ယခုဘဏ္ဍာနှစ်အတွင်း မြင်းခြံရှိ ကျေးရွာ ၄ဝ ကျော် မီးလင်းရေး လုပ်ဆောင်မည်

ယခုဘဏ္ဍာနှစ်အတွင်း မြင်းခြံရှိ ကျေးရွာ ၄ဝ ကျော် မီးလင်းရေး လုပ်ဆောင်မည်
December 1, 2016 Asian Fame

8:15 am
ယခုဘဏ္ဍာနှစ်အတွင်း မြင်းခြံရှိ ကျေးရွာ ၄ဝ ကျော် မီးလင်းရေး လုပ်ဆောင်မည်

စောထွေး
မန္တလေး၊ နိုဝင်ဘာ ၂၉

ယခုနှစ်ဘဏ္ဍာနှစ်တွင် မြင်းခြံ ခရိုင်မှ ကျေးရွာ ၄ဝ ကျော် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြင်းခြံခရိုင် လျှပ်စစ်ရုံးမှသိရသည်။

”ကျေးရွာပေါင်း ၂၄၈ ရွာ မီး လင်းနေပါပြီ။ နောက်ထပ် ၄၂ ရွာ အတွက်ကတော့ အခု ဘဏ္ဍာနှစ် မှာ ထပ်မံ ဆောင်ရွက်ပေးသွားမှာပါ။ ကျွန်တော်တို့က နည်းပညာ အရပဲ ဆောင်ရွက်ပေးတာပါ” ဟု မြင်းခြံခရိုင် လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်း ခြံခရိုင်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးလင်းရေး ဆောင်ရွက် ပေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန် ချက်ဖြင့် ရပ်ကွက်/ကျေးရွာများတွင် လျှပ်စစ်မီးလင်းရေးကော်မတီများဖွဲ့စည်းကာ ထိုကော်မတီများက ဦးဆောင် လုပ်ကိုင်ကြရခြင်း ဖြစ်ကြောင်း သိရသည်။”ကျေးရွာအလိုက် မီးလင်းရေး အတွက် ကော်မတီတွေဖွဲ့ရတယ်၊ ကော်မတီဖွဲ့ပြီးရင် ကျွန်တော်တို့ ဆီကို တင်ပြရတယ်၊ ဓာတ်အားလိုင်းနဲ့ ၂ မိုင်အတွင်းရှိနေတယ် ဆိုရင် လျှပ်စစ်မီးရရှိနိုင်ဖို့အတွက် ဓာတ်တိုင်၊ ထရန်စဖော်မာကအစ အိမ်သုံးမီတာ အားလုံးအတွက် ကုန်ကျနိုင်မယ့် စရိတ်ကို ခန့်မှန်း တွက်ချက်ပေးတယ်။ ကျွန်တော် တို့က နည်းပညာပိုင်းပဲ ကူညီပေးတာပါ။ သူတို့ဘက်က အာလုံးပြည့်စုံတယ်ဆိုရင်တော့ တစ်လအတွင်း လျှပ်စစ်မီးရရှိအောင် လုပ်ပေးပါတယ်” ဟု ၎င်းကဆိုသည်။

လျှပ်စစ်မီးလင်းရေး ဆောင်ရွက် ပေးရာတွင် ကျေးရွာတချို့၌ ဒေသခံများနှင့် မီးလင်းရေးကော်မတီတို့ ပြဿနာတချို့ ပေါ်ပေါက်သဖြင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင် လျှပ်စစ်ဌာနတို့ ပူးပေါင်းဖြေရှင်းပေးရခြင်းလည်း ရှိဖူးကြောင်းသိရသည်။ ”တချို့ ကျေးရွာတွေမှာ ကော် မတီနဲ့ဒေသခံတွေ နားလည်မှု လွဲ မှားပြီး စာရင်းအရှုပ်အရှင်းတွေ ဖြစ်တတ်တယ်။ ကုန်ကျစရိတ် တွက်ချက်တာ မှားလို့မလိုလား အပ်တာတွေ ဖြစ်ကြတာပါ” ဟု ၎င်းကပြောသည်။မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်တွင် ကျေးရွာအုပ်စု ပေါင်း ၂၅၁ စု၊ ကျေးရွာပေါင်း ၇၇၇ ရွာ ရှိရာ လျှပ်စစ်မီးရရှိပြီး ကျေးရွာပေါင်း ၂၄၈ ရွာရှိနေပြီဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*