စဥ့်ကူးရှိ ရွာတော်လေးကျေးရွာမှနေအိမ်များ ဖျက်သိမ်းခိုင်း၍ တောင်သူများအခက်တွေ့

စဥ့်ကူးရှိ ရွာတော်လေးကျေးရွာမှနေအိမ်များ ဖျက်သိမ်းခိုင်း၍ တောင်သူများအခက်တွေ့
December 1, 2016 Asian Fame

8:24 am
စဥ့်ကူးရှိ ရွာတော်လေးကျေးရွာမှနေအိမ်များ ဖျက်သိမ်းခိုင်း၍ တောင်သူများအခက်တွေ့

mdy-1

စောထွေး
မန္တလေး၊ နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ စဥ့် ကူးမြို့နယ် ရွာတော်လေးကျေးရွာရှိ အိမ်များကို အာဏာပိုင်အဖွဲ့အစည်းက ဖျက်သိမ်းပေးရန် ညွှန်ကြားလာရာ ဒေသခံတောင်သူများ အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

စဥ့်ကူးမြို့နယ် ငွေတောင်ကျေး ရွာအုပ်စု ရွာတော်လေးကျေးရွာ မိုင်တိုင် ၄၅ နှင့် ၄၆ ကြား မြေယာပေါ်ရှိ အိမ်ခြေ ၅၆ လုံးကို ဖျက်သိမ်းပေးရန် ညွှန်ကြားလာခြင်းဖြစ် ကြောင်း နိုဝင်ဘာ ၂၇ရက် မွန်းလွဲပိုင်းက စဥ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့၊မြို့နယ် NLD အဖွဲ့၊ လက်ပန်လှစခန်းမှူးနှင့်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပါဝင်သောအဖွဲ့တို့က ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ သတ်မှတ်ရက်အတွင်းအပြီး ဖျက်သိမ်းရန်နှင့် ဥပဒေအတိုင်း ဆက် လက်ဆောင်ရွက်သွားရန်သာရှိသည်ဟုပြောခဲ့ကြောင်းတောင် သူများကဆိုသည်။

ပြဿနာ ဖြစ်ပွားလျက်ရှိသည့် အဆိုပါမြေယာသည် ယခင်ကတပ်မတော်မှသိမ်းယူထားပြီး ကုမ္ပဏီတစ်ခုကို သီးစားပေးထားသည့် မြေယာဟုသိရပြီး တောင်သူများ က သက်ဆိုင်ရာဌာန အသီးသီးသို့ တင်ပြတောင်းဆိုသော်လည်း မရသဖြင့် ယခုလို အိမ်ခြေတည်ဆောက်နေထိုင်ခြင်း ဖြစ်ကြောင်း တောင်သူများက ပြောသည်။

”ဒီနေရာကို မူလတောင်သူ တွေက မြေပြန်ရရှိရေးအတွက် သက်ဆိုင်ရာကို တောင်းခံခဲ့ပါတယ်။ ပြန်မပေးတော့ တောင်သူ တွေမှာ နေစရာမရှိဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလကတော့ တောင်သူ ၅၆ အိမ်ထောင်စုက အိမ်ဆောက် နေလိုက်တယ်။ ဒါကို သူတို့က အပြီးဖျက်ပေးရမယ်လို့ ဒီနေ့လာ ပြောတာပါ” ဟု ဒေသခံတောင်သူ ဒေါ်ခင်ညွန့်ရီက ပြောသည်။ အဆိုပါမြေများကို သိမ်းစဉ်က နစ်နာကြေး မရရှိခဲ့ကြောင်း၊ လုပ်စားစရာမရှိ၍ ယခင်အစိုးရကို သာမက လက်ရှိအစိုးရကိုပါ အသ နားခံစာတင်၍ မြေပြန်တောင်းခဲ့ကြောင်း၊ မြေပြန်မပေး၍ နေစရာမရှိသဖြင့် အိမ်ဆောက်နေသည်ကို လာဖျက်ခိုင်းရာ တောင်သူများ အ ခက်တွေ့နေကြောင်း တောင်သူအရေး ဆောင်ရွက်ပေးနေသူ ကိုစောမြင့်လွင်က ပြောသည်။

”အတင်း လာဖျက်တာမျိုးလုပ်လာရင် တောင်သူတွေဘက်ကတော့ ဒီအတိုင်းကြည့်နေရုံပါပဲ။ ပြီးရင်တော့ ပြန်တရားစွဲရမှာပေါ့။ ဆိုးဆိုးရွားရွား လက်တုံ့ပြန်ဖို့တော့ မရှိပါဘူး” ဟု ၎င်းကပြောသည်။ ဒေသတွင်း မြေယာပြဿနာ နှင့်ပတ်သက်၍ ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်က မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးဟောင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာန ၃ ခုမှဝန်ကြီး ၃ ဦး ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရာတွင် မြေယာပြန်တောင်း သူများအနေနှင့် ဥပဒေဘောင်အတွင်းမှသာ တောင်းဆိုသွားကြ ရန် စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဒေါက်တာ စိုးသန့်က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*