အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အား နိုင်ငံတကာအဆင့်မီအဖြစ် ၂ဝ၁၈ ခုနှစ်မှသာ ပြောင်းရွှေ့ ဖွင့်လှစ်မည်

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အား နိုင်ငံတကာအဆင့်မီအဖြစ် ၂ဝ၁၈ ခုနှစ်မှသာ ပြောင်းရွှေ့ ဖွင့်လှစ်မည်
December 1, 2016 Asian Fame

7:41 am
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အား နိုင်ငံတကာအဆင့်မီအဖြစ် ၂ဝ၁၈ ခုနှစ်မှသာ ပြောင်းရွှေ့ ဖွင့်လှစ်မည်

အိမ်စည်
ရန်ကုန်၊ နိုဝင်ဘာ ၂၅

အမျိုးသားစာကြည့်တိုက် (ရန်ကုန်)အား နိုင်ငံတကာ အဆင့်မီစာကြည့်တိုက်အဖြစ် ရန်ကုန်မြို့လယ်တွင်  အများပြည် သူသွားလာမှု ပိုမိုအဆင်ပြေပြီး ဝန်ဆောင်မှု ပိုမိုပေးနိုင်ရန်မှာ ၂ဝ၁၈ ခုနှစ်အတွင်းမှသာ စတင် ပြောင်းရွှေ့နိုင်မည်ဟု သမိုင်းသု တေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာန သိရသည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား နိုင်ငံဂုဏ်ဆောင် နိုင်ငံတကာအဆင့်မီစာကြည့်တိုက် အဖြစ် ရန်ကုန်မြိ့လယ်ရှိ အမှတ် (၆ဝ၈) ကုန်သည်လမ်း၊ ကျောက် တံတားမြို့နယ်နေရာသို့ ပြောင်း ရွှေ့ဖွင့်လှစ်ရန်ဆောင်ရွက်နေခြင်း ဖြစ်သည်။

လက်ရှိတွင်အဆောက်အအုံ ဆိုင်ရာ အလွှဲအပြောင်းများပြု လုပ်ပြီးဖြစ်သော်လည်း စာကြည့် တိုက် အဖြစ် အသုံးပြုရန်အတွက်   ပြုပြင်ခြင်းလုပ်ငန်းများ လုပ် ဆောင်ရန် ဘတ်ဂျက်တောင်းခံ ထားသည့်အဆင့်တွင်သာရှိပြီး လာမည့် နှစ်နှစ်အတွင်းမှသာ  အနည်းငယ် စတင်ပြောင်းရွှေ့နိုင် မည်ဟု သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန မှ ဦးမြင့်စိုးအောင်(ညွှန်ကြားရေး မှူး-စီမံ)ကပြော သည်။

”ပြောင်းဖို့အတွက်ကပြောင်း တဲ့ ရွှေ့တဲ့သဘာဝအရ ကုန်သည် လမ်းမှာရှိတဲ့အဆောက်အအုံကို ပြင်မှာကိုက နှစ်နှစ်လောက်ကြာ ဦးမှာ။ ဒီနှစ် ဘာမှမလုပ်နိုင်သေး ဘူး။ ၂ဝ၁၇ -၂ဝ၁၈ ဘတ်ဂျက်၊ နောက်တစ်ခါ ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက် အဲဒီနှစ်ဘတ်ဂျက် လောက် လုပ်လို့ပြီးမှ ကျွန်တော် တို့က ပြောင်းရွှေ့နိုင်တဲ့ အနေ အထားကိုရောက်မှာ။ လုပ်မှာ တော့ ကျွန်တော်ထင်တယ်။

ဒီနှစ်နှစ်လောက်အတွင်းထဲမှာ   တော့ အပိုင်းလိုက်အပိုင်းလိုက် ရွှေ့ဖို့ကလည်း မလွယ်ဘူးလေ။ ရွှေ့ရင်လည်း အချိန်ယူရမှာပါ။   ၂ဝ၁၈
ခုနှစ်လောက်မှာမှ နည်း နည်းလောက်ရွှေ့နိုင်မှာထင်ပါ တယ်” ဟု ၄င်းကပြောသည်။

အဆောက်အအုံ လွှဲပြောင်း၊ လက်ခံခြင်းကို ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန၊ သမိုင်းသုတေ သနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါသည်။

အဆောက်အအုံ ကြံ့ခိုင်မှု စစ်ဆေးပြီး မူလလက်ရာမပျက် ပြင်ဆင်ရေးနှင့်Layout Plan  ရေးဆွဲ၍ ခင်းကျင်းနိုင်ရေး အသေးစိတ်ဆန်း စစ်ချက်များ ပြုလုပ်ပြီး အဆောက်အအုံကို မူလအတိုင်း ထားရှိပြုပြင်မည့် အပိုင်းနှင့် စာအုပ်စာတမ်းများ၏ အလေးချိန်ခံနိုင်မည့် အနေ အထားထိ ပြုပြင်မည့်အပိုင်းများ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရ သည်။

   ထိုသို့ Layout Plan  ရေးဆွဲ ရာတွင်လည်း ခေတ်မီနည်းပညာ များဖြင့် စာဖတ်သူများ သတင်း အချက်အလက် အထောက် အထား ရှာဖွေနိုင်ခြင်းသာမက ကလေးစာကြည့်တိုက် လုပ်ငန်း များ၊ အခြား ကျွမ်းကျင်သင်တန်း များ၊ စာကြည့်တိုက် ဖွံ့ဖြိုးရေး ဆိုင်ရာလှုပ် ရှားမှုလုပ်ငန်းများ၊ စာအုပ်ဆိုင်များ၊ သုတေသနပြု ရန်နေရာများ၊ စာပေလေ့လာ ဆွေးနွေးမည့်နေရာများ၊ အစည်း အဝေးခန်းမများ၊ သင်တန်း ခန်းမများ၊ မြန်မာနိုင်ငံစာကြည့် တိုက်အသင်း ရုံးခန်းနှင့် မြန်မာ သမိုင်းအဖွဲ့ရုံးခန်းများပါ ပါဝင် နိုင်ရေး ထည့်သွင်း၍ Master Plan  ရေးဆွဲဆောင်ရွက်လျက် ရှိ သည်။

စာကြည့်တိုက် ပြင်ဆင်ရေး လုပ်ငန်းအတွက် လိုအပ်သည့် ဘဏ္ဍာငွေများကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘဏ္ဍာ ငွေမှ ပထမအရစ် ၃ ဘီလျံ ထည့်သွင်းတောင်းခံထားပြီး၊ ပြင်သစ်နှင့် အီတလီအပါအဝင်  မိတ်ဆွေနိုင်ငံများမှလည်း ရန်ပုံ ငွေထည့်ဝင်ကူညီ မည်ဖြစ်သည်။         ရန်ပုံငွေလိုအပ်ပါက သမ္မတ အထူးရန်ပုံငွေမှ ခွင့်ပြုပေးသွား မည်ဖြစ်ပြီး အမျိုးသားစာကြည့် တိုက် (ရန်ကုန်) ရွှေ့ ပြောင်းဖွင့် လှစ်ရေး လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်းသုတေ သန နှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ခံအဖြစ် ဆောင်ရွက်ပြီး၊ မြန်မာနိုင်ငံစာ ကြည့်တိုက်အသင်း၊ ရန်ကုန်မြို့ပြ အမွေ အနှစ် ထိန်းသိမ်းရေးအဖွဲ့၊ မြန်မာနိုင်ငံ ဗိသုကာအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း တို့နှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဟု သာသာနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*