မရဘဲရှိတော့မယ်။ မြေ ပဲဆိုလို့ မစန်းရွှေတို့ငယ်ငယ်တုန်းက မြေ ပဲကောက်ရတာ မှတ်မိသေးတယ်။ အခုလို ပင်ထောင်လို့   ခေါ်တဲ့ သုံးလပဲအပြင် ခြောက်လမြေပဲ (ပြန့်ပဲ)ကို ကောက်ရတာ။ မစန်းရွှေတို့ရွာက ရွာဦးကျောင်းဆရာ တော်ကတောင် စာစပ်ထား တာ ရှိတယ်။  ”ချမ်းပါသနော် မနေအားပါပု၊ ဝမ်းစာနော် အနေရှားပါဘိ၊ ပျိုမေရှင်တစ်ပါးမှာတော့၊ ပဲကောက်ရတယ်”လို့ရေးတာ တွေ့ဖူး တယ်။ ပဲကောက်ထွက်တိုင်းအမြဲ အမှတ်ရမိနေ ကျပေါ့။

ပြန့်ပဲတွေ စိုက်ကြတုန်းက  ကောက် သင်းကောက်ဆိုတာရှိတယ်။ အပင်တွေကို ဓားလို့ခေါ်တဲ့ ထွန်ခြစ်နဲ့တို့ပြီး နောက်က နေမြေကြီး ကို ယက်ပြီး ကောက်ရတာ။ ပထမတစ်ကြိမ်နှစ်ကြိမ်တော့ ယာခင်းရှင် ကယူတယ်။ သူတို့ ကျေနပ်ပြီဆိုတော့ မစန်း ရွှေတို့ ကောက်ေ ပတော့၊ ဘာပဲပြောပြော တစ်ရာသီစာဆို ယာမလုပ်ပေမယ့် မြေပဲ လေးငါတောင်းတော့ ကိုယ်ပိုင်ရတယ်။ အခုကျတော့ ခြောက်လပဲကို မစိုက်ကြ တော့။ လွယ်လွယ်မြန်မြန်လုပ်လို့ ရတဲ့ပင် ထောင်ပဲကိုသာ စိုက်ကြတော့တယ်။ ပင် ထောင်မြေပဲဆိုတာကလည်း အပင်လိုက်   နုတ်ပြီး လက်နဲ့ဆွတ်ရတာဆိုတော့ လုပ် အားခတော့ရသေးတယ်။ စက်တွေပေါ်လာ တော့ ဘယ်လိုလုပ်ရတော့မှာလဲ။

နွေမှာဆိုလည်း စိုက်ဖို့ပျိုးဖို့  မျိုးမြေပဲ ကို လက်နဲ့ထုရတာရှိသေးတယ်။ စက်တွေ နဲ့ခွဲရင်ကြေတာများလို့ လူနဲ့ပဲထုကြရတယ်။ ဒါလည်း   မြေပဲခွဲစက်တစ်မျိုး ပေါ်နေပြီလို့ ကြားရတယ်။ မြေပဲခွဲစက်က ဘယ်လိုလဲဆို တော့ မျိုးမြေပဲတွေဘာတွေ ခွဲလိုက်ရင်သူ က လုံးဆံသပ် သပ်ကျတယ်။ အသန့်က တစ်ခါတည်းသန့်ပြီးသား။ အညံ့နဲ့ အခြမ်း က သပ်သပ်ခွဲသွားတယ်။ ခွဲလိုက်တာနဲ့ အလုံးအဆံသန့်ရယ်၊ အညံ့ရယ်၊ အခြမ်း ရယ် ဒီလိုတစ်ခါတည်း ခွဲသွားတာ။ ခေတ်က လည်း လုံးဆံသန့်ခေတ်ရောက်နေတာကိုး။ ဒီစက်တွေက ဘာဖြစ်လဲ ဆိုတော့ လုံးဆံ တစ်ခါတည်း ထုတ်ယူတာ။

တောင်သူတွေအတွက်ကလည်း ကုန် ကျစရိတ်ရော၊ အချိန်ရော သက်သာတယ်။ အချိန်တိုအတွင်းမှာ လုပ်ငန်းတွေပြီးတဲ့အ ပြင် ပစ္စည်းကောင်းပါရတော့ လူတွေစိတ် ဝင်စားလာကြတယ်။ ယာထဲ၊ လယ်ထဲကို ထွန်စက်နဲ့ယူသွား ထွန်စက်နဲ့ အလုပ်လုပ် ပေါ့။ နောက်တ စ်ခုက အင်ဂျင်ပါတစ်ခါ တည်း အပြီးအစီးပါပြီးသား။ သူကတော့ နွားလှည်းနဲ့ ဆွဲသွားပေါ့လေ။ မြေပဲတွေ နုတ်ပြီးသားကို ထည့်လိုက်ရင်   မြေပဲခြွေပြီး သားဖြစ်နေတယ်။

►မြေပဲခွဲစက်ဆိုတာ

မြေပဲခွဲစက်ဆိုတာကလည်း တစ်နာရီ ကို ပဲဆံပိဿာချိန် ၃ဝဝ ကနေ ၄ဝဝ လောက်ထွက်တယ်။ အဲဒါက စက်သေးပေါ့ နော်၊ စက်ကြီးရှိေ သးတယ်။ စက်ကြီးကျ ပိဿာချိန် ၆ဝဝ ကနေ ၇ဝဝ ထိ ထွက် တယ်လို့သိရတယ်။

စက်ရဲ့တန်ကြေးကလည်း ဘယ်လို တောင်သူမျိုးမဆို ဝယ်နိုင်တဲ့အနေအထား ရှိတယ်။ ထွန်စက်နဲ့ စက်က လေးဆယ့်နဲ့ ခုနစ်သိန်း၊ အင်ဂျင်တပ်ထားတာက သုံး ဆယ့်ခုနစ်သိန်းဈေး ပေါက်တယ်။ အင်ဂျင်နဲ့ဟာက မြေပဲအပြင်ကို ပဲမျိုးစုံရတယ်။ ကုလားပဲ၊ စားတော်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ အဲဒါတွေမှာလည်း အ သုံးပြုလို့ရပြန်တယ်။

နောက်ထပ် ရှိသေးတာက မြေပဲစိုက် စက်ပါပဲ။ စိုက်စက်က မြေပဲရော၊ မြေသြ ဇာရော ရောထည့်လိုက်လို့ရတယ်။ ထွန် စက်နဲ့ရှေ့က ဆွဲတဲ့အခါမှာ မြန်မြန်ကျချင် တယ်၊ တစ်တောင့်ချင်းကျချင်တယ်၊ ကိုယ် ဘယ်လိုနှုန်းနဲ့ စိုက်ချင်သလဲ ချိန်လို့ရ တယ်။

တစ်ဆံချင်းကျချင်တယ်ဆိုရင် တစ် ဆံချင်းပေါ့။ နှစ်ဆံသုံးဆံကျချင်တယ် မြန် မြန်ကျချင်တယ်ဆို မြန်မြန်ချလို့ရတယ်။ မြန်မြန်ကျချင်တယ်၊ အနှေးကျချင်တယ် သူ့မှာနှစ်ခု ပါတယ်။ စိုက်နှုန်းကတော့ ထွန် စက်ပေါ်မှာ မူတည်တာ၊ ထွန်စက်အား ကောင်းရင် ကောင်းသ လို မြန် တယ်လို့ ဆို ပါတယ်။

ဒီလိုအခြေအနေတွေက မစန်းရွှေတို့ လို လုပ်အားကို ရင်းနှီးစားသူတွေအတွက်  အလုပ်အကိုင်တွေက ပျောက်ကွယ် သ လောက်ရှိ လာတော့မယ်။ စက်ရုံအလုပ်ရုံ တွေကို သွားလုပ်ရအောင်ကလည်း ဘယ် မြို့ ဘယ်နေရာမှာနေပြီး၊ ဘယ်လိုအလုပ် ကို လုပ်ကိုင်စား ရမှာလဲ။ ငယ်စဉ်တောင် ကျေး ကလေးဘဝကတည်းက လယ်ယာ စိုက်ပျိုးရေးကိုသာ လုပ်တတ်လာခဲ့သူတွေ အဖို့ ဘယ်လိုလုပ်ငန်းရှင် က ခေါ်ခိုင်းမှာ လဲ။ ကလေးတွေကလည်း စာတောင်ကောင်း ကောင်း မသင်ကြရတာ။ ပညာတတ် လုပ် ငန်းတွေ ဘယ်လိုလုပ်နိုင်မှာလဲ။

ဘာပဲဖြစ်ဖြစ် ခုလောလောဆယ်တော့  ဘဝတစ်လျှောက်လုံး ”ဆို”စားနဲ့လုပ်ကိုင် စားသောက်လာတာ၊ လုပ်ကိုင်ရသေးသ ရွေ့ေ တာ့ ဖြစ်သလိုလုပ်ကြရပေဦးမယ်။ မစန်းရွှေတို့ရဲ့ ဆိုစား သံသရာကို ရပ်တန့် ပေးနိုင်မယ့် နည်းလမ်းက ကောင်းမလား ဆိုးမလားဆို တာထက် ဒီနေ့မိသားစုစား ဝတ်နေရေးက ဖြစ်သလိုရုန်းကန်ရဦးမယ်။ မြန်မာပြည်တစ်နံတစ်လျား မစန်းရွှေတို့လို မိသားစုတွေ ဘယ်လောက်တောင် ရှိနေ သလဲဆိုတာကိုတော့ သေချာစစ်တမ်း ကောက်ဖို့ လိုနေပါတယ်။

ဦးမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*